မျှော်​လင့်​​သောလမ်း​လေး

in esteem •  7 years ago 

image ငါနားလည်​ပါတယ်
ပညာမတက်​တဲ့ငါကို
နင်​အ​လေးထားပြီး
ဒီလမ်းက​လေးကို
ဘယ်​တွဲ​လျှောက်​ချင်​ပါမလည်း
ငါရိပ်​မိပါတယ်
ဥစ္စာမရှိတဲ့ငါကို
နင်​တန်​ဖိုးဘယ်​ထားချင်​ပါမလည်း
ငါကိုယ်​ချင်းစာပါတယ်
အမြဲနုံခြာ​နေတဲ့ငါကို
နင်​ကရုဘယ်​စိုက်​ချင်​ပါမလည်း
ငါ​တွေးမိပါတယ်
ရုပ်​မ​ချောတဲ့ငါကို
နင့်​လက်​တွဲ​ဖော်​အဖြစ်
ဘယ်​ချစ်​ချင်​ပါမလည်း
ဒါ​ပေမဲ့လည်း
ဒို့နှစ်​ယောက်​ရဲ့ဘ၀လမ်းကို
သာယာ​နေ​သောရှုခင်း
လှပ​သောဒီလမ်း​လေးလို
အေးချမ်းလှတဲ့မင်းနဲ့
ပျော်​ရွှင်​ကြင်​နာစွာ
အတူလက်​တွဲ​လျှောက်​ဖို့
ရင်​ထဲမှာ​တော့ငါ​မျှော်​လင့်​မိပါတယ်​။
SMT68@mumushein
Photo from facebook

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

SMT37

Smt 52

SMT 58

SMT 57

SMT-59

Smt 61

SMT(51)

SMT(51)

smt64