ူမိုက်​အကျင့်​ ကူးစက်​မခံနှင့်

in esteem •  7 years ago 

အ​ပြော ၊ အဆို ၊အ​နေ ၊ အထိုင်​ အဆင့်​အတန်းနိမ့်​တဲ့
အကျင့်​ယုတ်​သူနဲ့ ​ပေါင်းမိပြီး အကျင့်​ယုတ်
အမူအရာ​တွေစွဲသွားတဲ့ လူငယ်​အချို့ လည်း
ရှိတတ်​ကြတယ်​။ရိုင်းရိုင်းစိုင်းစိုင်း​ပြောတာ၊
ဆဲ​ပြောတာ​တွေဟာ ကြားရပါ များရင်
နားယဉ်​လာတယ်​။ ကိုယ်​နှုတ်​ကလည်း ကြာ​တော့​ပြောရဲ၊
ထွက်​ရဲလာ​တော့တယ်​။ တဖြည်းဖြည်း အကျင့်​ပါသွားတဲ့သ​ဘောပဲ။
လူမိုက်​​တွေဟာ လူ့​လောကရဲ့ ဆူး​ညှောင့်​ခလုတ်​များ
ဖြစ်​တယ်​။ လူမှုဆက်​ဆံ​ရေးမှာ အဆိုးအပြစ်​ကို
ဖန်​တီးသူ​တွေပဲ။ ကိုယ့်​ဘဝကိုယ်​ဘပျက်​စီး​အောင်
လုပ်​ရုံမက ပတ်​ဝန်းကျင်​ကိုလည်း ထိပါးတယ်​။.
ဒုက္ခ​ပေးတယ်​။ နီးစပ်​ရာ ပတ်​ဝန်းကျင်​ လွပ်​လပ်
ငြိမ်းချမ်းမှုကို ဖျက်​စီးတတ်​ပြန်​တယ်​။
လူမိုက်​ဆိုတာက ခက်​တယ်​။ လူမိုက်​ဆိုတာ
ကိုယ့်​ကို တစ်​ကြိမ်​တစ်​ခါ အကျိုးပြု​ပေမယ့်
နောက်​တစ်​ကြိမ်​မှာ ဒုက္ခ​ပေးချင်​​ပေးတတ်​ပြန်​တယ်​။
ဗုဒ္ဓမြတ်​စွာရဲ့ မင်္ဂလသုတ်​မှာ "အ​သေဝနာစဗာလနံ၊
ပဏ္ဍိတာနဉ္စ ​သေဝနာ" ဆိုတဲ့ ကျင့်​ဝတ်​မင်္ဂလာနဲ့
စတင်​ထားတာ ဖြစ်​တယ်​။ image
လူမိုက်​ကို​ရှောင်​ပြီး ပညာရှိကို​ပေါင်းရမှာဖြစ်​တယ်​။
အဲသည်​လိုသ​ဘောတရားမျိုး မဟာဇနကဇာတ်​​တော်​မှာ
ရှိတယိ။ ပညာရှိတို့နှင့်​ တိုင်​ပင်​အပ်​​ကြောင်း
ဟောကြား​တော်​မှုခဲ့တယ်​။ image
@kyawwin😍😍SMT-18

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

smt38

SMT-44

SMT 46

This post has received a 100 % upvote from @min2thant (S M T 33)

SMT 48

SMT37

smt39

SMT 35

Smt 40

SMT 32

Smt26

Smt 30

Smt29

smt36

SMT-28

Smt.34

SMT 45

Smt31

Smt 43

Smt47