My children life feeling writing

in esteem •  7 years ago  (edited)

ငယ်​စဉ်​ဘဝ၊အမှတ်​တရ
လူတိုင်းမှာငယ်​ရွယ်​စဉ်​ကာလက​လေးဘဝတွင်​အမှတ်​တရ​လေး​တေရှိခဲ့ဖူးကြလိမ့်​မယ်​လို့ထင်​ပါတယ်။အ​မေနဲ့အ​ဖေ့ဆီကမုန့်ဖိုး​တောင်းလို့လွယ်​အိတ်​က​လေး​နောက်​ပြစ်​လွယ်​၊​ကျောင်းကိုအမြန်​​ပြေးလစ်​တဲ့အရွယ်​၊ငယ်​ဘဝ​တေကို၊တခါခါ​တော့လဲအမှတ်​ရလွမ်းမိပါသည်​။အဘိုးနဲ့အဘွားရဲ့အိပ်​ယာဝင်​ပုံပြင်​စကား​တေနဲ့​မွေး​မေ​မေရဲ့သား​ချော့​တေး​တေကိုလဲ၊ပြန်​လဲကာမြင်​​ယောင်​ရင်းသတိရပါတယ်​။ imageမိုး​ရေ​ဖွေး​ဖွေး၊​ချောင်း​ရေ​အေး​အေးမှာသူငယ်​ချင်းတစ်​သိုက်​၊ဒိုင်​ဗင်​ထိုးစိုက်​လို့၊​ပျော်​ရွှင်​စွာ​ရေကူးကစားခဲ့ချိန်​​တေ၊လသာသာညအခါမှာမိနှင်း၊ဂွက်​​ထော်​၊စာဥတို့နဲ့စိန်​​ပြေးတမ်းလိုက်​ကစားခဲ့ပုံ​တေအတိ​တေကြာခဲ့​ပေမယ့်​၊ငယ်​​ပေါင်းသူငယ်​ချင်းများနဲ့တစ်​ကွအ​မေနဲ့ရွာကိုမ​မေ့တဲ့အ​ကြောင်း​ကို၊သတိရတိုင်း​အောက်​​မေ့လိုအမှတ်​တရရှိရပါတယ်​​လေ။အတူတူကြီးပြင်းကြလို့၊​ရေကြည်​ရာမြက်​နုရှာရင်း၊တစ်​​ယောက်​တစ်​နယ်​စီခွာသွားခါ၊ကျရာတာဝန်​ထမ်း​နေကြတဲ့ငယ်​​ပေါင်းသူငယ်​ချင်းများနဲ့အမှတ်​တရပြန်​ဆုံခွင့်​​တော့ရချင်​မိပါ၏။ရာသီ​တေအလီလီ​ပြောင်းလို့နှစ်​​တေဘယ်​လိုကြာ​ညောင်းခဲ့​ပေမယ့်​လဲ၊အတူတူတက်​ခဲ့ကြတဲ့ရွာ​ကျောင်းကြီးက​တော့အ.မ.ကအဆင့်​မှ​ပြောင်းလို့အ.ထ.ကအဆင့်​နဲ့ဂုဏ်​တင့်​​နေခဲ့တာကြာခဲ့ပြီ​လေ။ကျောင်းထဲကမန်​ကျီးပင်​ကြီးနဲ့ခ​ရေပင်​ကြီး​လဲ​ဟောင်းလို့၊တို့​တွေကို​မေ့ပီထင်​ပါရဲ့။အမှတ်​တရမှသည်​​မေ့မရတဲ့ပုံရိပ်​များစွာရှိခဲ့တဲ့ရွား​ကျောင်းရဲ့​ခေါင်း​လောင်းသံက​လေး​တေလဲကြား​ယောင်​လို့လာမိပါတယ်​သူငယ်​ချင်း​တို့​ရေ။
Writing by @komoewai

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!