Taung Pyone Fastivel ( Mandalay )

in esteem •  7 years ago 

ဘယ်လိုပဲသေသေ၊ဘယ်သူပဲသတ်သတ် နတ်ကတော့နတ်

image

(1)

ကျွန်တော် မန္တလေးကနေ မြောက်ဘက်တစ်လွှား မြို့ရွာများ ရှိရာဆီသို့ စာပေဟောပြောပွဲကို အခြေခံကာ တစ်ခါတစ်ခါ ခရီး သွားဖြစ်ပါသည်။ ကားက မန္တလေး တောင်ကိုဝိုက်ပြီး အုတ်ကျစ် ကျော်အေး မန္တလေး၊ ရတနာပုံမန္တလေး၊ စည်မျက်နှာကဲ့သို့ ညီညာပါပေသည် ဆိုသော မန္တလေး၏ မြောက် ဘက်ကို ထွက်လိုက်တော့ ဒဏ္ဍာရီတွေ ဒဏ္ဍာရီတွေက လူကို စောင့်ကြို နေလိုက်ကြတာ။

မန္တလေး မတ္တရာကားလမ်း အတိုင်း မြောက်ယွန်းယွန်းသို့ ထွက်လာကြသောအခါ ငါးမိုင် ကျော်ကျော် ခြောက်မိုင်မရှိတရှိ လောက်ရောက်သည်နှင့် တောင် တော်သခင်မနတ်(သို့မဟုတ်)မရွှေဥနတ်စံမြန်းရာ မရွှေဥတောင်ကို လှမ်း၍မြင်ရပါပြီ။ ထို့နောက်သုံး၊လေးမိုင်မရှိတရှိ ဆက်မောင်းလိုက်ပြန်တော့ ကားလမ်းဝဲဘက် မှာ တောင်ပြုန်းရွာသို့ဆိုတဲ့ တောင်ပြုန်းမင်းညီနောင်ဆီသို့ သွားရာ လမ်းခွဲကလေး။

image

ရှေ့ဆက်တက် တော့ မတ္တရာ။ ရှေ့ဆက်တက် တော့ စဥ့်ကူး။ ရှေ့ဆက်တက် တော့ သပိတ်ကျင်းမိုးကုတ်လမ်း ခွဲ။ ရှေ့ဆက်တက်တော့ ပန်းပဲ မောင်တင့်တယ်ရဲ့ တကောင်း။ ပြီးတော့ မြစ်တစ်ဖက်ကမ်းအ နောက်ဘက်သို့ လှမ်းမျှော်ကြည့် လိုက်သောအခါ ထီးချိုင့်တဲ့။ ကသာတဲ့။ သည့်နောက်မှာဖြင့် ကချင်ပြည်နယ်က မှိုင်းမို့ ဆိုင်းညို့ စွာ စောင့်ကြိုနေလျက်။

အော်..မန္တလေး မတ္တရာ ကားလမ်းဝဲယာမှာကလည်း ပုဂံ ဘုရင်တို့နှင့် ပတ်သက်ဆက်စပ် ရာဒဏ္ဍာရီ အတိုအထွာ အစအန တွေက ပြန့်ကျဲလို့ပါကလား။

image

(2)

မြန်မာပြည်က နတ်ပွဲတွေ ထဲမှာ တောင်ပြုန်းပွဲကဖြင့် တော်တော့ကို စည်ကားပြီး တော်တော် လည်း နာမည်ကြီး ပါသည်။ ပန်းဆက်သမား ကိုဗျတ္တနှင့် ပုပ္ပါးသူ ပန်းစားဘီလူးမ မယ်ဝဏ္ဏတို့၏ သားနှစ်ယောက်ဖြစ်သော မင်းကြီးမင်းလေး အဖြစ် နာမည်ကြီး သော ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေးတို့ကို ပူဇော်ပသကြသည့် ပွဲပဲဖြစ်ပါသည်။

