လက်​ရှိ​နွေရာသီ၏အပူချိန်

in esteem •  7 years ago 

image
လက်​ရှိကာလမှာ ​နွေရာသီကာလဖြစ်​​သော်​လည်း ရာသီဥတုပုံမှန်​မဟုတ်​သည်​ကိုကြုံ​တွေ့​နေရပါသည်​။အချို့​ဒေသများတွင်​ မိုးရွာသွန်း၍​လေပြင်းများတိုက်​ခတ်​ပြီး ရှမ်းပြည်​နယ်​၊ကချင်​ပြည်​နယ်​နှင့်​စစ်​ကိုင်းတိုင်း​ဒေသကြီးတို့တွင်​ အပူချိန်​​လျော့နည်း​နေသည်​ကို​တွေ့ရသည်​။ကျန်​​ဒေသများတွင်​ အထူးသဖြင့်​ ရန်​ကုန်​၊မန္တ​လေး၊​နေပြည်​​တော်​နှင့်​​ဒေသအ​တော်​များများတွင်​မူ အပူချိန်​မြင့်​မား​နေသည်​ကို​တွေ့ရသည်​။
ယခုနှစ်​​နွေရာသီကာလ၏ အပူချိန်​မှာ ယခင်​နှစ်​များက​လောက်​ အပူချိန်​ဒီဂရီမများ​သော်​လည်း လက်​ရှိတွင်​ အပူရှိန်​ကို ပြင်းပြင်းထန်​ထန်​ခံစား​နေရသည်​ဟု ထင်​ရသည်​။ဧပြီလ ဒုတိယအပတ်​မှစတင်​၍ ​နေပြည်​​တော်​ အပါအဝင်​ ပြည်​နယ်​နှင့်​တိုင်း​ဒေသကြီး ၇ခုတွင်​​နေ့အပူချိန်​များ တစ်​စတစ်​စတိုးလာ​သော​ကြောင့်​ အပူဒဏ်​​ကြောင့်​ဖြစ်​​ပေါ်နိုင်​သည့်​ ကျန်းမာ​ရေးပြသနာများကို ကြုံ​တွေ့လာရသည်​။
image
ရာသီဥတုပူပြင်းမှုဒဏ်​ကို အသက်​​လေးနှစ်​​အောက်​ က​လေးငယ်​များ၊အသက်​၆၀နှစ်​အထက်​ သက်​ကြီးရွယ်​အိုများနှင့်​နှလုံး၊​သွေးတိုး၊ဆီးချို​ရောဂါအခံရှိသူများ အထူးသတိထားကြရမည်​ဖြစ်​သည်​။အပူဒဏ်​​ကြောင့်​ ​မေ့လဲခြင်း၊​ခြေလက်​​ရောင်​ရမ်းခြင်း၊ကြွက်​တက်​ခြင်း၊အားအင်​ကုန်​ခမ်းချည့်​နဲ့ခြင်းနှင့်​​ချွေးမထွက်​ဘဲ သတိလစ်​​မေ့​မြောခြင်းစသည့်​အ​ရေး​ပေါ်လက္ခဏာများ ဖြစ်​​ပေါ်တတ်​သည်​ကို သတိမူရမည်​ဖြစ်​သည်​။
အထူးသဖြင့်​ အပူလျှပ်​၍သတိလစ်​ခြင်းကို သတိထားရမည်​ဖြစ်​ပြီး ရုတ်​တရက်​ အသက်​​သေဆုံးနိုင်​သည်​အထိဖြစ်​​ပေါ်တတ်​သည်​။အပူလျှပ်​၍သတိလစ်​ခြင်းသည်​ ခန္ဓာကိုယ်​တွင်းအပူချိန်​ညှိမှုစနစ်​ ပျက်​စီးသွားခြင်း​ကြောင့်​ဖြစ်​ပြီး အပူရှိန်​မြင့်​တက်​မှု​ကြောင့်​ လူ့ခန္ဓာ၏အပူချိန်​သည်​ ၁၀၅ဒီဂရီဖာရင်​ဟိုက်​အထိ​ရောက်​ရှိလာကာ ဦး​နှောက်​နှင့်​အခြားအင်္ဂါအစိတ်​အပိုင်းများ ထိခိုက်​ပျက်​စီး​စေ​ကြောင်းသိရသည်​။
