Today freewrite 6/2/2019- Double Espresso

in esteem •  5 years ago  (edited)


Image source

မနေ့က ကြည့်လိုက်ရတဲ့ ဇာတ်လမ်း၊ နာမည်က "တရားသဖြင့် စီရင်သော" အဲဒီ အထဲမှာ ကော်ဖီသောက်တာနဲ့ ပတ်သက်တဲ့ ဒဿန တစ်ခုကို သိလိုက်ရတယ်။ ကောင်မလေးက ကော်ဖီကို Double Espresso မှာ လိုက်တယ်။ အဲဒီအချိန်မှာ ဇာတ်လိုက်က ဝင်ရောတာပေါ့။ ဒါပေမဲ့ သူပြောသွားတာက အတော်ကောင်းတယ်။ ကော်ဖီကို Double မမှာဖို့ပေါ့။ Coffee မှာ အလွှာ နှစ်ခု ရှိပါတယ်။ ပထမပိုင်းက cream ဖြစ်ပြီးတော့ ကော်ဖီတွေက အောက်မှာ ထိုင်နေပါတယ်။ နွားနို့ရော ထားရင်လဲ ကော်ဖီမှုန့်တွေက အောက်မှာ ထိုင်နေတာပါပဲ။ ကော်ဖီကို double မှာလိုက်တဲ့ အခါကျတော့ ပြင်းအားက နှစ်ဆတိုးသွားသလို အမှုန်ပါဝင်မှုကလဲ နှစ်ဆဖြစ်သွားပါတယ်။ အဲဒီတော့ တကယ်သောက်ရတဲ့ အပိုင်းက သိပ်မရှိတော့ပါဘူး။ တစ်ကယ်လို့ ကဖင်းဓာတ်များများလိုချင်ရင် ကော်ဖီနှစ်ခွက်မှာသောက်ဖို့ အကြံပြုထားပါတယ်။ Double မှာ သောက်တဲ့သူတွေက ဘာအတွက် သောက်ကြသလဲတော့ မသိပါဘူး။ Hardcore ကော်ဖီသမားတွေများ ဖြစ်နေမလား။ သာမန်လူတွေကတော့ double မသောက်သင့်ပါဘူး။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကျွန်တော်ကတော့ နေရာတိုင်း ဆိုင်တိုင်းမှာ ရရှိနိုင်တဲ့ ကော်ဖီလ်လောက်ကိုတော့ စွဲစွဲမြဲမြဲသောက်နေမိပါတယ်

Coffee mix တွေကတော့ သိပ်မကောင်းဘူး ဘရို

ကြုံသလိုပါပဲအစ်ကိုကြီးရာ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကော်ဖီအတုတွေသောက်နေရတာပါဗျာ

ဟုတ်တယ် ဘရို