Foreign Exchange , Trading နှင့် Trader သမားများစီသို့

in esteem •  7 years ago 

ပထမဦးဆုံးပြောခြင်တာက ကျွန်တော်က လေ့လာရင်းလုပ်ကိုင်နေသူပါ ဆရာလဲမဟုတ်သေးပါဘူး
မသိသူထက်စာရင် နားလည်သူအဆင့်မှာတော့ပါပါတယ် ဆက်လက်လဲသင်ယူနေမှာပါ
သိတာလေးတော့မျှဝေပေးတာပါ

IT & DT (Information Technology),(Data technology)
အာလီဘာဘာတည်ထောင်သူ ဂျက်မာ ကပြောတယ် လူတွေဟာ IT ဆိုတာတောင် ကောင်းကောင်းမသိသေးခင် DTခောတ်ကိုခုန်ကူးပြောင်းလဲလာကြပြီ ကျွန်တော်တို့မြန်မာပြည်ကပိုဆိုးပါတယ်
အဲ့သည်မှာ ကျွန်တော်ကဘာပြောခြင်လဲဆိုတော့ ကိုယ်လုပ်နေတဲ့လုပ်ငန်းနဲ့ဆိုင်တဲ့ အကြောင်းလေးပါ လူတွေရဲ့အမြင် အပြောအဆို ဆိုတာ ကြောက်စရာ ကောင်းလှပါပေတယ်
ကျွန်ခုလက်ရှိလုပ်နေတာက Foreign Exchange & Trading လုပ်နေပါတယ်
***Foreign Exchange ဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က အင်္ဂလန်လူမျိုးတစ်ယောက်ဟာသူနေထိုင်တဲ့မြို့ကနေတခြားနေရာထွက်သွားဖို့ ဘဏ်မှာ ငွေသွားလှဲလှယ်တာကနေပြီး ပေါ်ပေါက်လာတဲ့ လုပ်ငန်းတစ်မျိုးပါ
တစ်နိုင်ငံနဲ့တစ်နိုင်ငံကူးပြောင်းသွားလာတဲ့အချိန်မှာ အဓိကဖလှယ်မှုပြုလုပ်ရတဲ့ လုပ်ငန်းကြီးတစ်ခုလို့လဲပြောလို့ရပါတယ်
အရင်ကတော့ ငွေအလှဲအလှယ်လုပ်ခြင်တယ်ဆိုရင်တော့
ယခုလက်ရှိမြန်မာနိုင်ငံအခြေအနေလိုမျိုးပေါ့
ဥပမာပေးပါမယ် မြန်မာနိုင်ငံမှာ နိုင်ငံတကာငွေကြေးလှဲလှယ်ခြင်းကို အဓိက တရားဝင်အရောင်းအဝယ်ပြုလုပ်နေတာကတော့ ဘဏ် နဲ့ Money Changer Hotel တွေပဲဖြစ်ပါတယ်
အဲ့မှာသူ့ရဲ့ အားနည်းချက်လေးကတော့
လူကိုယ်တိုင်သွားပြီး အရောင်းအဝယ်ပြုလုပ်ရပါတယ် ကိုယ်က ဒေါ်လာလိုခြင်ရင် မြန်မာကျပ်ငွေပေးပြီး ဒေါ်လာပေါက်ဈေးအတိုင်းဝယ်ယူကြပါတယ်
ယူရိုဝယ်ခြင်ရင်လဲတူတူပါပဲ
အခြားသောငွေတွေဝယ်ခြင်ရောင်းခြင်လဲတူတူပါပဲ

