Btc နဲ့ Eth တန်ဘိုးတွေ ၂၀၁၈ အတွင်း ၃ဆ ကျော်လာမယ်လို့ စစ်တမ်းတွေက ပြော....

in esteem •  7 years ago 

Popular Comparison Website Finder ရဲ့ ဦးဆောင်မှုနဲ့ လုပ်တဲ့ စစ်တမ်း (survey) တစ်ခုနဲ့ South China Morning Post သတင်း ဌာနတို့ရဲ့ ပုံနှိပ်ထုတ်ဝေ ချက်တွေ အရ...  အမျိုးမျိုးအထွေထွေသော blockchain industry မှာ ပါဝင်ပတ်သက်နေသူတွေ မျှော်လင့်ထားတာက ထိပ်ဆုံးက ဒီဂျစ်တယ် ငွေကြေးဖြစ်တဲ့ Bitcoin နဲ့ Ethereum တို့ဟာ တန်ဘိုးအားဖြင့် ၃ ဆထက် ပိုတက်မယ်လို့ ဆိုကြပါတယ်...



စစ်တမ်းမှာ blockchain industry  ၉ ခုမှာ ပါဝင်နေသူတွေကို ကမ္ဘာ့ထိပ်ဆုံးက ဒီဂျစ်တယ် ငွေကြေး ၁၂ ခုအကြောင်းကို မေးကြည့်တဲ့အခါ... စိတ်ဝင်စားစရာ ကောင်းလောက်အောင် တွေ့ရှိချက်ကတော့ အီသီးရိယံဟာ ဘစ်ကွိုင်ထက် ပိုပြီး ဈေးတက်ပါမယ်တဲ့... သူတို့မျှော်မှန်းထားတာက.. အီသီးရီယံ အရောင်းအဝယ် ပမာဏဟာ ၂၁၂ ရာခိုင်နှုန်းလောက် တက်လာစရာရှိပါတယ်တဲ့(Ethereum တန်ဘိုးကို ပြောခြင်း မဟုတ်ပါ၊ အရေင်းအဝယ် ပမာဏကိုပြောတာပါ)... ဘစ်ကွိုင်အရောင်းအဝယ် ပမာဏကတော့ ၁၉၄ ရာခိုင်နှုန်းအထိ တိုးပွားလာမယ် ဆိုပါတယ်... ဘစ်ကွိုင်ခတ်ရှ်(Bitcoin Cash) ကတော့ ၁၂၃ ရာခိုင်နှုန်း တိုးပါမယ်တဲ့...



South China Morning Post (SCMP) ကလုပ်တဲ့ စစ်တမ်းဆာဗေးကတော့ ဖေဖေါ်ဝါရီ ၂၇ ရက်က ဈေးနှုန်းအခြေအနေကိုအခြေခံထားပါတယ်... အဲဒီအချိန်တုန်းက ဘစ်ကွိုင် တစ်ကွိုင်ဟာ usd 10000 ကျော်ပါတယ်... အီသီးရီယံက usd 870 ပါ... စစ်တမ်းကို ဖြေဆိုသူတွေ အဆိုအရတော့.. ဒါဟာ နှစ်ကုန်မှာ အီသီးရီယံက usd 2550 ဖြစ်မယ်.. ဘစ်ကွိုင်က usd 29533 ထိ ထိုးတက်မယ်.. ဘစ်ကွိုင်ခတ်ရှ် ကတော့ usd 2721 အထိ ဖြစ်မယ်.. ဆိုတဲ့ သဘောပါတဲ့...
image
လောလောဆယ် ဘစ်ကွိုင်က usd 8800 နဲ့ အီသီးရီယံက usd 670 အထိ ထိုးကျနေပေမဲ့.. စစ်တမ်းတွေ့ရှိဖေါ်ပြချက်အရဆိုရင် ဘစ်ကွိုင်နဲ့ အီသီးရီယံ တန်ဘိုးတွေဟာ အခုတန်ဘိုးရဲ့ ၃ ဆ အနေနဲ့ ကိုးလအတွင်း တွေ့ရမှာဖြစ်ပါတယ်...



အီသီးရီယံဈေးကွက် ပမာဏဟာ မျှော်လင့်သလိုကြီးထွားဖို့က အီသီးရီယံ နဲ့ထ်ဝဲါခ်(Ethereum network) ရဲ့ ဆက်စပ်မှုတွေ၊ ICO (initial coin offering) ရဲ့ ကြီးထွားမှုတွေ ဖေဖေါ်ဝါရီလမှာ 1.2 billion အထိ တက်လာခြင်းတွေ၊ ဒီနှစ်မှာ စုစုပေါင်း 2.7 billion အထိ ရောက်ရှိနိုင်မှာတွေက မောင်းနှင်မှ ဖြစ်မှာပါ...



