တန်ခူးနွေဦး ဥဩငှက်တို့
အော်မြည် သံကြား
လွမ်းတယ်လေ့ လွမ်းတယ်လေ့
ပင်တိုင်းယံမြင့် ပိတောက်ပန်းတို့
ပွင့်တယ်လေ့ ပွင့်တယ်လေ့
လေပြေဆော့မြူ ပန်းပိတောက်ရနံ့တို့
သင်းတယ်လေ့ သင်းတယ်လေ့
![image](https://img.esteem.ws/cpxfqlzneq.jpg) အတာ တန်ခူးလမှာ
ပိတောက် ပန်းပွင့်နဲ့
ကိုယ်နှစ်သက်သူကို ကိုလူပျိုတို့
ပိုးပန်းကျတယ်လေ့ ပိုးပန်းကျတယ်လေ့
![image](https://img.esteem.ws/wn9491bt67.jpg) ပိတ်တောက် ပန်းပွင့်ကို
ပျိုမေ ကြိုက်သူတို့
ပန်ဆင်တယ်လေ့ ပန်ဆင်တယ်လေ့
![image](https://img.esteem.ws/74s3cqs29p.jpg)ပွင့်ပွင့်သမျှ ပန်းပိတောက်ဝါတို့
လှတယ်လေ့ လှတယ်လေ့
လေရူးဗွေဖောက် လေပွေနှောက်လို့
သစ်ရွက်ဝါတို့. မြေသို့ပြုတ်ပြုတ်
ကြွေတယ်လေ့ ကြွေတယ်လေ့
ညနေရောက်တိုင်း ပုစဉ်းရင်ကွဲတို့
ဟစ်ကျးသံမြိုင် အော်သံကြားလို့
ငြီးငွေ့တယ်လေ့ ငြီးငွေ့တယ်လေ့
သင်္ကြန်ချိန်ခါ ကျရောက်ခါနီး
လူတိုင်းရင်ထဲ သီချင်းသံကြားလို့
မြူးတယ်လေ့ မြူးတယ်လေ့။
Photo from facebook
Sender@mumushein