အဖေ
"အဖေ"
"သား ဆယ်တန်းကျတယ်"
နွားစာ ကျွေးနေသော အဖေ ရုတ်တရတ်တုံ့သွားသည်...
မီးဖိုချောင်ထဲ ထမင်းချက်နေသော အမေက
ကြားလိမ့်မည် မထင်။အဖေ စကား တလုံးမှ မပြောပဲ…
ကျတော့်ကို စူးစိုက်ကြည့်နေသည်။
"ဟိုးမှာ……တွေ့လား ငါ့သား…!!!
ဓား ၂ ချောင်းစီ ကျတော့်ကိုညွှန်ပြသည်။
(စကားလမ်းလွှဲလိုက်သည်ဟု ကျတော်ထင်)
"လှည်းပေါ်တင်ကွာ အဖေနဲ့ လယ်တော…ခဏလိုက်ခဲ့… အင်္ကျီထူထူ ယူခဲ့ "
နွားညိုသိုးကြီး ၂ ကောင်ကို ဆွဲသွားပြီး…
အဖေ… နွားလှည်းတပ်နေပြီ ။ ကျတော် အဖေ့နောက်မှ ၀င်ထိုင်လိုက်သည်။(အတွေးထဲ ကျောင်း များထုတ်လိုက်သည်ဟုထင်ခဲ့)
လယ်တောရောက်တော့ အဖေ ကျတော့် ကို ထွန်တုံး ဆင်ပေးပြီး ထွန်ခိုင်းသည်။ ကျတော်အူကြောင်ကြောင် ဖြစ်သွားတယ်။ အဖေ… ငါ့ကို တကယ်များ ကျောင်း ထုတ်လိုက်ပြီလား…?
ကျတော့်ကို တခါမှ အလုပ် မခိုင်းဘူးခဲ့တဲ့ အဖေ က
ဒီလိုလုပ်တော့ အံ့သြသွားမိတာပေါ့...
ကျတော်…နွားကို ရိုက်လိုက်သည်။ လယ်ထဲကို… သုံးပတ်လောက် ပတ်မိတဲ့အချိန် ဖြေဖဝါးတွေကသွေးကျင်ဥ လာတယ်။နေပူတဲ့ဒဏ် ကြောင့် ချွေး… တလုံးလုံးနဲ့ ပင်ပန်းတဲ့ဒဏ်ကို မခံစားနိုင်တော့ဘဲ…
ကျတော်…ယိုင်ကျသွားသည်။
"ငါ့သား ..အဖေတို့ မင်းလို ပညာမသင်ခဲ့ရဘူး။
ပညာ ဆိုလို့ ၄ တန်းပဲအောင်ခဲ့တာ။
မင်းကိုကျောင်းထားတယ်ဆိုတာ…အဖေတို့လို…
ပင်ပန်းမှာ စိုးလို့။ ငါ့သားသမီးတွေ…ငါ့လို…
မဖြစ်ရလေအောင် ဆိုပြီး… အဖေတို့…မင်းကို……
ဘော်ဒါဆောင်မှာ ကောင်းကောင်း ထားပြီး……
စာသင်ခိုင်းခဲ့တာ..…အဖေတို့ မင်းဆီက ဘာမှ……
မျှော်လင့်ချက်…မရှိဘူး။ ငါ့သားသမီး…ငါ့လို
ပင်ပင်ပန်းပန်းနဲ့…မလုပ်စားစေချင်လို့..…
နောင်တချိန်မှာ မင်း ဘ၀လေး သာယာလှပဖို့……
(ပြောရင်းနဲ့ အဖေ့အသံက ငိုသံပါသလိုလိုခံစားရ)
ကျတော်နောင်တနဲ့ အတူ မျက်ရည်တွေ ကျလာခဲ့သည်။
(စာ မကျက်မိသည်များကို) ...
ဟိုးအဝေး က အမေ တလှုပ်လှုပ်နဲ့……
ထမင်းတောင်းကို ရွတ်လာတာ…မြင်နေမိသည်။
အဖေ့ ကို ထာဝရ အစဉ်လေးစားလျက်
ZawHtetAung
photo : google