SCMP အပြောအရ.. အီသီးရီယံဈေးနှုန်း ကျတာနဲ့ ရင်နှီးမြှုပ်နှံသူတွေက ပိုဝယ်ကြတယ်၊ ဒီတော့ သူတိုဟာ ပိုမိုများပြားလာတဲ့ ICO တွေမှာ ပိုပါဝင်ပတ်သက်လာကြတယ်... ဟောင်ကောင်အခြေစိုက်ခရစ်ပ်တိုငွေကြေးပွဲစားဖြစ်တဲ့အပြင် Octagon စီးပွားရေးအကြံပေးလုပ်ငန်းရဲ့ဒု ဥက္ကဋ္ဌ ဆီအို(Si Oh)ထုတ်ပြောတာက.. အခုထက်ထိ လူတွေ ဘစ်ကွိုင်ကို စိတ်ဝင်စားမှုက များနေတုန်း ဆိုပေမဲ့ သူ့လုပ်ငန်းကတော့ အီသီးရီယံတွေ ကောက်ယူ စုဆောင်းဖို့ စိတ်ဝင်စား နေပါတယ်.. တဲ့...
image
သူကပြောတယ်.. "သူတို့လုပ်ငန်းမှာ ဘစ်ကွိုင်အရောင်းအဝယ် ပမာဏဟာ အခြားဟာတွေထက် ကြီးမားတယ် ဆိုပေမဲ့ သေသေချာချာ သုံးသပ်ရရင်.. ဘစ်ကွိုင်ဟာ တစ်နေ့တည်းမှာပဲ အတက်အကျ ကြမ်းချက်က အီသီးရီယံထက် သုံးခါလောက် ပိုမိုနေပါတယ်"...



ကယ်ဗင် လူး(Kevin Loo) လို့ခေါ်တဲ့ CryptAM ကမ္ပဏီ(ဟောင်ကောင် အခြေစိုက် ဒီဂျစ်တယ် အက်ဆက် စီမံခန့်ခွဲမှု လုပ်ငန်းစု)ရဲ့ ပူးတွဲတည်ထောင်သူနဲ့ မဟာဗျူဟာအကြီးအကဲဖြစ်သူ ကလည်း အီသီးရီယံမှာ တောက်ပတဲ့ အနာဂါတ် တစ်ခု ရှိတယ်လို့ သူမျှော်လင့်ပါတယ်.. လို့ ပြောပါတယ်...လူး ထောက်ပြတာက အီသီးရီယံဟာ ဘစ်ကွိုင်လိုပဲ ကြီးမားလာမဲ့ ပမာဏကို ထိန်းချုပ်နိုင်ဖို့ တော်တော်လေး သတိတော့ ထားရမယ်.. ဆိုတာပါ...



သူက ဒီအချက်ကို ထောက်ပြချင်တော့.. Cryptokitties အင်တာနက် ဘလော့ချိန်း ဂိမ်း ရူးသွတ်သူတွေကြောင့် networkကြီး ပြွတ်ကျပ်ခဲ သွားတာကို ဥပမာ ပေးပါတယ်...



သူ ဆက်ပြီးရှင်းပြတာက "ဥပမာတစ်ခုအနေနဲ့ပြောရရင် ၂၀၁၇ နိုဝင်ဘာမှာ အီသီးရီယံ နဲထ်ဝဲါခ်က ဘာသွားတွေ့လဲ ဆိုတော့.. ဗားတူယယ် ခစ်တန်န် ဂိမ်းတစ်ခုမှာ ဒီဂျစ်တယ် အကောင်ပလောင်(crypto-pet)တွေ ဝယ်ယူ မွေးမြူရာမယ် များပြားလွန်းလို့ အဲဒီ Cryptokitties game ရူးသွတ်မှုကြောင့် ခေတ်မမီတော့တဲ့ ဘလော့ချိန်းဟာ နှေးကွေးသွားတာ တွေ့ရပါတယ်.. မြင့်တက်လာတဲ့ သုံးစွဲမှု ပမာဏကို လိုက်လျောညီထွေ ထိန်းထားနိုင်စွမ်း လစ်ဟာမှုလို့ ပြောရမလားပဲ..."

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

I am 100% vote your post.

Done

Congratulations! This post has been upvoted from the communal account, @minnowsupport, by herrysmit from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

I upvote this post .
Follow and upvote me.