အနံကြီး ကွင်းကျယ်နေ့ရက်များ
မလုံ့တလုံ့ဆက်ဆံရေးနဲ့
ဒူးပေါ်ပေါင်ပေါ် ပွင့်လင်းမှုများ။
.
အပါးစတွေနောက်ကွယ်က
အနက်ရောင် ယဉ်ကျေးမှုများ။
.
ချောင်ပိတ်ခံလိုက်ရသော
ဟီရိသြတ္တပများ။
.
ဆေးလိပ်ပြာလို အတောင့်လိုက် ကြွေကျသွားသော
ကိုယ်ချင်းစာစိတ်များ။
.
ကွမ်းလိုဝါးပြီး ကွမ်းလိုအထွေးခံခဲ့ရသော
ချစ်ခြင်းတရားများ။
.
နီယွန်မီးလုံးအောက်မှာ
အိုမင်းလာသော မိန်းမများ။
.
ယစ်မူးထုံထိုင်းလာသော
ယုံကြည်မှုများ။
.
အပျက်အပျက်နှင့်
ဂရုဏာဝေးခဲ့ရ နေ့ရက်များ။
.
…….များ
.
……………များ
.
…………………များ
.
……………………….များ
.
ခုပေါ်တဲ့ခေတ်ကို
.
ခုခါးပေါ်ကောက်တင်ပစ်တော့
.
၂၁ ရာစုဟာ အနံကျယ်သလိုလိုနဲ့
.
ကွင်းကျဉ်းလာခဲ့ပေါ့။
.