လာသာလာပါ

in esteem •  7 years ago 

အကျင့်ဆိုတာဖျောက်ရင် ရပေမယ့်
ဗီဇဆိုတာ ဖျောက်မရဘူး တဲ့.
ကြားသိမှတ်ဖူးတာလေး.

ပြုပြင်ပြောင်းလဲလို့ရတာတွေရှိတယ် ...
ပြုပြင်မပြောင်းလဲလို့ရတာတွေရှိတယ် ...
ပြုပြင်ပြောင်းလဲပေးမယ့်သူက ...
မေတ္တာကရုဏာ အကြင်နာ စိတ်ရှည် ညည်းခံ ခွင့်လွှတ်မှုတွေရှိရမှာလို ...
image
အကောင်းဆုံးသော လက်ဆောင်ထဲက တစ်ခုက ' အချိန် ' တဲ့ ...
ကိုယ့်ရဲ့ ရှင်သန်နေရတဲ့ နေ့ရက်တွေမှာ ...
အချိန်တိုင်းက တန်ဖိုးရှိတယ် မဟုတ်လား ...
ဥပမာ ... လူတစ်ယောက်က တစ်လဘဲအသက်ရှင်တော့မယ်ဆိုပါတော့ ...
နေ့ရက်တိုင်းရဲ့ စက္ကန့်တိုင်းက သူ့အတွက်အဖိုးတန်တယ်.

ဘယ်နေ့သေရမယ် မသိတဲ့ဘဝမှာ ...
ကိုယ်ဟာ သူတစ်ပါးဆီက သူအသက်ရှင်ခွင့်ရတဲ့နေ့ရက်တိုင်းရဲ့ အချိန်တွေကို ရရှိနေတယ်ဆို တန်ဖိုးထားရမှာပေါ့ ...
သူ့ဆီက ' လက်ဆောင် ' ဟာ ...
စိန်တွေ ရွှေတွေ တန်ဖိုးကြီးလက်ဆောင်မှ အဖိုးတန်လို့ သတ်မှတ်မယ်လား ?
မသတ်မှတ်ပါနဲ့ ...
တကယ့်အဖိုးတန်လက်ဆောင်ဆိုတာ သူကိုယ့်ကိုပေးနေတဲ့ သူရှင်သန်နေတဲ့နေ့ရက်တွေထဲက ' အချိန် ' တွေပါ ...

ကိုယ်ချစ်ခင်ရသူတွေကို အချိန်ပေးပါ ...
တစ်နေ့ ကိုယ့်အနားသူတို့မရှိတော့ရင် ...
သူတို့အတွက် ကိုယ်မပေးခဲ့တဲ့အချိန်တွေအတွက် ...
နောင်တရရမှာစိုးလို့ပါ.

ကိုယ့်ကို ' အချိန် ' ပေးသူတစ်ဦးချင်းစီ အယောက်စိတိုင်းရဲ့ အချိန်တွေကို မြတ်နိုးတန်ဖိုးထားရမှာပေါ့ ...
သူတို့ရှင်သန်ခွင့်ရနေ့ရက်တွေထဲက အချိန်ဆိုတာ သူတို့ရှင်သန်မှု ကိုယ့်ကိုပေးနေတာပေါ့.

သူပေးတဲ့ ' အချိန် ' လက်ဆောင်လေးတွေတန်ဖိုးထားရင်း နေ့ရက်တိုင်းအေးချမ်းပျော်ရွှင်ပါစေ.
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Upvoted ☝ Have a great day!