Say Never Leave Me

in esteem •  7 years ago 

ကတ္တီပါလမ်းခွဲပါပဲ...
အစိတ်စိတ်ကွဲကြေခဲ့ရတဲ့
မျှော်လင့်ခြင်းတွေကလွဲရင်ပေါ့...

ငါရှိနေခြင်းဟာ
အနှောင်ဖွဲ့ များဆန်ခဲ့မယ်ဆိုရင်
အခုကစလို့ ...
လွတ်မြောက်ပါစေကွယ်...

ပထမတစ်ချက်ထိုးသွင်းတဲ့ဓါးမှာ
အံသြမှု နာကျင်မှု နာကျည်းမှု...

အထပ်ထပ်အခါအခါ
ထိုးသွင်းတဲ့ဓါးချက်များစွာကို..
ခွင့်လွှတ်မှုနဲ့ ခံယူခဲ့တယ်...
သေပြီလို့ သာ
မှတ်လိုက်ပါချစ်သူ....

ထိုက်တန်လို့ ရတဲ့မှတ်ချက်.
ရိုးရိုးလေးပဲသတ်မှတ်ထားတယ်
အကဲမဖြတ်ကျပါနဲ့ ....
အကဲမဆက်ကျပါနဲ့ ...
ဘယ်သူနဲ့ မှမပြိုင်လို့ 
ငါနိုင်ပါတယ်...
ဒီနေ့ ငါထက်..
မနက်ဖြန် ''ငါ''က
ပိုသာတယ်ဆိုရင်ပဲ...
အချိန်ကပေးတဲ့
အသိဥာဏ်ဆုလဒ်လို့ 
ငါသတ်မှတ်တယ်...

နှိုင်းယှဉ်ခြင်းထက်
ပကတိတန်ဖိုးကို ပိုမြတ်နိုးလို့ ...
စကောထက်
''စောက်''(ဇောက်)ပိုနက်ဖို့ 
ငါမကြိုးစားဘူး
ဒါပေမယ့်ငါဟာ
လူတစ်ကိုယ်ခိုလို့ ရတဲ့
ခံကတုတ်ကျင်းလေးဖြစ်တယ်
စိတ်ချပါလုံခြုံ စေရမယ်...

ပြိုင်ပွဲမှာ
သေတ္တာကဆုရသွားတယ်...
ပြိုင်ဘက်က
စကောနဲ့  ဖန်ခွက်...
ဇောက်အနက်ဆုံးဆုကို
သေတ္တာက ဆွတ်ခူးချိန်မှာ
ရေတွင်းလေးက
မှိုင်နေတယ်...
လောကကအဲ့ဒီလိုပဲ...
ပြိုင်မှ နိုင်တယ်ထင်တာ

လက္ခဏလိုနိုင်ချင်တယ်...
အနိုင်ယူလိုသူကို...
ခွင့်လွှတ်ခြင်းနဲ့ နိုင်ပြချင်တယ်...
ရောင့်ရဲခြင်းဟာလည်း
အဖြူ ရောင်ဆုတစ်ခုဖြစ်တယ်လေ...
ကိုယ့်အနာကို လျှာနဲ့ ပြန်သပ်ပြီး
ခွေးတစ်ကောင်လို...
ငါရှင်သန်မယ်...
မျက်ရည်မကျဘူး...
အမြှီးမနံ့ တော့ဘူး
ဖြစ်နိုင်ရင် ရူးပစ်ချင်တာ....

နားမလည်ပေးပါနဲ့ တော့
အချိန်မပေးနိုင်တဲ့ငါ့ကြောင့်
မင်းလည်း ပျင်းနေရောပေါ့...
မင်းမှီစရာပုခုံးဟာ...
နွားတစ်ကောင်လို ရုန်းနေရတာကို
မင်း နားလည်မပေးပါနဲ့ ...
ဖြည့်မတွေးပေးပါနဲ့ ...
မမုန်းဘူးဆိုလည်း
မင်းမေ့ဖို့ ကြိုးစားနေပြီပဲ...
ငါပိုင်ဆိုင်တဲ့ တစ်ခုတည်းသော
မျှော်လင့်ချက်ကို
မင်းယူသွားပါ...
ငါ့အတွက်ဝမ်းမနည်းနဲ့ ...
လမ်းခွဲရတာကို
မင်းအရသာခံပါ..
ကျေနပ်ပါ
ပျော်ရွှင်နေပါ...
ဒါငါ့ရဲ့ နောက်ဆုံးလက်ဆောင်ပါ

မင်းကိုပျော်ရွှင်အောင်
မထားနိုင်တဲ့အဆုံး...
ငါ့ကိုလမ်းခွဲခြင်းဖြင့်
မီးရှို့ ပစ်လိုက်ပါ...
ဒါငါ့ရဲ့ နောက်ဆုံးလင်းလက်ခြင်းပေါ့..

