ကိုယ်အရမ်းကြိုက်တဲ့ Hollywood ဇာတ်ကားတစ်ကားရှိတယ်။
ကိုယ်တို့ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာ သင်ခဲ့ရတဲ့ ထရိုဂျန်မြင်းရုပ်ကြီးကြောင့်ပျက်ခဲ့ရတဲ့ Troy မြို့ကြီးအကြောင်းကို ရိုက်ထားတဲ့ကား။
မင်းသားက ဘရက်ပစ်ဒ်။ သူက သူရဲကောင်းအာခိလိနေရာမှာ သရုပ်ဆောင်ထားတယ်။
ဇာတ်လမ်းထဲမှာ ကိုယ်သဘောကျတဲ့ ကာရိုက်တာက အာခိလိမဟုတ်ဘူး။ မင်းသားဟက်တာပဲ။ မယှဉ်နိုင်မှန်းသိလျက်နဲ့ ဂုဏ်သိက္ခာအတွက် တိုက်ရတဲ့ သူရဲကောင်း။အာခိလိကတော့ နတ်ဘုရားသားတော်ပီပီ ယုံကြည်မှုအပြည့်ရှိတယ်။ နာမည်တွင်ကျန်ရေးအတွက် သူရဲကောင်းလုပ်တယ်။
ဒီဇာတ်ကားမှာ ဒိုင်ယာလော့တွေ အရမ်းကောင်းတယ်။
"လူကြီးတွေ စကားပြောပြီး လူငယ်တွေသေပေးရတာကို စစ်လို့ခေါ်တယ်" တဲ့။
စစ်ပွဲနဲ့ ပတ်သက်တဲ့ အနိဌာရုံတွေ စိတ်ပျက်စရာတွေကို ကွက်ကွက်ကွင်းကွင်းပြထားတယ်။
အဲ့ဒီဇာတ်ကားမှာ ကိုယ်အရမ်းသဘောကျတဲ့ဇာတ်ကွက်ရှိတယ်။ အာခိလိက ဘုရင်ကို သစ္စာမခံဘူး။
သူ့နာမည်အတွက်ပဲ အလုပ်လုပ်တာ။
စစ်ပြင်တာစူနေတဲ့အချိန်မှာ သူကအိပ်နေတုန်း။
စစ်သားတွေအများကြီးရဲ့ အသက်ကို ကာကွယ်ဖို့ စီးချင်းထိုးတယ်။ ဘုရင်က အသုံးမကျတော့ စီးချင်းမထိုးရဲဘူး။ သူရဲကောင်းကို စီးချင်းထိုးခိုင်းတယ်။
အခြားစစ်သားတွေ အိမ်ပြန်နိုင်ဖို့၊ မုဆိုးမတွေ ဖခင်မဲ့ကလေးတွေအတွက် အာခိလိက သူ့ဓါးကိုထုတ်တယ်။
ကြည့်ရင်းနဲ့ အမြဲတွေးမိတယ်။
အခုလို ရှည်ကြာလွန်းသော စစ်ပွဲတွေမှာ အာခိလိလို စီးချင်းထိုးရဲတဲ့ သူရဲကောင်းတွေရှိရင် အခြားစစ်သားတွေ အပြစ်မဲ့ပြည်သူတွေ သေကြေမှာမဟုတ်ဘူးလို့။
အခုခေတ်မှာ စစ်ဆိုတာBusiness အသွင်ဖြစ်လာတာကို နားလည်ပေမယ့် ကိုယ်ကတော့ ကလေးဆန်ဆန် ဖြူဖြူစင်စင်ပဲ စီးချင်းထိုးကြစေချင်တာပဲ။
စီးချင်းမထိုးရဲလည်း ကြက်ဖခွပ်ကြပေါ့။
ဟုတ်ဘူးလား....အမျိုးသမီးတွေဘက်က အမြဲရေးနေကျပေမယ့်
ဒီတစ်ခေါက်တော့ မိန်းကလေးတွေ သိပ်သဘောမကျမယ့် အတွေးလေးတော့ ရေးပါရစေ။
ကိုယ်တော့လေ ကိုယ့်ချစ်သူ ကိုယ့်ရည်းစား ကိုယ့်ယောက်ျားဆီက ဖေ့စ်ဘုတ်ပက်စ်ဝက်တွေ တောင်းတဲ့ အကျင့်တွေကို တယ်သဘောမကျလှဘူး။
အဲ့အကျင့်တွေက မိန်းကလေးတွေမှာပဲမဟုတ်ဘူး
ယောက်ျားလေးတွေမှာလည်း ရှိတယ်။
အချို့က ဒါကို ယုံကြည်မှုလို့ မြင်ကြတယ်။
ကိုယ်ကတော့ အတော်လွဲတယ်လို့ ထင်မိတယ်။
လူတစ်ယောက်မှာ Privacy ဆိုတာရှိတယ်။