ကျွန်လုပ်နေတဲ့အလုပ်အကြောင်းကို
ပုံပြင်တစ်ပုဒ် ဥပမာ လေးနဲ့ပြောပြပါမယ်
လူတစ်ယောက်ဟာမြန်မာနိုင်ငံမှာနေထိုင်နေတယ် သူ၏ဆွေမျိုးအဒေါ် ဦးလေး အရင်းခေါက်ခေါက်က ဘန်ကောက်မှာနေထိုင်တယ် အဒေါ်နဲ့ဦးလေးကသူတို့သူလေးကိုလဲလာမတွေ့နိုင် တွေ့လဲတွေ့ခြင်ဆိုတော့ သူလေးဘန်ကောက်အလည်လာပါလားဆိုပြးတော့လမ်းခေါ်ခံရတော့စရိတ်ညိမ်းဆိုပြီးသွားလည်ပြီပေါ့ အဲ့မှာကျွန်တော်တို့လုပ်ငန်းထဲကို မြန်မာနိုင်ငံမှာ ရှိတဲ့ ကောင်းလေးကစတင်ဝင်ရောက်လာခြင်းပဲဖြစ်ပါတယ်
ဘာလို့အဲ့လိုပြောလဲဆိုတော့ အဒေါ်ဦးလေးရှိတယ် စရိတ်ညိမ်းဆိုပေမဲ့ ကိုယ်ဝယ်ခြင်တာလေးဝယ်လို့ရအောင် သုံးခြင်တာလေးသုံးလို့ရအောင် မြန်မာကျပ်ငွေ ၅သိန်းလောက်ကို ထိုင်းဘတ်လဲပါတယ်
အဲ့မှာမိမိအနေနဲ့တွက်မယ်ဆိုရင် ထိုင်းဘတ် ဝယ်ဈေးက ၁ဘတ်ကို မြန်မာကျပ်ငွေ ၄၀ကျပ်ဖြစ်ပါတယ်
ရောင်းဈေးကတော့ ၁ဘတ်ကို ၃၆ကျပ်ဖြစ်ပါတယ်
အဲ့လိုနဲ့ သူက ၅သိန်းဖိုးလဲသွားလိုက်တော့ ထိုင်းဘတ် 12500 ဘတ်ရတာပေါ့
500000 / 40 = 12500ဘတ်
အဲ့လိုနဲ့ဘန်ကောက်မှာ ၄ ၅ ရက်နေခဲ့တယ် ဝယ်သမျှပစ္စည်းတွေလဲကိုယ်ကပိုက်ဆံထုတ်ရှင်းစရာမလို စားတာတွေလဲ ပိုက်ဆံထုတ်ရှင်းစရာမလိုဆိုတော့ သူလဲသွားတဲ့ ဘတ်ငွေ ကိုမသုံးရပဲမြန်မာပြည်ပြန်သယ်လာတာပေါ့ မြန်မာပြည်ပြန်ရောက်တော့ ဘတ်ငွေ ကသုံးစရာနေရာမရှိတော့ဘူးဆိုတော့ မြန်မာကျပ်ငွေပြန်လှဲလှယ်တာပေါ့
အဲ့ဒီအချိန်မှာ ကောင်းလေးကအရှူံးနဲ့ရင်ဆိုင်ရပြီလေ ဝယ်တုန်းကလဲ ဒီ Money changer ပဲ ပြန်ရောင်းတော့လဲဒီနေရာပဲ ဘောင်ချာလေးတောင်ပါသေး
ဒါပေမယ့်ပေါက်ဈေးက ၃၆ဖြစ်နေပြီး ရောင်းဈေး ၃၆ ကို ၃၈နဲ့ ထားပေးပြီး နောက်ဆုံးတော့လှဲလှယ်လိုက်တဲ့အချိန်မှာ အဲ့ကောင်းလေးက
ထိုင်းငွေ ၁ဘတ်ကို မြန်မာငွေ ၂ကျပ်ရှူံးတာပေါ့
12500ဘတ် x 38 = 475000ကျပ်
အဲ့တော့ နိုင်ငံခြားတစ်ခေါက်ထွက်တာ 25000ကျပ်ရှူံးတာပေါ့
အကယ်၍သာသည်နေရာမှာ သူက Money Changer အကြောင်းနားလည်တယ်ဆိုရင် ဘတ်ငွေမဝယ်ပဲ $ ဝယ်မယ်ဆိုရင် မြတ်လဲမြတ်နိုင်ပါတယ်
ဒါကို Foreign Exchange Market လို့ခေါ်ပါတယ်
ပုံပြင်လေးကတော့ ဒါပါပဲဂျ ၂၅၀၀၀ရှူံးတဲ့ပုံပြင်ဖြစ်ရောပေါ့

ကျွန်တော်တို့အခုလုပ်နေတာကအဆင့်ပိုမြင့်တယ်လို့ပြောလို့ရပါတယ်
လူကိုယ်တိုင် ဘဏ် သို့မဟုတ် Money Changer ကိုသွားစရာမလိုပဲ Mobile ဖုန်းတစ်လုံးနဲ့တင် အရောင်းအဝယ်ပြုလုပ်နိုင်ခြင်းပဲဖြစ်ပါတယ်
ဘယ်လိုအရောင်းအဝယ်လုပ်သလဲဆိုတာကတော့ ပညာသားအများကြီးပါသွားပါပြီ

