မုဒြာရဲ့ခေါ်သံ။

in esteem •  7 years ago 

image
Credit:photo
==========

  • ဇာတ်လမ်းရဲ့ ၉၅% အင်္ဂလိပ်ဘာသာစကားပြောတယ်၊မြန်မာစာ
    တမ်းထိုးတယ်၊၅%မြန်မာစကားပြောတယ်။

  • မြန်မာ့ဂီတ၊အက၊သုခုမပညာကိုရှေ့တန်းတင်
    ပြီးတိုင်းတစ်ပါးဂီတကိုထိုးဖောက်ထားတယ်။

  • မြန်မာတို့ရဲ့ဘာသာတရား၊သစ္စာရှိမှု၊ရိုးသား
    မှုကို ဖြန့်ဝေပေးထားတယ်။

  • မြန်မာမလေးများရဲ့ဝတ်စားဆင်ယင်မှု၊ဆက်
    ဆံပုံ စိတ်ထားကိုလှစ်ဟထားတယ်။

  • ရာဂမပါတဲ့ သိမ်မွေ့တဲ့အချစ်ကို မျက်လုံး
    အကြည့်မှာ၊ရိုးသားသော၊ကြင်နာသော၊ဖြူစင်
    သော၊နှလုံးသားနဲ့ရင်းနှီးထားသော ပုံကို
    အမျိုးသားကဖေါ်ကြူးထားတယ်၊မြန်မာမလေး
    က တည်ကြည်တဲ့၊သိက္ခာရှိတဲ့ အမျိုးဂုဏ်
    စောင့်တဲ့ အကြည့်နဲ့ တုန့်ပြန်ထားတယ်။
    ဒါ​ကြောင့်​ မောင်နဲ့နှမသားနဲ့အမိ အတူထိုင်
    ကြည့်လို့ရလောက်အောင်ယဉ်ကျေးတယ်။

  • နောက်ခံတေးဂီတကို များသောအားဖြင့်မြန်မာ
    မှုပြုထားတယ်၊ဒိုးပတ်၊ကဗျာလွတ်၊ရှမ်းအိုးစည်၊
    မျှတအောင် သမထားတယ်။မလိုတဲ့နောက်ခံ
    တီးလုံးကို ဖျောက်သင့်တဲ့နေရာလုံးဝဖျောက်၊
    မျှင်းမျှင်းလေးထားသင့်တဲ့နေရာမျှင်းမျှင်းလေး
    ထား၊ပုံအောတီးသင့်တဲ့နေရာကို ဝုန်းဒိုင်းကြဲ
    ထားတယ်။စကားပြောသံနဲ့တီးလုံးသံကိုစည်း
    ခြားထားတယ်။မဆူညံဘူး၊မပူလောင်ဘူး၊
    ရောထွေးယှက်တင်မရှိဘူး။

  • စိတ်ဓာတ်ကြံ့ခိုင်တဲ့၊စာရိတ္တကိုစောင့်စည်းတဲ့
    အမျိုးသားကောင်း၊အမျိုးသမီးကောင်းကျင့်ဝတ်
    ကို ရင်ထဲကိုယ်စီရောက်အောင်ပညာသားပါပါ
    ရိုက်သွင်းထားတယ်။

  • သစ္စာတရားဟာ သေအံ့မူးမူးဖြစ်နေသူကို
    ကယ်တင်နိုင်ကြောင်းသာဓကနဲ့လမ်းပြထား
    တယ်။

  • ဇာတ်လမ်းကိုထည့်မရေးတော့ဘူး ကြည့်မယ့်
    သူအရသာပျက်သွားမှာစိုးတယ်။

  • မြန်မာ့အလှ၊ယဉ်ကျေးမှုအမွေအနှစ်တွေကို
    နိုင်ငံတကာသိအောင် ဖိတ်ခေါ်ထားတယ်။

  • ရေးစရာတွေအများကြီးကျန်သေးတယ်။
    ဖန်​တီး ထားသူတွေရဲ့စေတနာကိုဘဲအလေး
    ထားဖော်ပြလိုက်ပါတယ်။

  • အဆိုတော်ကြီးကိုသန်းလှိုင်ရဲ့ ပြောချင်တာ
    တွေလဲပြောကြပါစေကွယ်ပေါ့။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi, I just followed you :-)
Follow back and we can help each other succeed! @hatu

good

nice

ဇတ်ကားကောင်းလေးပါ