တောင်ပြုန်းမင်းညီနောင် နှစ်ပါးနတ်ဖြစ်သွားကြပုံ ဒဏ္ဍာရီ ဇာတ်လမ်းက ကျွန်တော်တို့ လူမျိုးနှင့် အထိအတွေ့ များပါသည်။ ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင် အဖြစ် နားထောင်ခဲ့ကြရသည်။နောက်တော့ အသဲချဲ့စက်ထဲက နေ နားဆင်ခဲ့ကြရသည်။ နောက် ဇာတ်သဘင်စင်မြင့်ပေါ်က တင် ဆက်ကပြမှုများကို ငေးမောကြည့် ရှုခဲ့ကြရသည်။ ထို့ပြင် ၀တ္ထုကဗျာ နတ်ကိုးကွယ်ယုံကြည်မှုဆိုင်ရာ စာမျက်နှာများ။ တစ်ခုနှင့်တစ်ခု မတူကြ။ သိုးကာသီကာ အကွဲကွဲ အပြားပြား အခြားခြား အနားနား။

ဗျတ္တဆီကနေ နည်းနည်း ကလေး ပြန်စကြည့်ကြပါစို့။ အ နော်ရထာ၏ ပုဂံတပ်မတော်ကြီး သထုံသို့ ၀င်ရောက် တိုက်ခိုက်စဉ် ဗျတ္တကျဆုံးသည်ဟု ဆိုသည်။ တချို့က အနော်ရထာမင်းထံ ပန်း အဆက်နောက်ကျ၍ ကွပ်မျက်ခံ ရသည်ဟု ဆိုသည်။

ပုပ္ပါးသူ မယ်ဝဏ္ဏကလည်း ခင်ပွန်းသည် ဗျတ္တသေဆုံးသည့် သတင်းကြား၍ ရင်ကွဲနာကျ၍ သေရသည်ဟု ဆိုသူက ဆိုသလို သားနှစ်ယောက် အသတ်ခံရပြီးကာမှ လင်သေ သားဆုံး ဖြစ်ကာ ရင်ကွဲနာကျရကြောင်း ဆိုသူက ဆိုပြန်ပါသည်။ ဘာပဲ ဖြစ်ဖြစ်သူက ပုပ္ပါး မယ်တော်နတ်။

ပန်းတော်ဆက် ဗျတ္တတို့ မယ်ဝဏ္ဏတို့၏ သားနှစ်ယောက် ဖြစ်သော ရွှေဖျဉ်းကြီး ရွှေဖျဉ်း လေးတို့ကမူ ပုဂံနန်းတွင်းသို့ ရောက်ကာ အနော်ရထာမင်းထံ ၌ အမှုထမ်းပါသည်။ အနော်ရ ထာမင်း တရုတ်ပြည် ဥတည် ဘွားဘုရင်ဆီမှအပြန် ဧရာဝတီ ကိုစုန်လျက် ပြန်ဆင်းလာရာ ကျောက်စည်အရပ် ၀ါးရင်းတုတ် ကျေးရွာအနီးတွင် ယုံကြည်တော် မမူ၍ ရွှေဖျဉ်းညီနောင်ကို ကွပ် မျက်ကြောင်း ဦးကုလားတို့ မှန် နန်းတို့ တွင်းသင်းတို့ ရာဇ၀င်အ စောင်စောင်က ဆိုပါသည်။ သို့သော် အနော်ရထာမင်းက တောင်ပြုန်းရွာ၌ ဂူဘုရား တစ်ဆူတည်ခိုင်းရာ မူးရူးသောင်းကျန်းပျော်ပါးနေ ကြသော ရွှေဖျဉ်းညီနောင်က အုတ်ခဲစီရန် တာဝန်လစ်ဟင်း သဖြင့် အုတ်နှစ်ချပ် လပ်လေရာ ကျန်စစ်သားကို ဆုံးမခိုင်းသဖြင့် ကျန်စစ်သားက လည်မျိုကိုတုတ် တိုဖြင့် ရိုက်သတ်၍ ညီနောင် နှစ် ယောက် သေကြေရကြောင်း ရေးကြသားကြ ကပြတင်ဆက်ကြသည် များကလည်း မျက်ရည်လွယ်သော ပရိသတ်အတွက် လွမ်းမောဖွယ် ဖြစ်ပါသည်။

