fury​(ဒေါသ)

in esteem •  6 years ago 

သူ့ကြောင့် ဖြစ်ဖြစ် ကိုယ့်ကြောင့်ဖြစ်ဖြစ်

ပြသနာတစ်ခုကို ဒေါသ နဲ့ ဖြေရှင်းရင်

ပြသနာပြေလည်သွားသည့်တိုင်

နှစ်ဖက်နာတတ်တယ်။



လူဆိုတာ အမြဲတမ်းစိတ်ရှည်ဖို့ မလွယ်ပေမယ့်

တစ်ခါတစ်ဖြစ်တဲ့ ဒေါသကြောင့်

အမျက်ပါလာရင် တစ်သက်တာ

နာကျင်နေရတတ်တယ်။



အမှားဆိုတာ နှစ်ဦးစလုံးကြောင့် ဖြစ်နိုင်သလို

တစ်ယောက်ယောက်ကြောင့် ဖြစ်နိုင်တယ်ဆိုပေမယ့်

တစ်ယောက်က ဒေါသ စဖြစ်လာရင်

နောက်တစ်ယောက်က အမျက်​ထွက်​ လာပြီး

နှစ်ဦးစလုံး မှားတော့တာပါပဲ။



တစ်ခါတစ်ခါမှာ

ကိုယ်က မှန်နေသည့်တိုင်

ကိုယ့်စိတ်ကိုမနိုင်ဘဲ ဒေါသနဲ့ဖြေရှင်းမိရင်

ကိုယ်မှန်နေတာကနေ အများအမြင်မှာ ကိုယ်အမှားကြီး

မှားသွားတတ်တယ်။



ဘယ်လိုကြောင့်ပဲဖြစ်ပါစေ

ဒေါသနဲ့ ဖြေရှင်းမည့်အစား ကိုယ့်ရဲ့အမှန်တရား

ထင်ရှားလာအောင် အမျက်နဲ့ မဖြေရှင်းဘဲ

နားလည်မှူနဲ့ ဖြေရှင်းပါ။



ပြသနာတစ်ခုကို ခေါင်းအေးအေးထားပြီး

အဖြေရှာတတ်သွားရင် လောကမှာ သင့်အတွက်

ခက်ခဲတဲ့ပုစ္ဆာဆိုတာ မရှိသလောက် ရှားလာပါလိမ့်မယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!