@နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှတစ်ဆင့်
့် သမ္မတကြီးထံသို့ပေးစာ.(သို့) ဆင်းကတ်ဌာနများသို့
#ပထမဆုံး ဆင်းကတ်တွေကစပြောမယ်ဗျာ
လွန်ခဲ့သော (၅) နှစ်က ထိုင်းနိုင်ငံ
အလုပ်သွားလုပ်တော့ အဲ့ဒိမှာအရင်ရောက်နေကြတဲ့သူတိုင်းက ဖုန်းဆင်းကတ်ကိုယ်ဆီနဲ့ဗျ
ကျွန်တော်ကတော့ မြန်မာနိုင်ငံကခုမှ
အဲ့ကိုရောက်တာဆိုတော့ ကိုယ့်မြန်မာနိုင်ငံမှာလို ဖုန်းဆင်းကတ်တွေ ၇သောင်း၈သောင်း
ပေးရတယ်ထင်တာပေါ့ဗျ ..
ပြီးတော့် ဘယ်ဟုတ်မလဲဗျ အဲ့မှာက ဘတ်(၆၀)နဲ့ ရောင်းတာကြာနေပြီလေ...
ဘတ် ၆၀ ဆိုတာ အဲ့တုန်းက မြန်မာငွေနဲ့
၁၅၀၀လေ...
နောက်ပြီး ဖုန်းဆင်းတစ်ကတ်ဝယ်
internet freeက (၇)ရက်လောက်ပါသေးတယ်
(၇)ရက်freeဆိုတာ အခုမြန်မာနိုင်ငံမှာလို
Mb limitနဲ့ မဟုတ်ဘူးနော်..
Unlimited (အကန့်အသတ်မရှိဘဲ)
သူတို့ဆီက တစ်ရက် စမတ်က ၉ ဘတ်ဗျ
(၉ဘတ် =မြန်မာငွေ ၂၇၀)
တစ်ရက်လုံးအကန့်အသတ်မရှိနော်..
အဲ့ဒါလွန်ခဲ့တဲ့ (၅)နှစ်က
ကျွန်တော်ရောက်တုန်း က internetစမတ်နော်
ဘယ်တုန်းစပြီး အဲ့လိုစမတ်မျိုးဖြစ်နေတာလဲ
ဆိုတာတော့ ကျွန်တော်လည်းမပြောတတ်ဘူးဗျ...
ကဲ.. အခုမြန်မာနိုင်ငံ internetစမတ်အကြောင်း
ပြောမယ်...(ပြောမယ်ဆိုတော့ ရင်ထဲမှာလည်း
စိတ်မကောင်းဖြစ်မိတယ်)...
ထွေထွေထူးထူးတော့ ပြောစရာ လိုမယ်
မထင်ပါဘူးဗျာ...
မြန်မာနိုင်ငံသားတိုင်းလည်း သိပြီးသားပါပဲ
မြန်မာနိုင်ငံက internetစမတ်တွေအကြောင်း..
Internetက မြန်မာနိုင်ငံမှာဆင်းရဲချမ်းသာမရွေး
လူတန်းစားအကုန်သုံးကြတယ်...
ဒါပေယ့် ချမ်းသာတဲ့သူတွေက
ကိုယ့်wifi နဲ့သုံးလို့ အဆင်ပြေနေတဲ့အချိန်မှာ
မရှိဆင်းရဲသားတွေကတော့တစ်ရက်တစ်ရက်
ဖုန်းဘေလ်ဖိုးနဲ့ ပိုမွဲလာကြတာတွေ့နေရပြီ..
ဒီတိုင်းသာဆက်သွားနေမယ်ဆိုရင်တော့
ကျွန်တော်ထင်တယ် နောက်ဆို
သူများနိုင်ငံမှာ အလုပ်သွားလုပ်တဲ့နှုန်းက
ဒိထက်မက များနေအုန်းမှာပဲ..
အရင်ကထက် ပို၍ပို၍ဆင်းရဲ နေကြအုန်း
မှာပဲ..
ပြည်သူပြည်သားတွေ ဆင်းရဲနေသ၍တော့
နိုင်ငံလည်းဆင်းရဲနေအုန်းမှပဲ...
ကျွန်တော်ပြောချင်တာက ခင်ဗျားတို့လည်း
စီးပွားရေးလုပ်ငန်းလုပ်နေတာပဲလေ
အမြတ်တော့လိုချင်တာ မှန်ပါတယ်
ဒါပေမယ့်
ပြည်သူတွေကလည်း ကိုယ့်ပိုက်ဆံနဲ့
ကိုယ်သုံးကြတာလေ တန်တန်လေးတော့
သုံးချင်ကြတာပဲ ...
ထိုင်းငံလို တစ်ရက်စမတ်ကို တစ်ရက်လုံး
အကန့်အသတ်မရှိ မပေးနိုင်ရင်တောင်မှ
၃နာရီလောက်တော့ အကန့်အသတ်မရှိ
ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်..
ခင်ဗျားတို့လည်း အလှူအတန်း ဝါသနာပါ
တာတွေ့ဖူးပါတယ်...