image

တစ်နိုင်ငံလုံးက နတ်ကိုး ကွယ်သူတွေ၊ နတ်ကတော်တွေ၊ သူတောင်းစားတွေ၊ ဈေးသည် တွေ၊ ခါးပိုက်နှိုက်တွေ၊ အမူး သမားတွေ၊ ကလေးတွေ၊ မိန်းမ တွေ ကားနဲ့ ရထားနဲ့ အရောက် လာကြသော ပွဲလည်းဖြစ်ပါ သည်။ ယုံကြည်သူတွေ များပြား လွန်းလို့ မန္တလေး၊ မတ္တရာ အထူး ရထားကိုပင် ပြေးဆွဲခုတ်မောင်း ပေးရသည် မဟုတ်ပါလား။ ၀ါ ခေါင်လ ဇွန်ပန်းပွင့်များနဲ့ အပြိုင် ကန်တော့ပွဲ ရောင်းသည့်ဆိုင်၊ ဗောင်းတော်ခေါ် ပ၀ါရောင်း သည့်ဆိုင်၊ ကနားတဲတွေ၊ ကရေ ကရာမုန့်၊   စလူမုန့်၊  အနူဆုပ်မုန့် ဆိုင်တွေကြားထဲမှာ လူတွေ လူ တွေ။ ကန်တော့ခံဖို့၊ ကန်တော့ဖို့၊ နတ်မေးဖို့၊ ပသဖို့။   


မည်သို့ပင်သေသေ ရွှေ ဖျဉ်း ညီနောင်တို့ အစိမ်းသေသေကာ မကျွတ်မလွတ်နှင့် နတ်ဖြစ်ကြ သဖြင့် အနော်ရထာမင်း ဖောင် တော်ဖြင့်ဆက်လက်စုန်ဆင်းစဉ် တက်မကို ကိုင်ကာတားထားပြီး အပိုင်စားတောင်းရာ တောင်ပြုန်း ရွာ ဆုတောင်းပြည့်ဘုရား၌ နတ် ကွန်းဆောက်၍နေစေ၊ ကျော် စည်ရွာ တစ်တန်းက လူတို့ပူဇော် ရာဖြစ်စေ စသည် စသည်ဖြင့် အ မိန့်ချမှတ်ရုံမက အရှေ့ဘက်ကို ကျောက်ဆီမီးလက် နွားလား တောင်ရိုးမအထိ၊ အနောက်ဘက် ကို ဧရာဝတီအထိ၊ တောင်ဘက်ကို ရွှေကြက်ယက်ဘုရားအထိ အပိုင်စား ပေးကြောင်းလည်း နတ်သမိုင်း အမျိုးမျိုးတို့က ရေးသား လေ့ရှိပါသည်။

image

ဤတွင် မရွှေဥ သေပုံ မူကွဲ တစ်ခုကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါ၏။ သူက မန္တလေး မတ္တရာ ကားလမ်းဘေး အင်ကျင်ရွာက သူကြီးဦးရွှေသီး ဒေါ်အိုဇာ၏ သမီး။ တောင်ပြုန်းရွာသားကိုရင် မောင်နှင့် အကြောင်းပါ။ ကိုရင်မောင် မဲဇာသို့ သစ်ဖောင်ချရန် အသွား အစိမ်းသေ ရွှေဖျဉ်းလေးက နတ်ဘ၀နှင့် ရောက်လာကာ မေတ္တာကို အဓမ္မတောင်းဆိုရာ လက်မခံ၍ ရွှေဖျဉ်းလေးက စီးတော်ကျားနှင့် တိုက်သတ်ရာ သေသော် နတ်ဖြစ်သည်ဟု ယုံကြပြန်ပါ၏။

