လူ ငယ်ကြီးပွားရေးနှင့် ဗုဒ္ဓဘာသာ

in esteem •  7 years ago  (edited)

image

ဘာသာဟူသည် အယူဝါဒ တစ်ခုဖြစ်ရာ အနှိုင်းမဲ့
မြတ်သောဝါဒကို ဘာသာဟူ၍ ကျွန်ုပ်အနေဖြင့်
ယူဆပါသည်။ ဘာသာတိုင်း မွန်မြတ် လှပေ
သည်။ သိုသော် ယနေ့ခေတ်တွင် ပြုပြင်နေကြ
သော အတုအယောင် ဘာသာများရှိနေသည်
ဟု ထင်မိပါသည်။ ထိုသို့ ဖန်တီးပြုပြင်နေသော
ဘာသာများတွင် ဖန်တီးပြုပြင်သူ ခေါင်းဆောင်
များရှိနေပေလိမ့်မည်။ ထိုသူများသည် ယနေ့
ခေတ် စစ်ပွဲများ ဖန်တီး နေသူများဟုပင် ဆိုနိုင်
ပါသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတိုင်းရှိ
ပြည်သူများသည် ရိုးသားသူများဖြစ်ကြပါသည်။
၎င်းတို့ကြားမှာ မုန်းတီးစရာ၊ နာကျည်းစရာများ
ဖြစ်လာစရာ အကြောင်း မရှိနိုင်ပါဘူး။ ၎င်းတို့
ကြား တစ်စုံတစ်ဦး၏ သွေးထိုး လုံ့ဆော် မှု့ မရှိလျှင် အမုန်းတွေ မဖြစ်လာနိုင်ပါဘူး။ စစ်ပွဲ များ
ဟူသည် မညီမျှသော အကြောင်းကြောင့် ဖြစ်ရ
ပေသည်။ စစ်ပွဲ ၏ အရင်းအမြစ်ကို မသိလျှင်
ရပ်တန့်သွားမည် မဟုတ်ပါ။ စစ်ပွဲ၊ ရန်ပွဲ အမျိုးမျိုးရှိပါသည်။ အိမ်တွင်း၊ အိမ်ပြင် မှ အစ မြို့၊နယ်
နိုင်ငံ၊ ကမ္ဘာ စသဖြင့် အမျိုးမျိုး အဖုံဖုံ ရှိပါသည်။
မည်သည့် ကစ္စကြီးငယ် မဆို အကြောင်းမှန် ကို
သိမှ အကျိုးတရားမှန်မှန်ကန်ကန် ရရှိနိုင်မည်
ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ လူငယ်များအ
တွက် မိမိ ကိစ္စမှ အပ အခြားသော ကစ္စအမျိုးမျိုး
ကို အကျိုးအကြောင်း မှန်ကန်စွာဖြေရှင်း တက်
စေရန် ကျန်ုပ်သိသလောက် တက်သ
သလောက် ဗုဒ္ဓတရားတော်၏ အခြံခံ ရောစပ်
ပြီး တင်ပြပေး လိုသဖြင့် ဒီ ခေါင်းစဉ်ကို ရွေးချယ်
ထားပါတယ်။ ဗုဒ္ဓ၏ တရားတော်များမှာလည်း အကြောင်းရှိမှ အကျိုးဖြစ်လာသောကြောင့်
အကြောင်း ကိုသိမှ အကျိုးဆက်ကို ဖြေရှင်းနိုင်
ပါမည်။ ကျွန်ုပ်တို့ လူငယ်တွေ အများစုဟာ
ဘာသာတရားကိုဟူသည် အသက်အရွယ်ကြီး
မှ ဆောင်ရွက်ရမည်ဟု နားလည်ထားကြပါ
တယ်။ ဟာဒါလည်း မဖြစ်သင့်ပါ။ သေချာလေ့လာကြည့်ရမည်ဆိုလျှင် ဗုဒ္ဓ၏ တရားတော် များမှာ လောကီ(ယခုဘဝအကျိုး)၊ လောကုတ္တရာ(သံသရာကောင်းကျိုး) နှစ်ရပ်စလုံးအတွက်
အလွန်ပင် အကျိုးများလှကြောင်း လက်တွေ့ သိနိုင်ပေသည်။ မှတ်ကျောက်တင်ခံနိုင်သော
ဘာသာ ( အယူဝါဒ) ဖြစ်ကြောင်းကိုလည်း လေ့လာ လေ နက်ရှိုင်းလာလေ ဖြစ်ကြောင်း သိလာပေ လိမ့်ပါမည်။

Photo Credit From Google

MSU-31

Author- @mghan

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တန်​ဖိုးသိမှ တန်​ဖိုးရှိတာပါ

ဟုတ်

Right

ဟုတ်တယ် ဗျ ဘာလုပ်လုပ် ဗုဒ္ဓဘာသာ အယူအဆ လေးလွှမ်းမိုးနေမှ အကျိုးများမှာ

ဟုတ်

MSU 018

မှန်​ပါ့

မှန်​တယ်​ဘဒို​လေး good

MSU 042