ရယ်မိတယ်သိလား...
ငါ့စိတ်ကူးကို ငါပြန်တွေးတိုင်း..
ကိုရီးယားစကားကို
တတ်သလောက်ရွတ်ပြမယ်..
တခါတလေ စပ်မြင်ကတ်ရင်
ကိုရီးယားလို နင်မသိအောင်
ပြုံးပြီးဆဲမယ်...
နင်သိပြီးသား ဆားဒါငယ်ရိုးကိုတော့
ပြောဖြစ်အောင်ပြောမယ်...

အခုတော့ စီးကရက်ငွေ့ လို
လေထဲမှုတ်ထုတ်ပစ်လိုက်တယ်
နှုတ်ခမ်းတွေကတော့
ခါးသပ်နေဆဲ...

အသစ်တွေ့ ပြီလားလို့ ငါမမေးဘူး
မင်းရဲ့သစ္စာကို
အရိုးထဲက ယုံပစ်လိုက်တယ်...

မင်းရဲ့လမ်းခွဲမှုဟာ
ငါညံ့ဖျင်းလို့ ပါ...
မင်းလည်းငါ့ကို
တရားခံတစ်ယောက်လို
လက်ညှိုးထိုးပါ...
ငါ့လည်း ငါ့ကိုငါပဲ
လက်ညှိုးထိုးပစ်လိုက်တယ်
နောင်တကင်းကင်းနဲ့ 
ရှင်သန်နိုင်ပါစေကွယ်...

ငါ့ချစ်ခြင်းရဲ့ရည်ရွယ်ချက်ဟာ
မင်းပျော်ရွှင်စေဖို့ ပါ...
ပေးဆပ်ခြင်းပါလို့ 
ပဏာမယူရက်ဘူး
ဥာဏ်မီသလောက်
ချစ်ခဲ့တာကလွဲရင်...

ဒါ.... ငါ့ရဲ့ညံ့ဖျင်းခြင်းပါ...

စစ်အေးတိုက်ပွဲတွေအတွက်
မင်းလည်းပင်ပန်းလောက်ရောပေါ့
စစ်ရှုံးသူက စစ်လျော်ကြေးပေးရတယ်
မင်းစိတ်ညစ်ခဲ့တာတွေအတွက်
ငါဘာပြန်ပေးဆပ်ရမလဲ....

ငါသွေးရူးသွေးတမ်းဆန်တာ
သိပ်များသိသာနေသလား...
ငါဟန်ဆောင်ပြီး ရင့်ကျက်ပြလည်း
နင်ယုံမှာမှ မဟုတ်ပဲ...
နည်းနည်းတော့ ဖရိုဖရဲဖြစ်မှာပေါ့ကွယ်
သိပ်တွယ်တာ မိခဲ့တာကိုး....

ငါ့ရင်ကို နင်မြင်အောင်ကြည့်ပါ...
ငါ့အပေါ် ချစ်ခဲ့မိခြင်းအတွက်
နောင်တအလျှဉ်းမရှိအောင်
ွှရှင်သန်ပါ...

ကြာရင် နင့်မေ့သွားမှာပါ
ငါလည်း နာကျင်မှုများနဲ့ 
အသားကျသွားမှာပါ...

အချစ်ဆိုတာ ရုပ်သိမ်းဖို့ 
ဖြစ်တည်ခဲ့တာမဟုတ်လို့ ...
နင့်ကိုပြောမိခဲ့မျှ ငါ့စကားတိုင်းဟာ
ငါ့ရဲ့မြတ်နိုးခြင်းသစ္စာပါ...
ငါကတော့ ပေးမြဲ ပေးဆဲ...
အသုံးမလိုတော့တဲ့နင့်အတွက်...
အမှိုက်ပုံးထဲသာ
ကောက်ထည့်ပစ်ပါ...
တန်ဖိုးဆိုတာ...
မြတ်နိုးတတ်သူပဲ
သိနိုင်တဲ့အရာ....
image
Writer by@minmaha
Thank esteem

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @minmaha! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes
Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!