မည်သို့ပင် သေသည်ဖြစ် စေ မရွှေဥဘက်က စဉ်းစားကြည့် တော့ တောင်ပြုန်းမင်းညီနောင် က စိတ်နာစရာဖြစ်ပါသည်။ သို့ ကြောင့် တောင်ပြုန်းပွဲကျင်းပ သည့် ရက်များတွင် မရွှေဥတောင် မရွှေဥနတ်ကွန်းထဲက မရွှေဥနတ် ရုပ်ကို တောင်ပြုန်းပွဲကျင်းပရာ ရွာ ကိုကျောခိုင်းသည့်အနေအထား မျိုးဖြင့် ထားပေးကြရသည်ဟု ဆို ပါသည်။

''အော် ...တောင်တော် သခင်မ စိတ်ချမ်းသာအောင်..  ယုံကြည်သူတွေက လုပ်ပေးကြရ တာပေါ့။ အဲဒါနဲ့ ပြောရဦးမယ်.. မရွှေဥက သရဖီပန်း သိပ်ကြိုက်တာတဲ့ ..ဒါမို့လို့ တပေါင်း တန်ခူး သရဖီတွေ ပွင့်ပြီဆိုမှဖြင့် ..ကျုပ်တို့အရပ်မှာ ပန်းကောက် ပွဲဆိုပြီး လုပ်ကြသပတော်ရယ်''

   ဒေသခံ ရွာသူကြီးက မန္တလေး မတ္တရာ ကားလမ်းပေါ် မှာ ကျွန်တော့်ကို သည်လိုပြောဖူး ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းတို့လို တကယ့်သမိုင်း ဆရာကြီးတို့ ဘယ်လိုမှ လက်မခံ နိုင်သော အကြောင်းခြင်းရာတွေ မို့ ဒဏ္ဍာရီဟု ဆိုရသော်လည်း သည်ဒဏ္ဍာရီက ကြေကွဲလွမ်းဆွတ် စရာ ဒဏ္ဍာရီဖြစ်၍ နေပါသည်။

    အော် မန္တလေး မတ္တရာ ကားလမ်းဝဲယာက မရွှေဥတောင် နှင့် ဟိုးတောင်ပြုန်းရွာကလေးက မြူတွေထဲမှာ ဆိုင်းမှိုင်းလို့။ တစ် ခါတစ်ခါ လေနီကြမ်းကြီးတွေ ဆင်လာပြီဟုဆိုလျှင် လေကပင် နီရဲနေသယောင် ထင်ရတတ် သည်။ အော်...တောင်ပြုန်း။

image

(3)

တောင်ပြုန်းပွဲက ၀ါခေါင် လဆန်း ၈ ရက်ကနေ ၀ါခေါင် လပြည့်အထိ ကျင်းပသော နတ်ပွဲ ပင်ဖြစ်ပါသည်။ ပထမနေ့ကန် တော့ခံ၊ ဒုတိယနေ့ ကန်တော့ခံ၊  တတိယနေ့ ညညီလာခံ၊ စတုတ္ထ နေ့ ချိုးရေတော်သုံး၊ ပဉ္စမနေ့ နန်း တက်ပွဲ၊ ဆဋ္ဌမနေ့ ယုန်ထိုး၊ သတ္တမနေ့ ထိန်ခုတ်၊ အဋ္ဌမနေ့ ရွှေဘုံဆင်း ဟူ၍ ကျင်းပသော ပွဲ လည်း ဖြစ်ပါသည်။

