ဓူဝံမှ အပြန် ၂

in esteem •  7 years ago 

image

"အချစ်ရေးမှာအောင်နိုင်သူများဟာ လူပျိုကြီးများဖြစ်တယ်" လို့ အိမ်ထောင်သည် သူငယ်ချင်းတစ်ယောက်က ပြောလိုက်တော့ ကျွန်တော်တို့အားလုံး တအံ့တဩနားစွင့်မိခဲ့ကြတော့တယ်။ (ထုံးစံအတိုင်း ဓူဝံ ကဖေးမှာ ထိုင်ရင်းပေါ့။) ဒါပေမယ့် "အချစ်ရေးမှာ အောင်နိုင်သူလူပျိုကြီးဆိုတာ ရတာမလို လိုတာမရဖြစ်ကြသူတွေမဟုတ်ဘဲ လိုချင်တာကို ရနိုင်ပါလျက်ကယ်နဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်တစ်ခုအတွက် အချစ်ကို ကျောခိုင်းခဲ့ကြသူများသာ ဖြစ်တယ်" လို့ သူကဆိုပြန်ပါတယ်။

သူကပဲဆက်ပြီး ရှင်မဟာရဋ္ဌသာရရဲ့ ဇာတ်ကြောင်းလေးကို ဥပမာတင်ပြီးပြောနေပြန်ပါတယ်။ "ရှင်မဟာရဋ္ဌသာရဟာ ဝဏ္ဏပဘာကိုသိပ်ချစ်ရှာဟန်တူပါတယ်။ ဝဏ္ဏပဘာရဲ့အလှတရားကို ရေးဖွဲ့ရာမှာလည်း ဝဏ္ဏပဘာရဲ့မျက်နှာပေးလေးကို 'ရယ်ရွှင်ပြုံးတုံ့၊ မပြုံးတုံ့'၊ ဝဏ္ဏပဘာရဲ့ ဆံထုံး,ထုံးပုံလေးကိုလည်း 'စုလည်းထုံးတုံ့၊ မထုံးတုံ့' နောက်တစ်ခါ 'ချုပ်ညရီတွင် ကျွန်ုပ်မြင်သည်၊ ရွှေရင်ဖုံးတုံ့၊ မဖုံးတုံ့' တဲ့။ ဒါပေမယ့် ရှင်မဟာရဋ္ဌသာရဟာ နောက်ဆုံးကျတော့ ဝဏ္ဏပဘာကို 'နှမလက်လျှော့ နေလေတော့' လုပ်လိုက်တယ်။ ဒါ့ကြောင့် သိပ်ပြီးကြီးကျယ်မြင့်မြတ်တဲ့ယောက်ျားတွေဟာ အိမ်ထောင်ရေးထက် ဘဝရည်မှန်းချက်ကို ပိုပြီးအလေးသာကြတယ်" လို့ပြောပြီး အဖုံးလှပ်ပြီး ခွက်ထဲကလက်ဘက်ရည်ကို တကျိုက်,ကျိုက်လိုက်တယ်။

"ကြီးကျယ်မြင့်မြတ်တဲ့ယောက်ျားတွေဟာ အိမ်ထောင်ရေးထက် ဘဝရည်မှန်းချက်ကို ပိုပြီးအလေးထားကြတယ် ဆိုတာဖြစ်နိုင်တယ်ဗျ" ဆိုပြီး ဘေးက အခြားသော သူငယ်ချင်းကလည်း "ကျုပ်တို့ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကိုကြည့်ဗျာ။ အိမ်ထောင်ပြုတယ်ဆိုပေမယ့် အိမ်ထောင်ရေးထက် သွားရမယ့်ခရီးလမ်းရဲ့ ရည်မှန်းချက်ကိုသာ ပိုပြီးအလေးပေးတယ်။ ဒါကြောင့် အိမ်ထောင်ရေးကိုစွန့်ပြီး တောထွက်ခဲ့တာပဲမဟုတ်လား။ ကျုပ်တို့ကတော့ လူညံ့လို့ ဆိုချင်ဆိုတော့။ အိမ်ထောင်ရေးမှာပဲ တဝဲလည်လည်နေချင်မိတယ်ဗျာ" တဲ့။

ဓူဝံမှ့ အပြန်လမ်းမှာတော့ မည်သူရေးမှန်းမသိတဲ့ "အနော်မာအလွမ်းဇာတ်သိမ်း" ဆိုတဲ့ ကဗျာလေးကို ရေရွတ်နေမိပါတော့တယ်။

"အနော်မာအလွမ်းဇာတ်သိမ်း"

အလွမ်းကင်းတဲ့အနော်မာကမ်းတစ်ဖက်ကို
လှမ်းတက်မယ်ဟု တကယ်ကြံတော့
လွမ်းစိတ်ဝင်မိပါရောလား
ယသော်ဓရာရယ်။

သားရာဟုလာကို ရင်မှာပိုက်ပြီး
အဖေဆိုတဲ့အကြင်နာပေးချင်ပေမဲ့
ခွာရေးခက်လို့
အသာထား, ကြည့်ရုံပဲ
ထားခဲ့ရတယ်ယသော်ဓရာ။

ကြင်ဖော်ယသော်ဓရာနဲ့
ရွှေနန်းမြင့်စံရပေမယ့်
လက်တွဲလို့ ပုလ္လင်ထက်မှာ
ခုချိန်မှာစံမြန်းခွင့်မရနိုင်တာမို့
ရှေ့ဆက်ဖို့ပဲတွေးမိတယ်။

ထားခဲ့ပါတော့
ထက်အောက်အပြန်အလှန်
သံသရာလည်း လွမ်းစရာစုံလို့
အဖန်ဖန်သွားခဲ့ရတဲ့ဘ၀ဇာတ်ခုံ
လွမ်းစရာတွေလည်းစုံလှ
အခုတော့ ထားရစ်ခဲ့ချင်ပြီ။

ကြင်ယာတော်နဲ့သားတော်ကို
ခွင့်ပန်မှု မပြုခဲ့ပေမယ့်
အနော်မာ တစ်ဘက်ကမ်းမှာမှ
အလွမ်းဇာတ်သိမ်းမှာမို့...
မောင်ဆန်နဲ့ ကဏ္ဍကရယ်
မြန်မြန်သာထစမ်း။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.

Spam is discouraged by the community, and may result in action from the cheetah bot.

More information and tips on sharing content.

If you believe this comment is in error, please contact us in #disputes on Discord

အဲဒါကြောင့် လူပျိုကြီး လုပ်နေတာလား

လူပျိုကြီးလုပ်တာ မကောင်းဘူးနော်