ချစ်သူ သမီးရည်းစား အိမ်ထောင်ဖက်ကြားမှာလည်း
ဒီPrivacy ဆိုတာ လိုကိုလိုအပ်တယ်။
ဒါဟာ လူတစ်ယောက်ရဲ့ အခြေခံရသင့်ရထိုက်တဲ့ အခွင့်အရေးပဲ။
လူတစ်ယောက်က တစ်ယောက်ကို ချစ်တယ်။
ဒါနဲ့ပဲ သူ့ဘဝကိုယ့်ဘဝ ဒိုးယိုပေါက် ဖွင့်ချပေးလိုက်ရမှာလား။ ဘယ်လောက်ပဲ နီးစပ်နီးစပ် ကိုယ်ပိုင်အချိန်တွေ ကိုယ်ပိုင်အတွေးတွေအတွက် Spaceလေး တစ်ခုတော့ ရှိရမှာပဲ။ သူ့မှာ မိသားစုကိစ္စ၊ အပေါင်းအသင်းကဏ္ဍတွေရှိမယ်။ ဒါကို ကိုယ်က ဘာဖြစ်လို့ မဖြစ်မနေသိနေဖို့ လိုအပ်မှာလဲ။
ဥပမာ- ကိုယ့်Best Friend တစ်ယောက်က ကိုယ့်မို့ ယုံကြည်လို့ အကြောင်းအရာတစ်ခုကို ချက်ဘောက်က ရင်ဖွင့်တယ်ဆိုပါစို့။ ဒီကိစ္စသည် ကိုယ့်အတွက်တော့ အသိမခံဖုံးကွယ်ထားစရာ ကိစ္စမဟုတ်သလို ကိုယ့်လက်တွဲဖော် သိသွားလည်း ဘာမှမဖြစ်တဲ့ကိစ္စ။
ဒါပေမယ့် တစ်ဖက်က ရင်ဖွင့်တဲ့သူငယ်ချင်းအတွက်ကျ ကိုယ်မဟုတ်တဲ့ အခြားလူတစ်ယောက်ကို ပေးသိချင်မှ ပေးသိချင်လိမ့်မယ်။
ကိုယ့်Passwordကို ချစ်သူကိုပေးထားတယ်။
သူက ဝင်ဖတ်တယ်။ ကိုယ့်Privacyကို ကိုယ်တိုင်ချိုးဖောက်ခံရုံမက သူတပါးရဲ့ Privacyကို ကိုယ့်လက်နဲ့ ပေးချိုးဖောက်လိုက်သလို ဖြစ်တယ်။
မမိုက်ဘူး။
ဖေ့စ်ဘုတ်ပေါ်မှာ ဂျင်းတွေရှိတယ်။
ဖေ့စ်ဘုတ်ပက်စ်ဝက်ကိုတောင်းလို့ ပေးတယ်ဆိုရင် သင့်ကိုတကယ်ချစ်တာပါတို့ ဘလာဘလာတွေ
မြန်မာနိုင်ငံလုံးဆိုင်ရာ ဂျင်းစားသုံးသူများကလည်း
ယုံတော်မူတယ်။
ချစ်ခြင်းမေတ္တာဆိုတာ ဖေ့စ်ဘုတ်ပက်စ်ဝက်လောက်နဲ့ တန်ဖိုးဖြတ်စရာ မဟုတ်ဘူးဆိုတာလောက်တော့ နားလည်ဖို့လိုလားလို့။
ဖေ့စ်ဘုတ်ပက်စ်ဝက်လေးတောင် မယုံကြည်ရင် ဘယ်လိုယုံကြည်ရမလဲတို့ ဘာတို့။
အိုကေ.... မင်းကို ယုံကြည်ချင်လို့ဆိုပြီး တစ်ကိုယ်လုံးချွတ်ပြဖို့ တောင်းဆိုကြည့်မယ်... လိုအပ်သလားလို့။
ဖေ့စ်ဘုတ်ပက်စ်ဝက်တောင်းတယ်ဆိုတာ ယုံကြည်မှုကို ဗန်းပြပြီး တစ်ကိုယ်လုံးချွတ်ပြဖို့ တောင်းဆိုတာနဲ့ သဘောတရားအတူတူပဲ။
လူတစ်ယောက်နဲ့ တစ်ယောက်မှာ ဘယ်သူကမှ
တစ်ယောက်ကိုတစ်ယောက် အလုံးစုံ ပိုင်ဆိုင်တယ်ဆိုတာ မရှိဘူး။
ချစ်သူသမီးရည်းစားမပြောနဲ့ အိမ်ထောင်ဖက်ဆိုရင်တောင် တစ်ယောက်က တစ်ယောက်ကို ပိုင်ဆိုင်တယ်ဆိုတာ ကိုယ်သဘောမတူဘူး။
အိမ်ထောင်ဖက်ဆိုတာ ဘဝချင်းတွဲချည်ထားကြတဲ့ သူတွေ။ တစ်ယောက်အခွင့်အရေးထဲ တစ်ယောက်လက်ဝါးကြီးအုပ်နေကြသူတွေ မဟုတ်ဘူး။
ဖောက်ပြန်ချင်တဲ့လူက ဖေ့စ်ဘုတ်စ်ပက်စ်ဝက်ယူထားရုံ မပြောနဲ့ သံကွန်ချာ ခုနှစ်ထပ်နဲ့အုပ်ပြီး အာခံတွင်းထဲထည့်ထားလည်း ပါးစပ်ထဲ အီးပါချပြီး ဇော်ဂျီနဲ့ ဖောက်ပြန်တတ်တဲ့အမျိုးရှင့်။
ဖေ့စ်ဘုတ်အကောင့်တစ်ခု ဖွင့်ဖို့ ငါးမိနစ်တောင် မကြာလှဘူး။
ဒီအကောင့်ပက်စ်ဝက်ပေးပြီး အခြားအကောင့်နဲ့ ကြူနေတော့ရော ယူတို့က သိမှာမို့လား။
အရေးအကြီးဆုံးက စိတ်ဓါတ်ပဲ။
ဖေ့စ်ဘုတ်ပက်စ်ဝက်ကြီးယူထားပြီး
ဘယ်ဟာမနဲ့ ကြူနေမလဲ၊ ဘယ်ဟာမနဲ့ အီစီကလီလုပ်နေမလဲ အကောင့်ထဲကင်းထိုင်စောင့်ပြီး
ဓါးမိုးချစ်ရမယ့်အကျင့်မျိုးဆို စောစောစီးစီးဂျောင်းခိုင်းလိုက်တာ နားအေးလိမ့်မယ်။
လက်တွေ့ဘဝမှာ ဖေ့စ်ဘုတ်ထက် ကြောက်စရာကောင်းတဲ့ စနှိုက်ကြော်ယွယွလေးတွေ အများကြီး အများကြီး။ အဲ့ကျမှ ဆံပင်ဖြူ အသက်တိုပြီး မယ်ကုဝဏ်ဖြစ်လာလိမ့်မယ်။
Smt29
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
smt38
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt31
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT 48
GOOD POST
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိုက်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt40
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post has received a 100 % upvote from @min2thant (S M T 33)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT 32
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT 45
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အ့ဒီဇာတ်ကား ကိုယ်လည်း ကြိုက်တယ်..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt26
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt47
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
smt39
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT-28
Done
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT-34
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
smt36
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT 35
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt43
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt 30
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit