You can earn some cryptocurrency from steemit

in esteem •  7 years ago 

ကိုယ်​လက်​ရှိ ပိုင်​ဆိုင်​ထားတယ်​လို့

သတ်​မှတ်​ထားတဲ့ ကိုယ့်​လင်​ ကိုယ့်​မယားက

ဘယ်​လိုလက်​ထပ်​စာချုပ်​နဲ့ပဲ ချုပ်​ထားချုပ်​ထား

ကိုယ်​ပိုင်​တယ်​လို့်ထင်​လား........?



ကိုယ်​ရှာထားတဲ့ စည်းစိမ်​ဥစ္စာ​တွေ

ဘယ်​သူမှမပိုင်​ဘဲ ကိုယ်​ပဲပိုင်​တယ်​လို့

ယူဆ​နေလား........?



ကိုယ်​​မွေးထားတဲ့ သားသမီး​တွေ

ကိုယ့်​​ဆွေမျိုး​တွေအားလုံးက

ကိုယ့်​​သွေးသားပဲဆိုပြီး ကိုယ်​ပိုင်​တယ်​လို့

ယုံကြည်​ထားလား......?



ကိုယ့်​အ​သွေးအသားနဲ့ ကိုယ့်​ခန္ဓာက

ကိုယ်​တစ်​​ယောက်​တည်း ပိုင်​တာပါလို့

အမြဲ ယုံကြည်​​နေမိလား.......?
image

နောက်​ဆုံး ကိုယ့်​ဘဝ ၊ ကိုယ့်​နှလုံးသား

ကိုယ့်​ရဲ့အ​တွေး ၊ ကိုယ့်​အရည်​အချင်း

ကိုယ်​နဲ့ ပတ်​သက်​တဲ့အရာအားလုံးက

ကိုယ်​အမြဲပိုင်​တယ်​လို့ ထင်​​နေလား.......?



သေ​သေချာချာ​တွေးကြည့်​ပါ

ဘယ်​အရာမှ မပိုင်​ပါဘူး

ဘာလို့လဲဆို​တော့ ကိုယ့်​မယား ၊ ကိုယ့်​လင်​သားကို

ခေါင်းစဉ်​တစ်​ခု​အောက်​မှာ ကိုယ်​ပိုင်​ထား​ပေမယ့်

သူ့ရဲ့စိတ်​နဲ့ နှလုံးသားကို ကိုယ်​အမြဲ

အပိုင်​ရဖို့ မလွယ်​ပါဘူး။



ကိုယ်​ရှာထားတဲ့ စည်းစိမ်​ဥစ္စာ​တွေက

အမြဲကိုယ့်​အနားမှာ ကိုယ်​ဆုပ်​ကိုင်​ထားဖို့

မလွယ်​သလို ရန်​သူမျိုးငါးပါး​ကြောင့်​လည်း

အချိန်​မ​ရွေး ပျက်​စီးသွားနိုင်​ပါတယ်​။



ကိုယ်​​ကျွေး​မွေး​စောင့်​​ရှောက်​ထားတဲ့

သားသမီး​ဆွေမျိုးဆိုတာကလည်း

အရွယ်​​ရောက်​လာရင်​ ကိုယ်​က အမည်​ခံ

ပိုင်​ရှင်​ဖြစ်​ပြီး ပိုင်​​နေ​ပေမယ့်​ မဆိုင်​သလို

ဖြစ်​လာမှာပါပဲ။
image

ကိုယ့်​အ​သွေးအသားနဲ့ ကိုယ့်​ခန္ဓာဆိုတာကလည်း

ကိုယ့်​ဒူး​တောင်​ ဘယ်​အချိန်​​ခွေကျသွားမလဲ​ပြောမရတာ

ကျန်​တာက​တော့ အ​ကြွေးပါလာရင်

အရွယ်​မ​ရွေး ပျက်​စီးကြရတာပါပဲ။



နောက်​ဆုံး ကိုယ့်​ဘဝ ကိုယ့်​အရည်​အချင်း

ကိုယ့်​အ​တွေး​တွေအားလုံးကလည်း

အရွယ်​ရလာတာပြီး ရင့်​ကျက်​လာတာနဲ့အမျှ

ကိုယ့်​အတွက်​ ဆိုတာထက်​ သူများအတွက်​ပဲ

တွေးလာရတာပါပဲ​လေ။



ဘယ်​အရာမှ မပိုင်​သလို ဘယ်​အရာကမှလည်း

ကိုယ့်​အနား ကြာရှည်​မ​နေမယ့်​အတူတူ

အရာအားလုံးကို ထိုက်​သင့်​သ​လောက်​ပဲ

သံ​ယောဇဉ်​ထားတာ ပို​ကောင်းပါလိမ့်​မယ်​။



သေရင်​ကိုယ့်​​နောက်​ ဘာမှ မပါလာမယ့်​အတူတူ

ကိုယ့်​​နောက်​ကို အရိပ်​လိုလိုက်​လာမယ့်

ကုသိုလ်​ ၊ အကုသိုလ်​​တွေကြားမှာ

အတတ်​နိုင်​ဆုံး ​နေတတ်​မှ

ဘဝက အဓိပ္ပာယ်​ ​လေးနက်​ပြည့်​စုံလာမှာဖြစ်​ပါတယ်​။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by koyell from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.