တစ်နိုင်ငံလုံးက နတ်ကိုး ကွယ်သူတွေ၊ နတ်ကတော်တွေ၊ သူတောင်းစားတွေ၊ ဈေးသည် တွေ၊ ခါးပိုက်နှိုက်တွေ၊ အမူး သမားတွေ၊ ကလေးတွေ၊ မိန်းမ တွေ ကားနဲ့ ရထားနဲ့ အရောက် လာကြသော ပွဲလည်းဖြစ်ပါ သည်။ ယုံကြည်သူတွေ များပြား လွန်းလို့ မန္တလေး၊ မတ္တရာ အထူး ရထားကိုပင် ပြေးဆွဲခုတ်မောင်း ပေးရသည် မဟုတ်ပါလား။ ၀ါ ခေါင်လ ဇွန်ပန်းပွင့်များနဲ့ အပြိုင် ကန်တော့ပွဲ ရောင်းသည့်ဆိုင်၊ ဗောင်းတော်ခေါ် ပ၀ါရောင်း သည့်ဆိုင်၊ ကနားတဲတွေ၊ ကရေ ကရာမုန့်၊   စလူမုန့်၊  အနူဆုပ်မုန့် ဆိုင်တွေကြားထဲမှာ လူတွေ လူ တွေ။ ကန်တော့ခံဖို့၊ ကန်တော့ဖို့၊ နတ်မေးဖို့၊ ပသဖို့။

ခေတ်သစ် တောင်ပြုန်းပွဲ၏ အကြောင်းကို ဘ၀သရုပ်ဖော် စာ ရေးဆရာမ မနုနုရည်(အင်းဝ)က ၀တ္ထုရှည်တစ်ပုဒ် ရေးသားခဲ့ဖူးပါ သည်။ ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန် တော့ခံတော်မူပါ ဆိုသော ၀တ္ထု။ Smile As they Bow ဟူသော အမည်ဖြင့် Alfred Barnburm က ဘာသာပြန်ဆိုထားသော စာ အုပ်ကလေးကို ကျွန်တော်တွေ့ဖူးပါသည်။ တောင်ပြုန်းကို လျှပ်တစ်ပြက် ရေးခြစ်ထားသော ရေး ချက်များဟု ခံစားရပါ၏။

မိန်းမလျာတို့ အဓိကကြီးစိုး မောင်းနှင်ကာ တောင်ပြုန်း ယန္တရားလည်ပတ်နေပုံများကို ရိပ်စားမိနိုင်သော ၀တ္ထုဟု ဆိုနိုင်ပါ ၏။ ဟိုးတုန်းကတော့ နတ်က တော်ဆိုတာ မိန်းမသားတွေ။ အခုမူ မဟုတ်ပါလေတော့။

''ဟိုးတုန်းက တော်ရုံ သည်းခံ စိတ်နဲ့ တောင်ပြုန်းကို သွားလို့မရဘူး... ဖရုဿဝါစာကို လွတ်လွတ်လပ်လပ် ပြောလို့ရတဲ့ ပွဲပေါ့၊ မိန်းကလေးတွေများဆို သားပြော မယားပြော ကြိုက်ရာ ပြောလို့ရ တယ်။ ကလေးအရုပ်ကို လိုက်ပေး ပြီး ကိုယ့်မိန်းမလို ပြောရင်လည်း ခံနိုင်ရတယ် ...ညစ်ညစ်ပတ် ပတ်တွေ အယုတ္တ အနတ္တတွေ ဆဲ ကြဆိုကြနဲ့ ဒါ သူု့သဘာဝပေါ့''

တောင်ပြုန်းအတွေ့အကြုံ ရှည်လျားသူ တစ်ယောက်က ကျွန်တော့်ကို ဖောက်သည်ချရင်း ယခုတော့သည်လို မဟုတ်တော့ ကြောင်း သူ့စကားကို ဆက်ပါ သည်။ ဟိုတုန်းက တောင်ပြုန်း ပွဲ ခပ်ကြမ်းကြမ်းရှိပုံကို ဆရာမြို့မငြိမ်းက ပျို့တောင်ပြုန်း သီချင်း ဖြင့် မှတ်တမ်းတင်ခဲ့ဖူးပါသည်။
အစ အနောက်သန်တာကို ခွင့်လွှတ်ဖို့ ဆိုထားသော သီချင်း ပဲဖြစ်ပါ၏။

