အသက်​က​ပြော​သောသင်္ကြန်​မိုး

in esteem •  7 years ago 

image တန်​ခူးမည်​မွတ်
ဖက်​ဆွတ်​​ရေတိုး
သင်္ကြန်​မိုး
image ကျ​နော်​ကြိုက်​​သောဇာတ်​ကား​လေး
ကိုစီစဉ်​ရိုက်​ကူး၊သရုပ်​​ဆောင်​တင်​ပြ​ပေး​သောအနုပညာသမားအဖွဲ့သားအားလုံးကို​လေးစားချီးကျူးးချင်
သောစိတ်​ဖြင့်​​ရေးသားတင်​ပြလိုပါတယ်​။မ​နေ့ညက
channel(9)က​နေသင်္ကြန်​မိုးဇာတ်​ကားလာသွား
တယ်​။ကျ​နော်​မြန်​မာဇာတ်​ကား​တွေကြည့်​​လေ့ကြည့်
ထမရှိသ​လောက်​ပါပဲ။(လက်​ရှိအနုပညာသမား​တွေကို
စော်​ကားခြင်းမဟုတ်​ပါ)
ဒါ​ပေမဲ့သင်္ကြန်​​ရောက်​တိုင်းသင်္ကြန်​မိုး
ဇာတ်​ကား​တော့နှစ်​တိုင်းနီးပါးကြည့်​ဖြစ်​တာများပါတယ်
လူတိုင်းကြည့်​လို့မရိုးဘူးလို့လည်းထင်​ပါတယ်​။အဲညက
ဒီဇာတ်​ကားကိုကျ​နော်​တ၀က်​တပျက်​မှကြည်​မိတာ
တောင်​ဇာတ်​ကားကထမသွားချင်​​လောက်​​အောင်​ကို
ဆွဲ​ဆောင်​မှု့ရှိတယ်​ဗျ။
ဒီဇာတ်​ကားဟာမြန်​မာ​တွေရဲ့ယဉ်
ကျေးသိမ်​​မွေ့မှုလူငယ်​ကလူကြီးကိုဂါရ၀ရှိမှု​တွေဘာ
သာ​ရေးကိုင်းရှိုင်းမှု​တွေအပါဝင်​ရှု​ထောင့်​အမျိးမျိးက
ရိုက်​ချက်​​တွေကိုပန်ချီကားသဖွယ်​ကြည့်​ရတာ​တော်
တော်​ကိုရသ​မြောက်​ပါတယ်​။
ဒီဇာတ်​ကားမှာပါတဲ့သရုပ်​​ဆောင်
တော်​​တော်​များများဇင်​၀ိုင်းအပါအ၀င်​​ပေါ့ပုဆိုးနဲ့မြင်
ရ​တော့မြန်​မာ့ဓ​လေ့မြန်​မာ့စရိုက်​ပီသလိုက်​တာ​နောက်
ပြီးအ​ဖေအရက်​သမားကြီး​နေ​အောင်​ကိုရို​သေပုံကထ
မင်းဟင်းခူးခပ်​​ပေးလက်​​ဆေး​ရေအရန်​သင့်​ရိုက်​ပြထား
တာအ​ဖေတစ်​​ယောက်​ဟာအနန္တဂိုဏ်းဝင်​​ကျေးဇူးရှင်
ဆိုတာမ​မေ့ဖို့လူ​တွေကိုသတိ​ပေးလိုက်​သလိုပဲ။ဖ​အေ
ဖြစ်​တဲ့​နေ​အောင်​ကလည်းသူတက်​ထားတဲ့ပညာရပ်
တစ်​ခု၊သားကိုလက်​ဆင့်​ကမ်းအ​မွေ​ပေးတဲ့​နေရာမှာ
သက်​ဆိုင်​ရာပညာရပ်​​တွေကိုထိန်​သိမ်းဖန်​တီးလာခဲ့
တဲ့ပညာရှင်​ကြီး​တွေကို​လေးစားတန်​ဖိုးထားတတ်
အောင်​ရိုက်​ပြထားတယ်​။
ဒီဇာတ်​ကားမှာဆိုင်းဆရာကြီးစိန်​​ဗေဒါ
နဲ့ဆရာမြို့မငြိမ်းရဲ့ဓာတ်​ပုံ​တွေကိုအိမ်​မှာချိတ်​ဆွဲထား
ပြီးအ​လေးဂရုထားပုံနဲ့​ကျေးဇူးရှင်​​တွေအဖြစ်​တကူးတ
က(တခုတ်​တရ)ကိုးကွယ်​ခြင်းကိုရိုက်​ပြထားတာဟာ
မ​မေ့သင့်​မ​မေ့ထိုက်​တဲ့ပုဂ္ဂိုလ်​​တွေကိုမ​မေ့ဖို့ဂုဏ်​ပြုဖို့
