လြၿပီ

in esteem •  7 years ago 

"မကြီးကျယ်လိုက်ပါနဲ့"
image
၁)အသုံးမကြီးပါနဲ့
သုံးစွဲတယ်ဆိုတာက တကယ်လိုအပ်လာလို့
သုံးတာနဲ့ မလိုအပ်ဘဲသုံးစွဲခြင်းတို့ုဖြစ်ပါတယ်
ကိုယ့်ဝင်ငွေနဲ့မမျှအောင် လက်ဖွာခြင်းက လတ်တလောမှာ
မသိသာပေမယ့် ကိုယ်တကယ်လိုအပ်လာချိန်မှာ
တစ်ကျပ်နှစ်ကျပ်ကအစ ငတ်တဲ့အချိန်ကျတော့ သိသာတယ်။

၂)အကြွားမကြီးပါနဲ့
ကြွားဝါခြင်းဆိုတာက ရှိနေတာထက် ပိုဟန်လုပ်ခြင်းဖြစ်သလို
ကိုယ့်မှာရှိနေတာကို လူမသိသိအောင် ထုတ်ဖော်ခြင်းပါ။
လူအထင်ကြီးခံချင်စိတ်ဖြင့် "တစ်စိတ်ကိုတစ်အိတ်"လုပ်မိရင်
နို့ဆီဗူးတစ်ဗူးစာပဲ ကျန်ရှိနေတဲ့အချိန်ရောက်တော့
အခြားသူက မကူညီတဲ့အပြင် ဝမ်းသာနေကြပါလိမ့်မယ်။
လူ့သဘာဝက အခြားသူတိုးတက်လာတာကို မုဒိတာပွားသူကနည်းပီး
ကျရူံးနေတာကိုပဲ မျှော်လင့်တတ်ကြတယ်။
ကိုယ့်ရဲ့ပိုင်ဆိုင်မူှကို ကြွားနေမယ့်အစား ကိုယ့်အရည်အချင်းနှင့်
စိတ်ဓာတ်မြင့်မားမှုကို အခြားသူတွေ အတုယူနိူင်အောင်ပြသပါ။

၃)အပြောမကြီးပါနဲ့
စကားတစ်လုံးဆိုတာ ပြောရတာလွယ်ပေမယ့် စကားနှင့်အညီ
တာဝန်ယူနိူင်ဖို့ဆိုတာ အင်မတန်ခက်ပါတယ်။စကားပုံရိုင်းရိုင်းပြောရရင်
"ဖင်မနိူင်ဘဲ ပဲဟင်း မသောက်ပါနဲ့"။

၄)ဒေါသမကြီးပါနဲ့
ဒေါသဆိုတာက လူသားတွေကို အကောင်းဆုံး ဒုက္ခပေးနေသာ
နတ်ဆိုးပါ။ ဒေါသကြောင့် ဘဝတက်လမ်းတွေ ပိတ်သွားတတ်သလို
ဒေါသကြောင့်ပဲ ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရူံးကြရတယ်။
ဒေါသကြောင့် အောင်မြင်မူှတွေ ပျောက်ဆုံးတတ်သလို
ဒေါသကြောင့်ပဲ ဂုဏ်သိက္ခာတွေ ပွန်းပဲ့ခဲ့ကြရတယ်။
ခဏတာစိတ်ရိုင်းကြောင့် တစ်ဘဝစာနောင်တမရဖို့ အရေးကြီးပါတယ်။image

၅)မာနမကြီးပါနဲ့
မာနဆိုတာ "မာန်"ဆိုတဲ့စကားက ဆင်းသက်လာပီး
မာန်ကြီးတော့ အထိီးကျန်နေရတတ်တယ်။
မာနဆိုတာက ချပြသင့်တဲ့ ဓါး တစ်လက်တော့ မဟုတ်ဘူး
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဒိုင်းအကာတစ်ခုပါ။
အတ္တ တွေကြီးလာရင် မာန်တွေဖီလာတတ်ပီး ယုံကြည်မူှတွေ
အစွန်းရောက်ကာ အမြင့်ပေါ်က ပြုတ်ကျတဲ့အခါ
ပြန်လည်ထူမတ်ဖို့ အင်မတန်ခဲယဉ်းသွားစေတတ်တယ်။
ရုပ်လှလို့လဲဖြစ်ဖြစ် ၊ ချမ်းသာလို့ဖြစ်ဖြစ် ၊ ပညာဂုဏ်ကြောင့်ဖြစ်ဖြစ်
မာန်မတက်လိုက်ပါနဲ့။
ဘာလို့လည်းဆိုတော့ သေရင်ကိုယ့်နောက်ပါလာမှာ မဟုတ်သလို
ချီးထုပ်ကြီးကိုပဲ သံသရာအထိ ထမ်းသွားနေရတတ်တယ်။

လူတစ်ယောက်က ဘယ်လောက်တော်တော်
အသုံးကြီးရင် ပလိုင်းပေါက်နဲ့ဖားကောက်နေရမှာပဲ။

လူတစ်ယောက်က ဘယ်လောက်ချမ်းသာချမ်းသာ
အကြွားကြီးရင် ဂုဏ်တော့တက်လာမှာမဟုတ်ဘဲ
မနာလိုသူပဲ များလာပါလိမ့်မယ်။

လူတစ်ယောက်က ဘယ်လောက်ပဲအခြားသူကို ပစ်ကျနိူင်အောင်
ပြောပြော ကိုယ့်စကားကို တာဝန်မယူနိူင်ရင်
အလကားပါပဲ။
image
လူတစ်ယောက်က ဘယ်လောက်ပဲ တရားအသိရှိတယ်ပြောပြော
ဒေါသစိတ်ကိုမနိူင်ရင် အမှားများနဲ့ သူ ဖြစ်နေရအုံးမှာပဲ။

ကိုယ့်ကိုယ်ကို လှတယ် ချောတယ် ဘယ်လောက်ပဲ အများကပြောပြော
မာန်တက်နေရင် အထီးကျန်နေရမှာပဲ။

သူငယ်ချင်း......
ဘယ်အရာမှ အစွန်းမရောက်စေနဲ့နော်
#Linlast

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!