စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်စေရန်

in esteem •  7 years ago  (edited)

အမျိုးသားများ



၁။ တန်ဖိုးကြီး ကောင်းမွန်သော ဝတ်စုံနှစ်စုံသုံးစုံခန့်ကို           ဆောင်ထားပါ။



၂။ အဝတ်အစား လေးငါးစုံခန့် ဝယ်ယူထားပါ။



၃။ ပုံမှန်လေ့ကျင့်ခန်းများလုပ်ပါ။ အခြားလေ့ကျင့်ခန်းများ မလုပ်နိုင်လျှင် အနည်းဆုံး လမ်းတစ်မိုင်လောက် လျောက်သည့် အလေ့အကျင့်လုပ်ပါ။



၎။ အလျဉ်းသင့်သလို တိုက်ပုံအကျီ ကုတ်အကျီ လက်ဆွဲအိတ်အသစ် ထီးအသစ် ဝယ်ပါ။



၅။ မနက်ပိုင်း ရေချိုးပါ။
image
၆။ အရည်အသွေးကောင်းသော ပေါင်ဒါ ရေမွှေးများအသုံးပြုပါ။



၇။ နေ့စဉ်လျှော်ဖွတ်ပြီးသော ဝတ်စုံ ဝတ်ဆင်ပါ။



၈။ မျက်မှန်တပ်လျှင် ခေတ်မီမျက်မှန်ကိုင်း ပြောင်းလဲတပ်ဆင်ပါ။



၉။ မိန်းမနားကပ် ယောကျားဖိနပ် ဟုညွှန်ပြထားသောကြောင့် မိမိဖိနပ်ကို သ ထားရန် မမေ့ပါနှင့်။



၁၀။ အမြဲတစေ လက်သည်းညှပ် မုတ်ဆိတ်ညှပ်ဆောင်ထားပါ။

image
အမျိုးသမီးများ



၁။ အဝတ်အစား အနည်းဆုံး ဆယ်စုံမျှ ထားရှိပါ။ အပေါ်အောက် အပြောင်းအလွဲလုပ် တွဲဖက်ဝတ်ဆင်ထိုက်သော အဝတ်အစားများကို ဦးစားပေးပါ။



၂။ မိမိ လုပ်ငန်းဌာနတွင် အရေးပေါ်အသုံးပြုရန်အတွက် အပ် နှင့်အပ်ချည် ထားရှိပါ။ အရံဖိနပ်ပါယူထားပါ။



၃။ ပုံမှန်ဆံပင်အလှပြုပြင်မှုပြုပါ။



၎။ အလှပြုပြင်နည်းများကိုလေ့လာပါ။



၅။ စိတ်လေမှုကို ပြုပြင်ပါ။
image
၆။ မနက်ပိုင်း ရေချိုးပါ။



၇။ တစ်ခါတစ်ရံ မျက်နှာပြုပြင်ခြင်းနှင့် ခြေသည်းလက်သည်း အလှပြုပြင်ခြင်းလုပ်ပါ။



၈။ လိုအပ်သောအခါတွင် အဝတ်အစား ဝယ်ခြမ်းမှုပြု နိုင်ရန်အတွက် ပုံမှန်ငွေစုဆောင်းမှုပြုပါ။



၉။ ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ပါ။



၁၀။ ကောင်းကောင်းစားသောက်ပါ။ နေ့လည်နေ့ခင်းစာကိုလည်း ဝဝလင်လင် စားသောက်ပါ။ ယောကျားတို့က အသားအရောင် ဖျော့တော့တော့ အားနွဲ့သွင်ပေါက်သော မိန်းမမျိုးကို စိတ်ဝင်စားကောင်း စိတ်ဝင်စားလိမ့်မည် ဖြစ်သော်လည်း လက်ထပ်သောအခါတွင် ကျန်းမာပြည့်ဖြိုးသောသူကိုမှ လက်ထပ်ချင်ကြသည်။ ကျန်းမာကြံ့ခိုင်ပုံရှိသောသူသည် ရာထူးတက်လမ်းအတွက် အရွေးခံရာတွင်လည်း အမှတ်သာသည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

I upvote this post .
Follow and upvote me.