အကြမ်းဖက်မှု နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံ စစ်တပ်တွေနဲ့ ဆွေးနွေး 

in esteem •  7 years ago  (edited)

image
စကာင်္ပူမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ ၁၅ ကြိမ်မြောက် အလွတ်သဘော အစည်းအဝေးကို တက်ရောက်နေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဖိလစ်ပိုင် ၊ ဘရူနိုင်း ၊ စကာင်္ပူ ၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့ မတ်လ ၇ ရက်နေ့က သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
image
တွေ့ဆုံမှုတွေမှာ တပ်မတော်တွေအချင်းချင်း ချစ်ကြည်ရေး ၊ အပြန်အလှန်အလည်အပတ်ခရီးစဉ်တွေ ဖော်ဆောင်ဖို့ ၊ တန်ပြန်အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ၊ စစ်ဘက်ဆေးပညာရပ်တွေ အပြန်အလှန် ဖလှယ်ရေး ၊ သင်တန်းသားတွေ အပြန်အလှန်စေလွှတ်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ပါတယ်။
image
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

#ဘီဘီစီမြန်မာပိုင်း

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

နိုင်ငံရေးအကြောင်းတွေအရမ်းစိတ်ဝင်စားပါတယ်

ဟုတ်​ညီ အခုဝင်​မန့်​​ပေစတဲ့အတွက်​​ကော၊vote ​ပေးတဲ့အတွက်​​ကော​ကျေးဇူး​နော်