life is a book

in esteem •  7 years ago 

လူ ဆိုတာမျိုးက မတူတာကို အတူထင်ပြီး အသိနဲ စွာ တန်းညှိ တတ်ကြပါတယ်..
မဖြစ်စလောက် လေး အလိုဆန္ဒ လေး ပြည့်ဝသွားရင် ငါဘာလဲ သူဘာလဲ ဆိုတာ မမြင်တတ်တော့ဘူး ..
ကိုယ့်IQ နဲ့ ကိုယ့် EQ ကိုဘဲ သုးံသပ် နေဖို့ လိုတယ်..
သူတစ်ပါး ကို စိတ်ဝင်စား ပြီး လိုက်မယှဉ် သင့်ဘူး ...
အဓိက ကိုယ့်ခြံ ကိုယ် လုံဖို့ ကိုယ်ခြေ ကိုယ်မြဲ ဖို့ ကိုယ့် အနာဂါတ် တောက်ပဖို့ ..ကိုယ့် ဘဝစာမျက်နှာ လှပဖို့ သာ ဂရုစိုက်သင့်တယ်...
သူမ​ကောင်း​ပြောလို့ ကိုယ်​လည်းသူ့ မ​ကောင်း​ကြောင်း လိုက်​​ပြောရတာပါဆိုရင်​ ကိုယ်​လည်း သူ့ လို အတင်းသမား ဖြစ်​သွားမယ်​ စိတ်ဓါတ် ညံ့ ဖျင်း သူ ဖြစ်မယ်..
သူ့ စကားကို ကိုယ့်​စကားမဖြစ်​​အောင်​ ​ရှောင်​ကြဉ်​​နေကြပါ..

ခြေမ မကောင်း ခြေမဖျက်လိုက်ပါ ခြေမတစ်ချောင်း..
မကောင်းလို့ လူခန္နာကိုယ်တစ်ခုလုံးက
မကောင်းဖြစ်မသွားပါဘူး.....

နေရာတိုင်းမှာ ကောင်းသူရှိ့သကဲ့သို
မကောင်းသူဟူ၍လည်း ရှိ့ကောင်း ရှိ့နိုင်ပေသည်...

ကိုယ့်​အ​ကြောင်း မဟုတ်​အဟုတ်​ ချဲ့ ကား​ပြောတာကြားရင်​ မကြား​ယောင်​ပြု ပြီး​နေလိုက်​..ပါ
သူ့ ​ကြောင့်​ကိုယ့်​​ကြောင့်​နဲ့ အငြင်းပွားရန်​ဖြစ်​ရတာ ရှက်​စရာ​ကောင်းပါတယ်​..
မပြည့်တဲ့ အိုး ဘောင်ဘင်ခတ် တတ်တယ် ဆိုတဲ့ စကား အလကား ပြဌါန်း ထားတာ လက်ခံ ထားတာ မဟုတ်ဘူး ဒီလို လူမျိုးတွေနဲ့ ကြုံဆုံ တွေ့ရတိုင်း ထုတ်သုးံ ပြု ဖို့ ထားခြင်းဖြစ်ပါတယ်..(ရေတွင်းထဲက ဖားတေ အတွက် ပါ)
သူက ပညာပြလို့ ကိုယ်​လည်း ကိုယ်​ဇ ကိုပြရတာပါဆိုရင်​ ကိုယ်​လည်း သူ့ လို ​လှောင်​ရယ်​စရာ ခံရလိမ့်​မယ်
အတတ်​နိုင်​ဆုံး ကိုယ့်​​ဒေါသကို ကိုယ်​ထိန်းချုပ်​ပါ..

ဘယ်သူ့ ​ကြောင့်​ ကိုယ့်​မှာ မပူ​လောင်​ပါ​စေနဲ့...
သူ​ပေးတဲ့ အမှိုက်​ထုပ်​ကို ကိုယ်​စိတ်​ထဲ အ​လေးခံသိမ်းဆည်းမ​နေပါနဲ့...
ကိုယ့်​စိတ်​ကို ပူ​လောင်​​စေတာလည်း ကိုယ်​ပါ
အေးချမ်း​စေတာကလည်း ကိုယ်​သာမို့
ကိုယ့်​ကိုယ်​ကို ဆင်​ခြင်​​နေထိုင်​တတ်​ပါမှ စိတ်​​အေးချမ်းမှုရပါလိမ့်​မည်​...
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!