ရာမ တို့ က ဦကုသဆီမှာ သိုင်းလေ့ ကျင့်ရင်း ထိုအကြောင်း ကိုမေး လေသည်။
ရာမ က
"ဆရာ...... ဆရာ့ ကို ဘုန်းဘုန်းက မောင်ကုသလို့ခေါ်တာ ဆရာ့ ထက် ဘုန်းဘုန်းက ငယ်တယ် မဟုတ်ဘူးလား ဆရာ"
"ဟာ..... ဘယ်ကလာဘုန်းဘုန်း ငါ ငယ်ငယ် ကတည်းက ကိုရင် ဝတ်မလား ဝတ်မလား ဆို ပြီး ရောက်တိုင်းမေး နေကြ အခု ထိပဲ....ဟေ့ "
"သြော် ...."
"ဘုန်းဘုန်းရဲ့ အသက် ကဘယ်လောက်လဲ ဆရာ"
"အဲ့ဒါတော့.. ငါလဲ မသိဘူး သေချာတာ တစ်ခု က မင်းအဘွား ထက် ကြီးတယ် "
" ဟင်"
ရာမ အံ့သြ သွားသည်။
ထို ချိန် ဖိုးအေး အလော တကြီးရောက်လာ ပြီး
" ဆရာ.....ဆရာ့.... "
" ဟ ... ဖိုးအေး ဘာဖြစ်တာလဲကွ"
" ဒေါ်ငုတတို နဲ့ မကုဝေ တစ်ချိန်တည်း ဆုံးလို့ ဆရာကြီး ဦဈန်ညို က နမိတ်မကောင်း ဘူပြောတယ်"
"အင်း နမိတ်မကောင်း ဘူး ညဥ့်၂ချက်တီးမှာ ဆုံးတာလား?"
" ဟင် ဆရာ ညဥ့်၂ချက်တီးမှာဆုံးသွားတာ ဘယ်လိုသိလဲ?"
"သိတာမဟုတ်ဘူး ကွ မကောင်းတဲ့ နိမိတ် ချိန် ခါ
ဆုံးတာထင်လို့မေးကြည့်တာ "
" ဆရာ ဘာတွေဖြစ်လာနိုင်လဲ ရွာမှာ"
"ရွာပျက်နိုင်တဲ့ မကောင်းတဲ့နိမိတ်ဖြစ်လိမ့်မယ် သတင်းဆိုးပဲ "
To bo continued
@အညာသားလေး