''Binance Exchange ဆိုသည်မှာ''

in esteem •  7 years ago 

''Binance Exchange ဆိုသည်မှာ''
Binance Exchange(web;https://binancexchanges.com) ဆိုတာ အလျင်အမြန်ဆုံးအရှိန်အဟုန်နဲ့ တိုးတက်အောင်မြင်လာတဲ့ တရုတ်နိုင်ငံ အခြေစိုက် Cryptocurrency Exchange တစ်ခုပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၅လ ဆိုတဲ့ တိုတောင်းလှတဲ့ အချိန်ကာလတစ်ခုအတွင်းမှာပဲ Cryptocurrency ပမာဏအများဆုံး အရောင်းအဝယ်ပြုလုပ်တဲ့ Top 10 Exchanger စာရင်းမှာ ဝင်ရောက်လာခဲ့ပါတယ်။
image
Binance Exchange ရဲ့ အားသာချက်တွေကတော့
၁။English, Russian, Chinese, Japanese, Korean အစရှိတဲ့ ဘာသာစကားမျိုးစုံ ထောက်ပံ့ပေးပါတယ်။
image
၂။Binance App ရဲ့ User Interface ဟာ အလွန်ပဲ ရိုးရှင်းလွယ်ကူလှပါတယ်။ဒါ့ကြောင့် အရောင်း/အဝယ် Order ဖွင့်တဲ့အခါ ရိုးရှင်းလွယ်ကူစွာနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
image
၃။Binabce Exchange မှာ အသုံးပြုထားတဲ့
Certified Matching Engine ဟာ တစ်စက္ကန့်မှာ Order ပေါင်း တစ်သန်းလေးသိန်း(1,400,000 Orders)ကို လက်ခံဆောင်ရွက်ပေးနိုင်တဲ့အတွက်ကြောင့် အလျင်အမြန်ဆုံး Market တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
image
၎။Binance Exchange မှာ Steem အပါအဝင် Cryptocurrency အမျိုးအစား အတော်အသင့် စုံလင်ပြီး အထူးသဖြင့် Popular အဖြစ်ဆုံး Crypto တွေ အရောင်း/အဝယ်ပြုလုပ်နိုင်ပါတယ်။Steem ပါဝင်တဲ့အတွက် Steemit Newbies တွေအနေနဲ့ မဖြစ်မနေ အကောင့်ဖွင့်ထားသင့်ပါတယ်။ဘာလို့လည်းဆိုတော့ Bittrex လိုမျိုး Exchange ကြီးတွေက အကောင့်အသစ်ဖွင့်ဖို့ လောလောဆယ် မလွယ်ကူသေးတာရယ် Bittrex မှာ အကောင့်ရလာပြီဆိုရင်တောင် Verify လုပ်ဖို့ Passport မရှိသူတွေအတွက် အခက်အခဲက ရှိနေဦးမှာပါ။
image
၅။Binance Exchange မှာ အကောင့်ဖွင့်ရတာ လွယ်ကူပါတယ်။
၆။Binance Exchange မှာ အကောင့် Verify မလုပ်လည်း ငွေအသွင်းအထုတ် အဆင်ပြေပါတယ်။
၇။Trader တွေအတွက် အကြိုက်ဆုံးဖြစ်မယ့် အချက်တစ်ချက် ကျန်ပါသေးတယ်။အဲဒါကတော့ Trading Fee အလွန်ချိုသာပါတယ်။0.1% ပဲရှိပါတယ်။ဒါဟာ ကျွန်တော်တွေ့ဖူးသမျှ Exchange တွေ အားလုံးထဲမှာ Trading Fee အသက်သာဆုံးပဲ ဖြစ်ပါတယ်။
ကဲ-----ဒါဆိုရင်တော့ Binance Exchange ဟာ မိတ်ဆွေတို့အတွက် ရွေးချယ်ဖို့အကောင်းဆုံး Exchange တစ်ခု ဖြစ်တယ်ဆိုတာ သေချာသွားပြီ မဟုတ်လား။
image
မိတ်ဆွေအားလုံး ကျမ်းမာချမ်းသာပြီး မင်္ဂလာရှိတဲ့ နေ့ရက်ကလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေဗျား။
author ; khan5 (Crypto Boy)
20.2.2018

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Thank you for your explanation about binance exchange.I'll open an account at binance sooner.Thanks you so much brother.

ကျေးဇူးပါဗျို့

ကျေးဇူးတင်ပါတယ် ဘဒိုရေ
ကျွန်တော်လည်း binance မှာ အကောက်ဖောက်ထားဦးမယ် ဘဒို

အခုလိုမျှဝေပေးတဲ့အတွက် ကျေးဇူးပါဗျာ
နောက်ထပ် post တွေကိုလည်း စောင့်မျှော်နေပါ့မယ်ဗျ

ဗဟုသုတတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်

This is a good post.I like your post and upvoted it.Thank you,brother.

ဗဟုသုတတွေ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ

ဆက်လက်အားပေးနေပါ့မယ် ကွီးရေ
နောက်ထပို့စ်တွေ မျှော်နေမယ်နော်