တောသားမြို့ရောက်

in esteem •  7 years ago  (edited)

ကိုလူလှ တို့ဘာလိုလိုနဲ့ ရန်ကုန်ရောက်တာတောင် လဝက်လောက်ရှိတော့မယ် ဟူး မောပန်းလိုက်တာဗျာ

အလုပ်ကိစ္စရှိလို့သာ လာရတာ တယ်လာချင်လှတာဟုတ်ဘူးရယ်

ဟုတ်တယ်လေ ကိုလူလှတို့လို တောသားဆိုတာ ဒီလိုရှုပ်ထွေးပြီး စိတ်အိုက်စရာမြို့ကြီးပြကြီးကို သိပ်သဘောတွေ့လှတာမဟုတ်ဘူးရယ်

ကြည့်အုံးလေ နေရတော့ အသိအိမ်မှာ
အိမ်ကလည်း သူတို့အခေါ်သာအိမ် ဘုရားစူးအိမ်ကိုဗျ ကိုလူလှတို့ ရွာက မီးဖိုချောင်လောက်ရှိတာလေးကို အိမ်လုပ်နေကြရတာ
ရန်ကုန်သူရန်ကုန်သားအများစု ဒီလိုပဲ နေကြတယ်ဆိုတာကိုး

တယ်လည်း ဒုက္ခကြီးကြတာပဲဗျ ကိုလူလှတို့ဖြင့်အသက်တောင် ရှူလို့မဝဘူးရယ်

သူတို့ကတော့နေသားကျနေကြပြီဆိုပဲ
ကျန်တဲ့ရက်တွေ ပင်ပန်းသမျှ စနေ တနင်္ဂနွေဆို ပန်းခြံသွားကြ ဈေးတွေ ရှောပင်းမောတွေ ကစားကွင်းတွေ ဘုရားတွေ အစုံသွားလို့အမောဖြေနေကြပီး ဒီလိုပဲ ပုံမှန်လည်ပတ်နေကြတယ်ဆိုတာကိုး

ကိုလူလှတို့ကတော့ တနင်္ဂနွေ တစ်ရက်လေး အားပါတယ် ဘယ်သွားရမှန်းမသိ ဘယ်လာရမှန်းမသိနဲ့ ပြီးတော့ လိုင်းကားဆိုတာကလည်း မစီးတတ် စီးတတ်အုံးတော့ မစီးချင်
တက္ကစီဆိုတာကလည်း ကားလမ်းပိတ်နေတာနဲ့ လိပ်ပေါ်တက်ထိုင်လိုက်နေရသလိုဆို
ိုတော့ ဘယ်မှသွားချင်စိတ်လည်းမရှိတော့ရုံးပိတ်ရက်ဆို တည်းတဲ့အိမ်မှာပဲ တစ်နေကုန်အောင်းနေတော့တာ

ဒါတောင် တည်းစရာအိမ်ရှိပေလို့ ကျေးဇူးတင်ရအုံးမယ် မဟုတ်ရင် ရန်ကုန်ဆိုတာ ကျောချစရာနေရာတစ်နေရာတယ်ရှားတာကလား အရာရာငွေရှိမှ နေဖို့ စားဖို့အဆင်ပြေမဲ့နေရာဖြစ်နေတာကိုး

ကိုလူလှတို့ရွာမှာဆို ဒီလိုဘယ်ဟုတ်ပမလဲ ထမင်းတစ်နပ် ဟင်းတစ်ခွက်ဆိုတာ ဘယ်အိမ်တက် တောင်းတောင်း အလွယ်လေးရတာကိုးဗျ
အိပ်စရာအိမ်တွေများ ပေါ ပေါလို့ အိမ်မတွေ့ရင်တောင် တွေ့တဲ့ဘုန်းကြီးကျောင်းတက်အိပ်ယုံပဲ

နောက်သွားရေးလာရေးကလည်းတယ်ခက်သကိုးဗျ

ဘတ်စ်ကားတဲ့ဗျာ စီးရတာ လူကိုသေချင်စိတ်ပေါက်နေတာပဲ
ကားပေါ်မှာအနံ့အသက်ကလည်းစုံလို့ လူစော်ချွေးစော် အမွှေးနံ့ ကုလား မဆလာနံ့ အိုး ကိုလူလှတို့ လိုင်းကားစီးပြီး အိမ်ပြန်ရောက်ရင် လှုပ်တောင်မလှုပ်နိုင်ဘူးရယ်

ရွာမှာသောက်နေကျ တောအရက်ကလေးကလည်း ဘယ်မှာရှာရမှန်းမသိတော့ ပင်းပန်းတာဖြေဖို့ကလည်း မရှိဖြစ်နေတော့တာကိုးဗျ

သူတို့ရန်ကုန်သားတွေကတော့ ကေတီဗွီတို့ ကလပ်တို့ မာဆပ်ဆိုလားဘာလား အဲဒီကို သွားကြတယ်ဆိုပဲ ကိုလူလှတို့တော့ အဲဒါတွေသာကြာဖူးတာ ဘယ်သွားရဲမလဲ တောသားကိုးနော

လူတွေက ခပ်ရိုးရိုးဆိုတော့ကာ ktv သွားလဲ လေးဆယ်ကျော် ငါးနှစ်တို့ အမေနဲ့ရွာကိုလွမ်းတယ် ဆိုတာတို့သာ ဟဲတတ်ကြတာဆိုတော့ အဆင်ပြေမယ်မထင်ပါဘူး

ပြီးတော့ ဘာလဲ မာဆပ် အနှိပ်ခန်းတဲ့ ဘယ်သွားချင်မလဲ ရွာဆို ၂၀၀၀ဖိုး တစ်နေကုန် အနှိပ်ခံပါလိမ့်

ဒီမှာတော့ တစ်နာရီ ၅၀၀၀ ဆိုလား ၁၀၀၀၀ဆိုလား

ရွာက အနှိပ်သည် ကြီးတော် ဘုတ်ဆုံတောင် ရန်ကုန်မှာသာဆို သူဌေးဖြစ်နေလောက်ပီသူက ရွာမှာ တကယ်အနှိပ်ကောင်းဗျ
ဒါပေမဲ့ဒီမှာလို အတိုအပြတ်လေးတွေ မဝတ်တတ်တာနဲ့ အနှိပ်ခံမဲ့သူရှိမှာမဟုတ်ပါဘူး

ပြန်ရင်တော့ ဒီအကြောင်းတွေ ပြန်ပြောပြအုံးမှ

ကိုလူလှတို့ စိတ်ညစ်တာ တော်တော်ဆိုးနေပါပြီ ဗျာ ရွာမြန်မြန်ပြန်ရမှ ဖြစ်မှာပါ
ရန်ကုန်အကြောင်းကလည်းပြော
ရင်မိုးလင်းသွားလိမ့်မယ် တော်မှ အိပ်မှ မနက်ကျ ရုံးကတက်ရအုံးမယ်

ဟူး မောထှာဗျာ

ရွာမြန်မြန်ပြန်ရပါစေဗျာ
အမေနဲ့ရွာကိုလွမ်းလှပြီဗျ



image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good

@masterbot has been called by @min2thant to give you 0.29% upvote!
Check this post for information about delegation. Make me strong!

You got a 14.32% upvote from @bid4joy courtesy of @min2thant!