သူတောင်းစားတစ်ယောက်ရှိတယ်… သူ့ရဲ့ ဘယ်ဖက်လက် တစ်ဖက်လုံးပြတ်ထားရှာတယ်… ကြည့်လိုက်ရင် တော်တော်လေးကို သနားဖို့ကောင်းပြီး လူတော်တော်များများကလဲ သူ့ကို ဆိုရင်စွန့်ကြဲပေးကမ်းလေ့ရှိတယ်…တစ်နေ့မှာ သူဟာ အိမ်လေးတစ်အိမ်ဆီကိုရောက်လာ ပြီး တောင်းရမ်းတယ်…
အိမ်ရှင်မကသူ့ကို အိမ်ရှေ့က အုတ်ခဲတွေကို အိမ်နောက်ဖေးကို အရင်ပြောင်းပေးဖို့ပြောလိုက်တယ်… သူတောင်းစားဟာ စိတ်တိုပြီး အိမ်ရှင်မကို ပြောတယ်…
“ကျနော် လက်တစ်ဖက်ပြတ်နေတာကို ခင်ဗျား မြင်ရက်သားနဲ့ ကျနော့ကို ဒီလို လုပ်ခိုင်းနေတာ ခင်ဗျားနောက်နေတာလား?” မထင်မှတ်ထားတာက အိမ်ရှင်မဟာ အုတ်ပုံရှေ့မှာ ထိုင်ချလိုက်ပြီးလက်တစ်ဖက်တည်းနဲ့ အုတ်တုံးတစ်တုံးကို မ ပြလိုက်ပြီး အိမ်နောက်ဖေးကို သွားပြီး အိမ်ရှေ့ပြန်လာခဲ့တယ်… ပြီးတော့သူတောင်းစားကို ပြောလိုက်တယ်… “ငါတောင်လက်တစ်ဖက်တည်းနဲ့ မ နိုင်တာ… နင်လက်တစ်ဖက်တည်းနဲ့မ မ နိုင်ဘူးလား?”
သူတောင်းစားကလဲ ဘာမှပြန်ပြောစရာမရှိတော့ဘဲ ခေါင်းကို ငုံ့ပြီး အုတ်တုံးတွေကို လက်တစ်ဖက်တည်းနဲ့ ဖြည်းဖြည်းချင်း သယ်ရွှေ့ပေးလိုက်တယ်…
နှစ်နာရီ လုံးလုံး လုပ်ပြီး မှ အုတ်တွေသယ်လို့ပြီး သွားတယ်… သူကတော့ ချွေးတွေရွှဲလို့ … အိမ်ရှင်မဟာ သူ့ကို ပုဝါ အဖြူတစ်ထည်ကမ်းပေးလိုက်တယ်…
သူ မျက်နှာနဲ့ လည်ပင်တွေကို သုတ်လိုက်တော့ပုဝါ အဖြူဟာ အမည်းပြောင်းသွားတယ်… အိမ်ရှင်မဟာ သူ့ကို ငွေ ၂၀၀၀ ကျပ်ပေးလိုက်တယ်… သူတောင်းစားဟာ အိမ်ရှင်မကို ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ် ပြောလိုက်တယ်… အိမ်ရှင်မက ပြန်ပြောလိုက်တယ်…
“ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး… ဒါဟာ မင်းရဲ့ချွေးနဲ့ လဲလာခဲ့တဲ့ လုပ်အားခပါ…” သူတောင်းစားကပြန်ပြောလိုက်တယ်… “ကျနော်ခင်ဗျားကို ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး… ဒီ ပုဝါလေးကို ကျနော့ အတွက်အမှတ်တရလေးဖြစ်အောင်ပေးပါ…
” နှစ်ပေါင်းများစွာ ကြာပြီး နောက်ပိုင်းမှာ အဲဒီ သူတောင်းစားဟာ အ၀တ်အစား သပ်သပ်ရပ်ရပ်နဲ့ အဲဒီအိမ်ရှေ့ကို ပြန်ရောက်လာခဲ့တယ်… အသက်ကြီးနေပြီဖြ စ်တဲ့အိမ်ရှင်မကြီးကို မြင်တော့…
“ကျနော် အရင်တုန်းက သူတောင်းစားပါ… အခုတော့ကုမ္ပ္ပဏီ တစ်ခုရဲ့ ဥက္ကဌ ဖြစ်နေပါပြီ… ခင်ဗျားဟာကျနော့ရဲ့ ပျောက်ဆုံးနေတဲ့ဂုဏ်သိက္ခာကို ပြန်ရှာပေးခဲ့သူပါ… ကျနော့ရဲ့ ယုံကြည်စိတ်ကို ပြန်လည် တည်ဆောင်ပေးခဲ့သူပါ… ခင်ဗျားသာ မရှိရင်ကျနော်ဟာ လေလွင့်နေဦးမှာ အမှန်ပါဘဲ…
” အိမ်ရှင်မ ကပြန်ပြောလိုက်တယ်… “ဒါတွေ အားလုံးဟာ မင်းကိုယ်တိုင်တည်ဆောက်ခဲ့တာတွေပါဘဲ…” လက်တစ်ဖက်ကုမ္ပ္ပဏီ ဥက္ကဌ ဟာ အိမ်ရှင်မကြီးကိ အိမ်တစ်လုံး လက်ဆောင်ပေးဖို့ပြောတယ်… အိမ်ရှင်မကြီးက ငြင်းပယ်လိုက်ပါတယ်… ဥက္ကဌကြီးကဒါကို နားမလည်နိုင်ဘူး… အိမ်ရှင်မက ရယ်ပြီး ပြောလိုက်တယ်… “ငါတို့ မိသားစု အားလုံးဟာ လက်တစ်စုံဆီ ရှိကြတယ်လေ…” လူဆိုတာဟာ တန်ဖိုးရှိရှိရှင်သန်ဖို့ အရေးကြီးတယ်…
ကိုယ့်ကိုယ်ကို လေးစားသလို ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ကိုယ်သိတဲ့လူတွေကိုလဲဂုဏ်သိက္ခာတက်လာအောင် လုပ်ပေးဖို့လိုတယ်… မသိတဲ့လူတွေကိုလဲ လေးစားဖို့လိုတယ်… ကိုယ့်ရဲ့ အလုပ်ကနေ ပျော်ရွှင်ခြင်းဆိုတာကို ဖော်ထုတ်နိုင်မှ လဲ ကိုယ့်ရဲ့ ဘ၀ဟာ တန်ဖိုးရှိလာမှာဖြစ်ပါတယ်… ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ်ကို လုပ်တယ်…
ငွေကြေးရရှိမှုက တခြားသူတွေလောက်မများပေမဲ့… ပိုက်ဆံချမ်းသာပြီး ၀ိဥာဉ်ကင်းမဲ့နေတဲ့သူတွေထက်စာရင်ပိုပြီး တန်ဖိုးရှိပါလိမ့်မယ်…
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
SMT-59
Nice
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt 62
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
noted bro this is good
smt63
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT52
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT(51)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT 57
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt-66
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
smt 54
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT No 55
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT 58
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt64
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt 61
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT-53
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT65
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
;)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit