Skill 7

in esteem •  7 years ago 

သင့်ကိုယ်တွင်းမှာ ငုပ်လျှိုးနေသော ခေါင်းဆောင်မှုအရည်အသွေး (၇) ချက်

ကြီးကျယ်တဲ့ခေါင်းဆောင်တစ်ယောက်အဖြစ်ကို ဘာတွေကနေ ဖြစ်ပါစေသလဲ။

တစ်ချိန်တစ်ခါတုန်းကတော့ စွမ်းအားပြည့်ဆုံးဖြတ်ချက်ချခွင့်ရှိသူတွေ ဖြစ်မဖြစ်အတွက်၊ ဘ၀လှေကားတွေကို အောင်မြင်စွာတက်နိုင်သူတွေ ဖြစ်မဖြစ်အတွက် မွေးချင်းတွေထဲ ကြီးစဉ်ငယ်လိုက်အရ၊ လူမှုစီးပွားအခြေအနေအရ ဒါမျိုးတွေကို ထည့်သွင်းစဉ်းစားကြပါတယ်။

သို့သော်ငြားလည်း နောက်ပိုင်းမှာတော့ အာရုံစိုက်မှုက တကိုယ်ရည် အရည်အချင်းတွေဘက်ကို ပြောင်းလဲ စဉ်းစားလာကြပါတယ်။

အမြင်၊ ရူးသွပ်မှုနဲ့ ကိုယ်ကျင့်တရားတွေက အများသူငါသိကြတဲ့ ခေါင်းဆောင်မှုကို ထိန်းကျောင်းထားတဲ့ သရုပ်တွေပါပဲ။ ဒါပေမယ့်လည်း လူတွေသိပ်မသိသေးတဲ့ ခေါင်းဆောင်မှုဆိုင်ရာသရုပ်သဘောတွေ ရှိပြီး တကယ်တမ်း တချို့အချက်တွေဆို အရင်အချိန်တွေတုန်းက အားနည်းချက်အဖြစ် သိခဲ့ကြပါတယ်။

သင့်ရဲ့ အလုပ်မှာ၊ လူမှုအဖွဲ့အစည်းမှာ ဒါမှမဟုတ် သင့်ရဲ့ ဘ၀ထဲမှာ နောက်ထပ်လာမယ့်အ သက်မွေးမှုလုပ်ငန်းနဲ့ သင့်ရဲ့ ခေါင်းဆောင်မှုကဏ္ဍကို အကူအညီဖြစ်စေဖို့အတွက် ဒီပုန်းကွယ်နေတဲ့ စရိုက်တွေကို ဖွံ့ဖြိုးတိုးတက်လာအောင် ပြုစုပျိုးထောင်နိုင်ပါတယ်။

ဒီ တကိုယ်ရည်အရည်အချင်းတွေအားလုံး ဒါမှမဟုတ် တစ်ချို့တစ်ဝက်လောက်ကများ သင့်ရဲ့ ခေါင်းဆောင်မှုကို ထပ်ပြီးပေါင်းထည့်နိုင်လေမလား ကြည့်ကြည့်ပါဦး။

၁။ စာနာနားလည်မှု

စာနာနားလည်မှုဆိုတာကတော့ တစ်ပါးသူရဲ့ခံစားချက်ကို နားလည်ပြီး မျှဝေခံစားပေးတာမျိုးပါ။ ဒါဟာ ဘယ်လုပ်ငန်းခွင်မျိုးမှာပဲဖြစ်ပါစေ အရမ်းကို အရေးကြီးပါတယ်။ ပြီးတော့ ပဋိပက္ခတွေ၊ လူမှုဆက်ဆံရေးတွေကို ကိုင်တွယ်ရတဲ့အခါ သင့်အတွက် အကူအညီဖြစ်စေမှာပါ။ သို့ပေမယ့် စီးပွားရေးလုပ်ငန်းအပြိုင်အဆိုင်တွေမှာ စားသုံးသူတွေရဲ့လိုအပ်ချက်တွေကို ပိုမိုနားလည်ဖို့အတွက် စာနာနားလည်မှုတရားက ပိုပြီးတောင်အရေးကြီးလာတဲ့ အနေအထားဖြစ်နေပါတယ်။ လူတွေဟာ သူတို့ကို စစ်ဆေး ခွဲခြမ်းစိတ်ဖြာတာမျိုးနဲ့ ဈေးကွက်အဖြစ် သတ်မှတ်ခံရတာမျိုး မလိုလားကြပါဘူး။ သူတို့လိုအင်တွေ လိုအပ်ချက်တွေက သူတို့လိုချင်တဲ့ ကုန်အမှတ်တံဆိပ် Brands တွေ ဖြစ်နေတာမျိုးပဲ ဆန္ဒရှိကြတာပါ။ စာနာစိတ်ရှိတဲ့ခေါင်းဆောင်တွေက ကုမ္ပဏီမှာ လုပ်ငန်းဆောင်တာတွေ ပိုကောင်းအောင် လုပ်ကိုင်ကြပါတယ်။ ဒီအပြင် ဒီစာနာနားလည်မှုကို စီးပွားရေးလုပ်ငန်းအတွက် စွမ်းအားဖြစ်စေအောင်လည်းပဲ အသုံးချကြပါတယ်။

၂။ အကောင်းမြင်ခြင်း

သင့်အနေနဲ့ အကောင်းမြင်ဝါဒကို တခုခုမျှော်လင့်ခြင်းရဲ့ အရည်အသွေးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် အကောင်းမြင်ဝါဒက အောင်မြင်တဲ့ ရလဒ်အတွက် ယုံကြည်မှုရှိနေတယ်လို့လည်း ညွှန်ပြရာရောက်ပါတယ်။ တကယ်အဟုတ်ပါ။ အသိဉာဏ်မပါတဲ့အကောင်းမြင်းက ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး၊ ဒါပေမယ့် အကောင်းမြင်ဝါဒလက်ကိုင်ထားတဲ့ ခေါင်းဆောင်တွေက အဖွဲ့သားတွေကို ခွန်အားတွေပေးတာမျိုး၊ လှုံ့ဆော်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။

၃။ ခွင့်လွှတ်ပေးနိုင်ခြင်း

လုပ်မိတဲ့အမှားတိုင်းကို တတွတ်တွတ်လိုက်ပြောနေတတ်တဲ့ သူဌေးနဲ့တော့ ဘယ်သူကမှာ ပျော်ပိုက်မှာ မဟုတ်ပါဘူး။ ၀န်ထမ်းတွေကို တွက်ချက်စွန့်စားခွင့် ပြုပေးတာ တကယ်ပဲ စွမ်းအားကြီးမားပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ဆန့်ကျင်မှုတွေလုပ်သွားဖို့ ခွင့်ပြုတာမဟုတ်ကြောင်း သူတို့သိထားဖို့ လိုအပ်ပါတယ်။ ဒီလိုတွေလုပ်တာဟာ ဖန်တီးနိုင်စွမ်းတွေနဲ့ လှုံ့ဆော်နိုင်စွမ်းတွေကို သတ်ပစ်ရာရောက်ပါတယ်။ ဒီလိုလုပ်တာဟာ သူတို့ရဲ့ အကြံဉာဏ်သစ်တွေတင်ပြလိုစိတ်ကို မတင်ပြခင်မှာပဲ နှစ်ခါပြန်စဉ်းစားစေတာ၊ လုပ်ငန်းစဉ်အသစ် ထုတ်ကုန်အသစ်တွေ စမ်းသပ်ဖို့အတွက် နှစ်ခါပြန်စဉ်းစားသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အပြစ်တွေကို ခွင့်လွှတ်ပြီး ဖန်တီးနိုင်စွမ်းတွေ၊ စိတ်ဓာတ်တွန်းအားတွေရအောင် ပြုစုပျိုးထောင်ပေးဖို့ သင်ယူကြည့်ပါ။ သင့်ရဲ့အဖွဲ့သားတွေက သင့်ကို ဆယ်ဆ ပြန်ပေးပါလိမ့်မယ်။

၎။ ကိုယ်ကျိုးမငဲ့ခြင်း

ကိုယ်ကျိုးမငဲ့ခြင်းဆိုတာ သင့်အနေနဲ့ သူတစ်ပါးရဲ့ ကောင်းကျိုးကိုပဲ ဂရုစိုက်တယ်လို့ ဆိုလိုပါတယ်။ စီးပွားရေးလောကမှာတော့ သင့်အနေနဲ့ သင့်အနားမှာရှိနေတဲ့သူတွေ ပိုပြီးလုပ်နိုင်စေဖို့၊ ပိုပြီး ကောင်းတယ်လို့ ခံစားရစေဖို့၊ြ့ပီးတော့ စွမ်းဆောင်ရည်ပိုကောင်းစေဖို့ ဆန္ဒရှိတယ်လို့ ဆိုလိုပါတယ်။ သင်ဟာ ကျွန်းမြေတစ်ခု မဟုတ်ပါဘူး။ ကောင်းတာတွေအားလုံး သင့်ဘာသာသင်ပဲ ယူထားဖို့ မလိုပါဘူး။ သင့်အနား ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို တည်ဆောက်ပေးတာက သင့်ကို ပိုကောင်းမွန်တဲ့သူဖြစ်စေတယ်လို့ နားလည်ထားပါ။ ဒါဟာ စွမ်းအား သို့မဟုတ် ခွန်အားနဲ့ဆက်စပ်တဲ့ ရှေးဟောင်း နည်းလမ်းမဟုတ်သော၊ အရမ်းကောင်းတဲ့ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်တစ်ရပ်ဖြစ်ပါတယ်။

၅။ စကားပြော ပြေပြစ်ခြင်း

ဒီဂျစ်တယ်ဆက်သွယ်ရေး ခေတ်ကြီးထဲမှာ ဆွဲဆောင်မှုရှိတဲ့ စကားပြောစွမ်းရည်နဲ့ အရေးအသားစွမ်းရည်က အရေးကြီးတဲ့အရာတွေကို ရစေပါတယ်။ လူတွေက ခေါင်းဆောင်တွေအပေါ်မှာ ဆက်သွယ်မှုပြုလုပ်ဖို့နဲ့ တအံ့တသြဖြစ်ရဖို့အတွက် မျှော်လင့်ကြပါတယ်။ ဆွဲဆောင်အားကောင်းလှတဲ့ စကားပြောမှုတခုဟာ သဘောတူညီမှုတစ်ရပ်ကို ပွဲသိမ်းနိုင်စေပါတယ်။ ခေါင်းဆောင်ရဲ့ ဆွဲဆောင်အားရှိတဲ့ စကားပြောမှတ်တမ်း တစ်ခုက ၀န်ထမ်းတွေကို ကြောက်စိတ်တွေဖယ်ရှားစေနိုင်ပါတယ်။ သဘောထားမတိုက်ဆိုင်မှုတွေကို လျော့ကျစေပါတယ်။ လူတွေကို အမြင့်တစ်နေရာရောက်ဖို့တွက် တွန်းအားပေးနိုင်ပါတယ်။ သင့်ရဲ့စာအရေးအသားနဲ့ စကားပြောတွေကို ပိုပြီးထိထိရောက်ရောက်ရှိအောင်၊ စကားပြောကောင်းတဲ့ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်ပေးပါ။

၆။ သိသာမြင်သာခြင်း

သိသာမြင်သာခြင်း ဆိုတာကတော့ လူတွေ အခြေအနေတွေနဲ့ ပတ်သက်ပြီး၊ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ကောင်းမွန်စွာ အဆုံးအဖြတ်ပေးနိုင်တဲ့ စွမ်းရည်သတ္တိဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ သိသာမြင်သာတဲ့သူဖြစ်မယ်ဆိုရင် ပြဿနာအပေါ်မှာ နားလည်ဖို့အတွက် အချိန်ပေးမယ်။ ပြီးရင်တော့ အဖြေများစွာထဲကမှ မှန်ကန်တဲ့အဖြေဆီ သင့်လမ်းကြောင်းအတိုင်းသွားမှာပါ။ သင့်အနေနဲ့ ဖြစ်နိုင်တဲ့အရာတိုင်းကို ဟိုစပ်စပ်ဒီစပ်စပ် မလုပ်ပဲ လေးလေးနက်နက် တွေးတောပြီး အကောင်းဆုံး ရွေးချယ်ခွင့်တစ်ခုကို ရှာမှာပါ။

၇။ ရှက်ကြောက်ခြင်း

မည်သူမဆို လူတစ်ယောက်က ဘယ်လိုတော်ကြောင်းကို တချိန်လုံး ကြားချင်နေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် အဲလူကိုယ်တိုင်က ထုတ်ပြောလာတာမျိုးပေါ့။ သင့်ရဲ့အလုပ်ကသာ သင်ဘာဖြစ်တယ်ဆိုတာ ပြောပြပါစေ။ ကိုယ်ငါးချဉ်ကိုယ်ချဉ်တဲ့ သူ မဖြစ်ပါစေနဲ့။ မိမိကိုယ်ကို ယုံကြည်မှုဆိုတာ အကြီးကျယ်ဆုံးသော အကျင့်စရိုက်တစ်ခုပါ။ ဒါပေမယ့် အရှက်အကြောက်စိတ်နဲ့ ယှဉ်တွဲပြီး ထိန်းသိမ်းထားရပါတယ်။
image
ဒီအရည်အချင်းတွေက စွန့်ဦးတီထွင်သူတွေနဲ့၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အချိန်ပေး အားထုတ်ဖို့ ဆန္ဒပြင်းပြတဲ့ ခေါင်းဆောင်တွေအတွက် စွမ်းအားမြင့် လက်နက်ကိရိယာတွေဖြစ်နိုင်ပါတယ်။

Crd by @millioner
Photo by goole image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by minmyat from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.