တချို့မိန်းမတွေကျ အချစ်သာခံချင်တာ
ပူဆာဖို့ရယ် စိတ်ကောက်ဖို့ရယ် ရန်ဖြစ်ဖို့ရယ် ကိုယ်ဖြစ်ချင်တာ ကိုယ်ပြောဖို့ရယ်လောက်ပဲ တတ်တယ်
ကိုယ်ပိုင်အရည်အချင်း ထက်မြက်မှုဆိုတာ
အလှတွေစွတ်ပြင် မကိတ်ကိတ်အောင် လုပ်ဖို့ ဆိုရုံလောက်ပဲ သိကြ နားလည်ကြတာ
နင်မကြိုက်လည်း ငါ့ကိုကြိုက်မယ့်သူတွေ တပုံကြီးရှိတယ်ဆိုတဲ့ အထာတွေနဲ့ ငယ်ဂုဏ်မောက်ပြီး မာန်တွေထောင်
ကိုယ့်ရည်းစားကို သဝန်မတိုတိုအောင်
တခြားသူတွေနဲ့ ပရောပရီလုပ်
အရွဲ့တိုက်ချင်စိတ်နဲ့ ယောက်ျားတကာကို ပတ်သတ်
ယောက်ျားဆိုတာမျိုးက ဘယ်လောက်ပဲ ချစ်လှပါချည်ပြောပြော သူတို့အမြဲရင်ပူပြီး
သဝန်တိုနေရမယ့် မိန်းမတစ်ယောက်ရဲ့ ဒဏ်ကို ကြာရှည်မခံနိုင်တာ သဘာဝပဲ
ပြီးတော့ ကိုယ့်ထက် အသက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ဘယ်လောက်ပဲ ဆိုးတာလေးကို ချစ်တယ် ကောက်တာလေးကို ချစ်တယ်ပြောပြော
ပင်ပန်းပြီး ဖေးမမှုကို လိုအပ်နေတဲ့အချိန်တော့
အမေလို အမလို အေးမြတဲ့ မေတ္တာဓာတ်ကို လိုချင်ကြတာပဲ
အားတိုင်း စိတ်ကောက်ဖို့ရယ် နှုတ်ခမ်းဆူဖို့ရယ်
ပြဿနာရှာဖို့ ရစ်ဖို့ရယ်ပဲ တွေးနေရင်
ဘယ်လောက်ပဲ ချောနေ လှနေ ချမ်းသာနေ ပညာတွေတော်နေပါစေ
အဲဒီယောက်ျားက သာမာန် ရွက်ကြမ်းရေကျို
ဘာဂုဏ်ဒြပ်မှ မရှိတဲ့ မိန်းကလေးနဲ့ ကိုယ့်ကိုလဲသွားမှာ
သူ့အတွက် အသုံးမဝင်ရင် ကိုယ့်ရဲ့အဖိုးတန်မှုက
သူ့အတွက် သုညပဲ
အဲအခါကျမှ နောက်တွဲတဲ့စော် ငါ့လောက်တောင်
မလန်းဘူး Blah blah ဆိုတဲ့ စကားတွေနဲ့ ဂျေမဝင်ကြနဲ့ကွယ်
သရဖူဆောင်းထားတိုင်း ဘုရင်မ မဖြစ်နိုင်ဘူးဆိုတာတေ့ သိစေချင်တယ်