အဲ့သည်ပညာရပ်ကို Professional တစ်ယောက်ဖြစ်အောင်သင်ကြားခြင်တယ်ဆိုရင်တော့
Online မှတဆင့် ဒါမှမဟုတ် ရန်ကုန်မှာဆိုရင်အခြေခံသင်တန်းတွေရှိပါတယ်
Chart ကြည့်နည်းတို့ ဈေးကွက်လေ့လာနည်းတို့ များပါတယ်
ဒီပညာရပ်ကိုနားမလည်ပဲဝေဖန်သူကိုပြောခြင်တာက အခြေခံသင်တန်းတက်ဖို့
မြန်မာပြည်မှာဆိုရင်တော့ တစ်ပတ်စာ တစ်ရက် ၂နာရီ သင်တန်းတောင်မှ တစ်သိန်းခွဲရှိပါတယ်
စင်ကာပူ မလေး အင်တို တရုတ်တို့မှာသွားပြီး တကယ့် PH.D / Professional တွေရဲ့သင်တန်းသွားတက်မယ်ဆိုရင် တစ်ချိန်ကို $3000 အထက်မှာရှိပါတယ်ဆိုတာလေးကိုပြောပြခြင်ပါတယ်
မယုံရင်တော့စုံစမ်းကြည့်ပါ
အကယ်၍သာ သင်ဟာသည်ပညာရပ်ကို တကယ်လေးနက်စွာလေ့လာမယ်ဆိုရင်တော့ အိမ်မှာနေရင်း online ကနေငွေရှာလို့ရနေပါပြီ
ကျွန်တစ်ခါပြောပြဖူးပါတယ် ဂျပန် Borker တွေအကြောင်းကိုကိုယ်ကိုယ်တိုင်လေ့လာကြည့်ကြပါ

FX မှာမတူညီသော Platform ပေါ်မူတည်ပြီး ဝန်ဆောင်မှုတွေကွာခြားနေပေမယ့် အများလက်ခံထား၍ အသိအမှတ်ပြုထားသောအရာမှာ MT4 တစ်ခုသာဖြစ်ပြီး အဓိကအလွှယ်တကူသုံးစွဲနေခြင်းပဲဖြစ်ပါတယ်
မိမိရောက်ရှိနေသောနေရာတစ်ခုမှာ Mobile ဖုန်း အင်တာနက်ရှိယုံဖြင့် ချက်ခြင်းအရောင်းအဝယ်ပြုလုပ်နိုင်ကြပါပြီ
အဲ့တာကတော့ 21ရာစုရဲ့ နည်းပညာအားသာချက်ပဲဖြစ်ပါတယ်

တကယ်တော့ FX လုပ်နေသူတိုင်းသိကြပါတယ်
ဒီနေ့တစ်ရက်ရဲ့အရှူံးဟာ မိမိရဲ့အရှူံးမဟုတ်ပါဘူး
တစ်လအရှူံး အမြတ်
တစ်နှစ်အရှူံး အမြတ် ဆိုတာကအရေးကြီးတဲ့အချက်ပါ

ဒါပေမဲ့လဲ ကျွန်တော်အပါအဝင် မြန်မာနိုင်ငံတင်မကပဲ နိုင်ငံခြားမှာလဲ သည်လိုဖြစ်ရပ်တွေရှိပါတယ်
အမြဲနိုင်နေတဲ့သူဆိုတာမရှိသလို အမြဲရှူံးနေတာမရှိပါဘူး
များများရှူံးတာနဲ့ နဲနဲမြတ်တာတော့ရှိပါတယ်
အော်ဒါဖွင့်လိုက်တာနဲ့ ပိုင်သေမြတ်မယ် ရှူံးမယ် ဆိုတာဘယ်သူမှမပြောနိုင်ပါဘူး ဒါပေမယ့် ဘယ်လောက်ထိဆုံးရှူံးခံပြီး ဘယ်လိုအမြတ်ယူမယ်ဆိုတာ
မိမိကိုယ်ကိုယ် Limit တစ်ခုထားရပါမယ်
ဆင်ခြင်ရပါမယ်
အဲ့ဒါမှတာ Professional Trader တစ်ဦးဖြစ်လာမှာပါ
အဲ့ကြောင့်မသိနားမလည်သောသူကိုပြောခြင်တာက မိမိမသိသောအကြောင်းအရာတစ်ခုကို မဝေဖန်ပါနဲ့ ဝေဖန်ချက်မပေးပါနဲ့

ဒါကလောင်းကစားမဟုတ်ပါဘူး
အရောင်းအဝယ်လုပ်တာပါ
အရှူံးအမြတ်ရှိတိုင်းတာ လောင်းကကစားဆန်တယ်ဆိုရင် ဘယ်အရောင်းအဝယ် ဘာစီးပွားရေးမှလုပ်လို့ရမှာမဟုတ်တော့ပါဘူး အားလုံးကလောင်းကစားဖြစ်နေလို့ပါပဲ
image
အားလုံးကိုလေးစားလျက်
Credit###
FX JJ Kaung Lay

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://cashchanger.co/singapore

Congratulations @gatoe! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!