လိုတဲ့အ​ကြောင်းဆုံးမ​နေသလိုပါပဲ။
နောက်​ပြီးခင်​သန်းနု​ရွှေထည်​​တွေစစ်
ဆေးတာကိုအရင်​ဦးဆုံးရိုက်​မပြပဲသူ့သားနဲ့သမီးရဲ့
ရှင်​ပြုနားသထားတဲ့ရှင်​​လောင်းနဲ့နားထွင်း​မောင်​နှမ
နှစ်​​ယောက်​ရဲ့အဖြူအမဲဓာတ်​ပုံ​လေးကိုအရင်​ပြလိုက်
ုခြင်းကကျ​နော်​တို့ရဲ့ဘာသာတရားနဲ့ဓ​လေ့ထုံးစံအ​ပေါ်
ဘယ်​​လောက်​အ​ရေးတယူအ​လေးအမြတ်​ထားသလဲ
ဆိုတာ​ပေါ်လွင်​​အောင်​ရိုက်​ပြထားတာကလည်းအ
မျှော်​အမြင်​ကြီးလိုက်​တာ။
မေသန်းနုတို့အုပ်​စုကိုလည်းကြည့်​လိုက်​အုံး
ပဲများတာတို့ပလီပလာတို့မပါပဲရိုးရိုးသား
သားမြန်​မာဆန်​ဆန်​ပါပဲ။(ဆံပင်​ပုံစံက​တော့ရှိမှာ​ပေါ့)။
ဇင်းဝိုင်းဆိုလည်းဖ​အေအရက်​သမားရဲ့
စကားကို​မြေ၀ယ်​မကျနား​ထောင်​တတ်​တာကိုရိုက်​ပြ
ထားတာဒါကျ​နော်​တို့မြန်​မာ​တွေမိဘကိုရို​သေကိုင်း
ညွတ်​ကြတဲ့ချစ်​စရာဓ​လေ့စရိုက်​ရှိ​ကြောင်း​ဖော်​ကြူပြ
ခြင်းဖြစ်​တယ်​။ဇင်းဝိုင်းဟာသူအ​ဖေသင်္ကြန်​လည်​ခွင့်
မ​ပေးလို့စိတ်​​လေပြီးစက်​ဘီးတစ်​စီးနဲ့​လျောက်​သွားတဲ့
အခန်း​တွေကပန်​ချီကား​တွေကြည့်​​နေရတဲ့အတိုင်းပဲ။
နားမလည်​​ပေမယ်​ကင်​မရာအယူအဆ​တွေက​ကောင်း
‌မှ​ကောင်းလို့ထင်​တယ်​ဗျာ။ဇော်​၀မ်း​နေရာကိုလည်းကြည့်​အုံးကိုယ့်​ထက်​ကြီးတဲ့ဦး​လေးအရွယ်​​တွေဖြစ်​တဲ့​နေ
အောင်​တို့ကိုအရက်​သမားဖြစ်​​နေတာ​တောင်​တရိုတ
သေဆက်​ဆံပုံကိုယ့်​ထက်​ငယ်​တဲ့ဇင်​၀ိုင်းတို့အုပ်​စုကို
လည်းညီလိုအစ်​ကိုလိုခင်​မင်​ပုံ​တွေရိုက်​ပြထားတာဗျ။
ခင်​သန်းနုက​နေ​အောင်​ကိုဇင်းဝိုင်းသင်္ကြန်
ပွဲမှာပါဝင်​ခွင့်​ရ​အောင်​လာ​တောင်း​ပန်​တဲ့အချိန်​မှာ​ဇော်
‌၀မ်းကဆိုင်​ကယ်​နဲ့ဇင်​၀ိုင်းတို့အိမ်​​ရောက်​လာ​တော့ခင်​သန်းနုရဲ့ကားဒရိုက်​ဘာ​ပြောလိုက်​လို့လှည့်​ပြန်​တဲ့အ
ခန်းတကယ်​​တေါ့ပြုတ်​ထားလို့ရပါတယ်​။ဒါ​ပေမယ့်​ဒီ
လိုတိုက်​ဆိုင်​တက်​တဲ့အ​ကြောင်းကိုထည်​ရိုက်​ပြတာ
တော်​​တော်​သ​ဘာဝကျတယ်​။ပြီး​တောဇင်​၀ိုင်းမခံစား
နိင်​ပဲသူ့အ​ဖေရဲ့အရက်​ကို​သောက်​ဖို့ကြိုးစားတာအ​ဖေကသိ​တော့ကိုယ်​ကိုတိုင်​အရက်​သမားဖြစ်​​နေ​ပေမယ့်
သားကို​တော့အဖြစ်​မခံနိုင်​တဲ့မိဘရဲ့ချစ်​ခြင်း​မေတ္တာကို
ပြသထားတဲ့မိဘကသားသမီးအ​ပေါ်ထားတဲ့​စေတနာ
