ကိုယ်ပိုင်အတွေး ကိုယ်တိုင်ရေး

in esteem •  7 years ago 

image
အဆင့် မြင့် မာနတွေနဲ့ 
အချစ်မစစ် ပကာသနတွဲဖက်ရင်
သဘာဝကပြစ်ဒဏ်ပေး
ဒို့ နှစ်ဦးတစ်ကယ်ဝေးရလိမ့် မယ်...

ဝေးရတာပြသနာမဟုတ်လဲ
တွေးဆပါ အသဲကွဲဝေဒနာ
ရေးကြမှာပေါ့ နာကျည်းမှု့ စာကဗျာတွေ
ဒါကိုတိုက်ခိုက်တယ်ထင်
မင်းအမြင်စောင်းခြင်လျှင်
ဒို့ တစ်ခုသတိပေး
ဒို့ အသဲကိုကစားစရာအရုပ်လေးမမှတ်ဘို့ အ
ရေး....

မင်းတို့ အထင်ကြီးနေတဲ့ 
ကိန်းဂဏန်းတွေနဲ့ 
အပေါင်း အနှုတ် အမြှောက် အစား
ဂဏန်းပေါင်းစက်ဆိုလား
ဘာဆိုလားရဲ့ မှန်သားပြင်ပေါ်က
သိန်းဂဏန်းဆိုတာငါ့ မှာမရှိ...

ငါ့ အိပ်ကပ်မှာ
တိတ်ကပ်ရာဗလပွနဲ့ 
သုံးရန်မသင့် တဲ့ 
ငွေစက္ကူရေတွက်ယူလို့ ရလောက်အောင်
နည်းပေမဲ...

ငါ့ အသဲနှစ်လုံးကထာဝရမမည်း
မမြဲတဲ့ မင်းအချစ်တရားအတွက်
ထာဝရဆုတောင်းပေးလျှက်ပါ
မင်းတို့ ချစ်ခြင်း အပြစ်ကင်းကြပါစေ..

အကြောင်းအမျိုးမျိုးကြောင့်

ဝေးကွာသွားခဲ့ကြတဲ့နောက်

ဒို့တွေ တစ်နေ့ပြန်ဆုံနိုင်ရမယ်ဆိုပြီး

မနတ်ဖန် မနတ်ဖန်တိုင်းမျှော်လင့်ချက်အပြည့်နဲ့
ရှာဖွေလာခဲ့သူပါ

ပြန်ဆုံတွေ့ခဲ့ရလို့ အရမ်းကိုပျော်နေမိတာငါ

နင်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်

ငါ့ကိုယ်ငါပဲသက်သေလိုက်တော့မယ်

ပြောတက်လိုက်တာ ငါလူမှားနေသတဲ့လားချစ်သူရယ်​...

သိက္ခာ ရှိတဲ့  လေညှင်းနု က
ကမ္ဘာလေထု ကို အဖော်ပြုရင်း
ရှင်သန်ခြင်း " ပါး " မှာ
နတ်သမီးတစ်ပါးကို ခပ်ပါးပါးကြွေပြခဲ့ တယ် . . . . .

" ငါ့ နတ်သမီး " . . .
မီးပြတိုက် အလင်းကြောင့်
လင်းလက်နေတဲ့  တစ်ခြမ်းပဲ့ လလေးလို
ငါ့  တစ်ကိုယ်ရည် အလင်းနဲ့ ဘဲ လင်းပရစေ
ဒါမှ . . . ငါ့ကိုလွမ်းတဲ့ ညတွေ ဖြစ်လာမှာမို့ ပါ . . . . .

" ငါ့ နတ်သမီး " . . .
ကောင်းကင်ကို ထူထူဝတ်ပါ
မြေကြီးကို ခပ်ပါးပါးခြုံပါ
လေထုကိုတော့ ပုံမှန်ရှုပါ
ကြယ်တစ်စင်း ပေးခဲ့ တဲ့ 
နေတစ်စင်း အမွေမှာ
ရံရွှေတော် အပျိုစင်တစ်သန်းနဲ့ တောင်
တစ်ယောက်နဲ့  မလဲနိုင်ခဲ့ပြီ . . . . .

ငါ့ ရင်ခွင်နွေဦးပေါက်ကို မီးထတောက် စေတဲ့ 
" ငါ့ နတ်သမီး " . . .
မိုးဆိုတာ နွေကိုဖြတ်ပြီးမှ
ရူးရူးမူးမူး ဖူးခဲ့ ရတာလေ
နေညိုညို ဘ၀တွေ အိုသွားတောင်မှ
မပြောင်းမလဲဘဲ ကျန်ခဲ့မဲ့  ရုပ်ကြွင်းသစ်ဟာ
" ငါရဲ့  အချစ် " ဘဲ ဖြစ်မယ် . . . . .

" ငါ့ နတ်သမီး " . . .
ကြယ်စင်ကိုစီးပြီး ခရီးနှင်ပါ
ဘုံ အဆင့်ဆင့်မှာ စံ ပြီး
ကံအဆင့်ဆင့်လည်း မြင့်သထက်မြင့်ပါစေ...။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!