ပထမနေ့ ကန်တော့ခံ၊ ဒုတိယနေ့ ကန်တော့ခံ၊ တတိယ နေ့ ညညီလာခံ၊ စတုတ္တနေ့ ချိုး ရေတော်သုံးမှာ မင်းညီနောင် နှစ်ပါး တောင်ပြုန်းချောင်းထဲ ရေချိုး ဆင်း၊ ပဉ္စမနေ့ နန်းတက်၊ ဆဋ္ဌမ နေ့ ယုန်ထိုး၊ သတ္တမနေ့ ထိန်ခုတ်၊ အဋ္ဌမနေ့ ရွှေဘုံဆင်း။

''မင်းညီနောင်က နတ်ဘ၀ မှာ လူယောင်ဖန်ဆင်းပြီး ထန်း ရည်နဲ့ ယုန်သားနဲ့ လာလာပြီး သုံးဆောင်တတ်တာလေ၊ အဲဒါ ကြောင့် ယုန်ထိုးနေ့မှာ ယုန်သား ဆက်ရတာ''

အနော်ရထာမင်းစောက တောင်ပြုန်းနားက ထိန်ပင်ကို ဓား ဖြင့် ခုတ်မိသဖြင့် ထိန်ပင်စောင့် နတ်က မကျေနပ်ရာက ကျွဲနှင့် တိုက်၍ အနော်ရထာ နတ်ရွာစံရ လေသတဲ့။ ထို့ကြောင့် အနော် ရထာနှင့် မင်းကြီး မင်းလေးတို့က နတ်ဘ၀တွင် ထိန်ပင်တွေကို ဓား ဖြင့် ခုတ်တတ်လေသတဲ့။ ဒါ့ ကြောင့် ထိန်ပင်များကို မြေတွင် စိုက်ကာ နတ်ဝင်သည်များက ထိန်ခုတ်ပွဲကို တစ်ရက်ကျင်းပရ ခြင်းပါတဲ့။

အော်..တောင်တော် သခင်မ မရွှေဥ ကျောခိုင်းထားရ တဲ့ တောင်ပြုန်းပွဲ။
အနော်ရထာကပဲ သတ် သတ်၊ ကျန်စစ်သားကပဲ သတ် သတ်၊ ဗျတ္တနှင့်မယ်ဝဏ္ဏတို့၏ သား နှစ်ယောက်ကဖြင့် တောင် ပြုန်းမင်းညီနောင်ခေါ် မင်းကြီး မင်းလေးအဖြစ် နတ်ကိုးကွယ်သူ တို့၏ ကမ္ဘာထဲမှာ ကြီးစိုး၍နေပါ သည်။

သားတော်နှစ်ပါး၏ နတ်ပွဲ သို့ လာရောက်သော ပုပ္ပားမယ်တော် မယ်ဝဏ္ဏ ပုပ္ပားသို့ အပြန် ခရီးတစ်ထောက်နားရာ အမရပူရ ငယ်တိုးကျေးရွာအုပ်စု ရွှေလွန်း ရွာ ရတနာ့ဂူဘုရားမှာလည်း ၀ါခေါင်လဆုတ် ၈ ရက်ကနေ ၁၄ ရက်အထိ နတ်ပွဲတွေ ဆက်ကြပါလိမ့်ဦးမည်။

image

ပုဂံဒဏ္ဍာရီဟာသည်လောက် ကျယ်ပြန့်ခိုင်ခံ့တည်တံ့နေခဲ့သည်မှာ အံ့တော့ အံ့သြစရာ ကောင်းလှ ပါရဲ့။ ပုံပြောကောင်း သူဟာ ဘယ်သူများပါလိမ့်မလဲ။

Credit # ဆရာမောင်သာချို
Photo Credit # Google (နတ်ကိုးကွယ်မူသမိုင်း)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawko1987 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.