မုန်း၍မဟူ အပိုင်း(၅၄)
စီးပွားရေး လုပ်ငန်းဆောင်တာများကို စိတ်ပါလက်ပါ မရှိတော့ဘဲ ပစ်ပယ်မှန်းမသိ ပစ်ပယ်လာကာ၊ သားသမီး သံယောဇဉ်တွေကို ဖြတ်မှန်းမသိ ဖြတ်နေလေသည်။
"မင်းကွယ် ... လူ့ဘောင်ကြီး မနေပါနဲ့တော့၊ စစ်ကိုင်းမှာ မယ်သီလရှင်ပဲ လုပ်နေပါတော့" ဟု ဦးဘိုးသိန်းက ခနဲ့သည့်အခါမျိုး၌
"ခွင့်သာပေးပါရှင်၊ ကျွန်မက အဆင်သင့်ပါ" ဟု ဆိုလေသည်။
"လောကကြီးကို စက်ဆုပ်လိုက်တာ" ဟု မကြာခဏ ညည်းနေသည်။
"စက်ဆုပ်ရင်လည်း တောင်ရိုးသွားနေအေ"ဟု ဒေါ်သက်ကငေါ့လျှင် ပြုံးနေလေသည်။