ဘာတဲ့ ooredooက ဘယ်နေရာကို
ဘယ်လိုလှူတာ telenor,mptကဘယ်နေရာကို
လှူ နေကြတယ်၊promotionတွေပေးနေကြတယ်ဆိုတာ fbအပေါ်မှာ မမြင်ချင်မှအဆုံးပါပဲ..
ဘာလုပ်မှာလဲဗျာ သူများဆီက မတရားယူထားတဲ့ငွေနဲ့ လူကြားကောင်းအောင်ပြန်
လှူ နေလည်း ကုသိုလ်တစ်ဝက် ငရဲတစ်ဝက်ပါပဲ
သူများအိမ်နောက်ဖေးက လူမသိခင်
တက်ခိုးမှ ခိုးတာမဟုတ်ပါဘူးဗျာ
သူများဆီက မတရားနည်းလမ်းနဲ့ ယူတာ
ဟာလည်းခိုးတာပါပဲ...
ကျွန်တော်သိတဲ့ အစိုးရက
ပြည်သူတွေအတွက် အားကိုးရာ
ပြည်သူတွေရဲ့ ဒုက္ခကို ဖြေရှင်းပေး
နိုင်တာ ..
အရာအားလုံးလိုက်ပြီး စောင့်ရှောက်
ခိုင်းနေတာလည်း မဟုတ်ပါဘူးဗျာ
တကယ်လိုအပ်နေတဲ့နေရာ တွေကိုတော့
တတ်နိုင်သလောက်တော့ ကူညီပေးသင့်
ပါတယ်...
စောင့်ကြည့်နေတာလည်း ကြာပါပြီ
ဘယ်နှစ်များ ထိုင်းနိုင်ငံနည်းပါး
မပြင်နိုင်သေးရင်တောင် သုံးပုံ၁ပုံ
လောက် intrnetစမတ်များ
ကောင်းလာမလဲ ..?
အခြားနိုင်ငံတွေလောက်ကောင်းဖို့
မမျှော်လင့်ရဲသေးပါဘူး..
ထိုင်းနိုင်ငံနီးပါးလောက်ပဲ
တောင်းဆိုနေတာပါဗျ...
ကျွန်တော်ထင်တယ်ဗျ.....
ကျု ပ်တို့ပြည်သူတွေ ငြိမ်ခံနေသမျှ
သူတို့လည်း မသိချင်ယောင်ဆောင်နေအုန်းမှာပဲ......
ပြည်သူပြည်သားအားလုံး နိုးကြားကြပါ
စာဖတ်ကြပါ၊ အမြဲတမ်းလေ့လာကြပါ။
(စာဖတ်ခိုင်းတာက ကိုယ့်ဘဝအတွက်
ကောင်းမွန်စေမယ့် ပြင်ပဗဟုသုတရစေ
မယ့် အဆိပ်အတောက်မဖြစ်တဲ့ စာအားလုံးကိုပြောတာနော် ကျောင်းစာတွေလို ကျက်ခိုင်း
နေတာမဟုတ်ဘူး တွေးခေါ်ခိုင်းနေတာ)
ပြည်သူတွေ အတွေးအခေါ်မရှိအောင်
လုပ်ထားတဲ့ ပညာရေးစနစ်တွေအကြောင်း
ဘာအကြောင်း ညာကြောင်းတွေလည်း
မပြောသေးဘူး....
အစိုးရဘက်က
တတ်နိုင်သလောက် ကူညီနိုင်လောက်တဲ့
မြန်မာ ဆင်းကတ်တွေ အကြောင်းပဲပြော
လိုက်ပါတယ်.....
(မှတ်ချက်။ ပြင်နိုင်တယ်ထင်တဲ့ အရာတွေကို
ပြင်ပေးစေချင်လိုတဲ့ ဆန္ဒနဲ့ရေးသားတင်ပြ
လိုက်တာပါ။ လက်အားလို့လျှောက်ရေးထားတာမဟုတ်ဘူးဗျ)
#ရေးနေကြ အရေးအသားတိုင်းပဲရေးလိုက်လို့ မယဉ်ကျေးသလို ဖြစ်သွားရင်လည်း
တောင်းပန်ပါတယ်ဗျ။
သတ္တဝါအားလုံး ဆင်းရဲခြင်းကင်း၍
ချမ်းသာခြင်းတွေရကြပါစေ👏👏👏
ပြည်သူများ ကိုယ်စား
(မူရင်းရေးသားသူ -ကျော်ထင်အနော်ရထာ ဘိုကောင်း...)
(ကျော်ထင်အနော်ရထာဘိုကောင်းသည်
တောင်ငူပညာရေးကောလိပ် ဒုတိယနှစ်
ကျောင်းသားတစ်ဦး ဖြစ်သည်)
ဤစာအား တာဝန်ရှိသူများထံ ရောက်အောင်
မည်သူမဆို ပြန်လည်မျှဝေခြင်းဖြင့်
ကူညီပေးနိုင်ကြပါစေ..
Congratulations @gla! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit

Congratulations @gla! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @gla! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit