Pagoda Cermony (Part -3)

in esteem •  5 years ago 

အညာဘုရားပွဲနှင့် ဧည့်ခံမုန့်

Hello , all steemit member.

အညာဘုရားပွဲ များတွင် ဧည့်ခံလေ့ ရှိကြသည့် အစားအသောက်ပုံစံ ဧည့်ခံ ကြွေးမွေးကြသည့် သဒ္ဒါတရား ထက်သန်ပုံများအား

post တင် လိုက်ပါသည်

ယခုသီတင်းပတ်တွင် ကြရောက်သည့် ဘုရားပွဲကတော့ ပတ္တမြားစေတီဘုရားပွဲတော်ဖြစ်ပါသည်

ပတ္တမြားစေတီ ဘုရားပွဲ တည်ရှိရာနေရာသည် စစ်ကိုင်းမှ မင်းကွန်းသို့သွားရာ လမ်းဘေး အနီ ပတ္တမြားစေတီ တောင်ပေါ်တွင် တည်ရှိပြီး

ဘုရားနှင့်အနီးတစ်ဝိုက် ရွာစဉ်အားလုံးမှ ၄င်းတို့ဘုရားပွဲဟု သတ်မှတ်၍ ထိုရွာ များ မှ မြို့ပေါ်နေ မိတ်ဆွေများ ဧည့်ပရိတ်သတ်များအား ဖိခေါ်၍ ဧည့်ခံကြွေးမွေး ကြပါသည်

တောရွာဘုရားပွဲ တစ်ခုဖြစ်ပြီး အလွန်ပင်စည်ကားလှပါသည်

ယနေ့သည် အဖိတ်နေ့ ဖြစ်သည့်အတွက်ဘုရားပွဲလာ ဧည့်ပရိတ်သတ်များအား အိမ်များသို့ဖိတ်၍ ဧည့်ခံ ကျွေးမွေးကြသည့် အစားအစာမှာ ထမင်းဟင်းစုံလင်စွာနှင့် အချို ပွဲများ ဖြစ်ပါသည်

ကျေးလက်တောရွာ ဘုရားပွဲများ တွင်တော့ အလှူကြီးပေးသကဲ့သို့
ထမင်းဟင်း ကို အလှူ ငါးခြောက်ချက် ဝက်သားဆီပြန် ကြက်ကာလသားချက် စသည့်ဖြင့်

ထမင်းဟင်း ကို ဘုန်းကြီးဆွမ်းကပ်သလို ဖိတ်ကြားထားသောဧည့်သည်များ အပြင် လာသမျှ ဧည့်သည် အစိမ်းအကျက် မဟူ သူထက်ငါ အလုအယက် မိမိတို့ အိမ်သို့ လိုက်ပါစားသောက်ရန် ဧည့်ခံလေ့ ရှိကြပါသည်

ထို့အပြင် အချိုပွဲများ ကလည်း မြို့ပေါ်ရပ်ကွက်တွင် ဧည့်ခံလေ့ရှိကြသည့် အချို ပွဲများအပြင် မုန့်ဆီကြော် မုန့်ပေါက်ကြော် ငှက်ပျောထုတ် စသည့်မုန့် များအား

ဧည့်ခံကျွေးမွေးရုံသာမက အိမ်အပြန်လက်ဆောင်ပါ ထည့်ပေးကြပါသည်

o9422gbnvu.png

@mamamyanmar

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thank

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported. I am ever used esteem app.