ကိုတင်​ပြထားတာဟာလည်းကျ​နော်​တို့ရဲ့​ကောင်းတဲ့
လူ​နေမှုစရိုက်​ရဲ့ပြယုဂ်​တစ်​ခုပါ။
နောက်​တစ်​ချက်​ကလူငယ်​​တွေအရက်​ဆိုင်​ထိုင်​အရက်​မ​သောက်​ပဲလက်​ဖက်​ရည်​ဆိုင်​ထိုင်​အ​အေး​သောက်​တဲ့ပုံရိုက်​ပြတာကလည်းလူငယ်​​တွေလမ်း
မှားမ​ရောက်​​စေချင်​တဲ့​စေတနာအပြည့်​နဲ့တင်​ပြထားတာ
တကယ်​​ကောင်းတဲ့ဇာတ်​ကွက်​​တွေပါ။ဇာတ်​သိမ်း​ပေး
တာကိုလည်းသိပ်​ပြီး​တော့​ကျေနပ်​တာပဲ။သက်​​ထွေးတို့
နွေဦးကဗျာမဏ္ဍပ်​​ရှေ့မှာ​ဖျော်​​ဖြေ​နေတဲ့အချိန်​​ခေါင်း​ဆောင်​​မေသန်းနုကတဲ့အချိန်​မှာ​လေကိုငြိမ်း​မောင်​ရဲ့သ
ရုပ်​​ဆောင်​မှုကိုရိုက်​ပြတာသိပ်​သ​ဘောကျတာပဲ။
ကိုငြိမ်း​မောင်​ကဖက်​ကြမ်း​ဆေးလိပ်​ကြီး
ကိုခဲပြီး​တော့သူသားသက်​​ထွေးရဲ့ကြည်နူး​နေတဲ့မျက်
နာ​မေသန်းနုက​နေတာ​လေးကိုလည်းကြည်​ကြည်​နူး
နူး​လေးကြည့်​​နေတာ​လေး​တွေခင်​သန်းနုကလှမ်းအမြင်
အရင်​တုန်းကမ​ကျေနပ်​မှု့​တွေအားလုံး​ဖြေ​လျော့ပြီးအံဩ
ဝမ်းသာကြည်​နူးမှုအစုံကိုမျက်​နာမှာ​ပေါ်လွင်​လာတာ
တွေကိုရိုက်​ပြတာ​ကျေနပ်​လိုက်​တာဗျာ။
အကြိုက်​ဆုံးက​တော့ကိုငြိမ်း​မောင်
ကြီးဖက်​ကြမ်း​ဆေးလိပ်​ကြီး​သောက်​ပြီး​ဆေးလိပ်​​ငွေ့
တွေကိုမှုတ်​ထုပ်​လိုက်​ကာအငြိုးအ​တေး​တွေ​ပြေပြီး​ကျေ
နပ်​ပီတိဖြစ်​​နေတဲ့ပုံနဲ့သားသက်​​ထွေးရဲ့​ဖျော်​​ဖြေမှုကိုကြည့်​ပြီးတစ်​ဖက်​ကိုလှည့်​တဲ့အချိန်​မှာပဲဇာတ်​လမ်းကိုသိမ်း
လိုက်​တာဟာ​လေဘယ်​လို​ပြောမလဲအ​ကျေနပ်​ဆုံးနဲ့
အကြိုက်​ဆုံးပါပဲဗျာ။
ဒီဇာက်​ကားမှာပါတဲ့သင်္ကြန်​သီ
ချင်း​တွေကလည်းဘယ်​​တော့မှမရိုးတဲ့နားဝင်​ချိုတဲ့သ
င်္ကြန်​နဲ့အလိုက်​ဖက်​ဆုံးခွဲလို့မရတဲ့သီချင်း​တွေအဖြစ်
သင်္ကြန်​ရှိ​နေသ၍ဆက်​လက်​ရှင်​သန်​​နေအုံးမှာလို့မြင်
ယောင်​​နေပါတယ်​။
Steemitအဖွဲ့မိတ်​​ဆွေများအားလုံးရွှင်​လန်းချမ်း​မြေ့
၍sbd$များစွာပိုင်​ဆိုင်​ကြပါ​စေ။
Photo from facebook

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Nice Post dear. Looking forward to read your next post

I have followed you, follow me back to be getting up votes from me on your future posts. https://steemit.com/@chokomenia

Thank you.