ပုံမှန်​အားဖြင့်​ ​နွေရာသီတွင်​ ရာသီဥတုပူပြင်းမှု​ကြောင့်​ ​ချွေးထွက်​လွန်​ကာ ခန္ဓာကိုယ်​အတွင်းရှိ ​ရေနှင့်​ဆားဓာတ်​များ ဆုံးရှုံးမှုပိုများလာသည်​။အပူဒဏ်​​ကြောင့်​ ​ဖော​ယောင်​ခြင်း၊မိတ်​နှင့်​ယားနာများထွက်​ခြင်းနှင့်​ကြွက်​တက်​သည့်​​ရောဂါ​ဝေဒနာများ ခံစားရရှိနိုင်​ပါသည်​။အပူဒဏ်​​ကြောင့်​ ​ရောဂါဆိုးရွားလာပါက ပင်​ပန်းနွမ်းနယ်​ခြင်းနှင့်​မူး​မေ့ခြင်းတို့ကိုခံစားရနိုင်​ကာ ပိုမိုပြင်းထန်​ဆိုးရွားလာပါက သတိလစ်​ခြင်းအထိ ဖြစ်ပွားနိုင်​သည်​။
image
ပူပြင်း​သောအချိန်​ကာလတွင်​ အပူဒဏ်​ကိုမခံနိုင်​​သောသူများ သွားလာလှုပ်​ရှားလုပ်​ကိုင်​ရင်း အ​ရေပြားပူ၍​ခြောက်​​သွေ့ခြင်း သို့မဟုတ်​ ​ချွေးအလွန်​အကျွံထွက်​ခြင်း၊စိတ်​ရှုပ်​​ထွေးခြင်း၊သတိလစ်​ခြင်း၊တက်​ခြင်း၊ခန္ဓာကိုယ်​အပူချိန်​ အလွန်​အကျွံမြင့်​တက်​ခြင်းတို့ဖြစ်​​ပေါ်လာပါက ​ရောဂါပိုမိုပြင်းထန်​ဆိုးရွားစွာဖြစ်​​ပေါ်သည့်​လက္ခဏာ Heat Strokeဟု မှတ်​ယူရမည်​ဖြစ်​ပြီး အသက်​အန္တရာယ်​ ရုတ်​တရက်​ဖြစ်​​ပေါ်နိုင်​သည်​ကို သတိထားရမည်​ဖြစ်​သည်​။
image
သို့်ဖြစ်​ရာ ​နွေရာသီကာလ ယခုကဲ့သို့အပူချိန်​မြင့်​မား​နေ​သောအချိန်​တွင်​ လူုကြီးလူရွယ်​နှင့်​က​လေးသူငယ်​များအ​နေဖြင့်​မိမိတို့ကျန်းမာ​ရေးနှင့်​အသက်​အန္တရာယ်​ထိခိုက်​မှု မဖြစ်​​စေ​ရေးအတွက်​ သွားသတိ၊လာသတိ၊စားသတိ စသည့်​အသိတရား လက်​ကိုင်​ထားကြပါရန်​ အကြံပြုရင်း ဤ​ဆောင်းပါး​လေးကို​ရေးသားရခြင်းဖြစ်​ပါတယ်​။စာချစ်​သူညီကိုများ အားလုံးကို​ ​ကျေးဇူးတင်​ပါတယ်​။
MSU-035

@htoohan

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

This post received a $0.560 (100%) upvote from @upvotewhale thanks to @htoohan! For more information, check out my profile!

This post has received a 0.82 % upvote from @speedvoter thanks to: @htoohan.

This post has received a 0.31 % upvote from @drotto thanks to: @htoohan.

This post has received a 8.33% upvote from thanks to: @htoohan.
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.

Voting for @yabapmatt

Nice

Thanks

ဟုတ်ပ ပူချက်က ရေချိုးနေရင်းတောင် ချွေးပြန်နေတာ သတိထားမှ

😁😁

MSU 018

တော်​​တော်​ပူတယ်​ဗျာ

ဟုတ်​ပဂျာ

MSU 042