Forexကြောင့်ကျရှုံးသွားတဲ့လူတွေအများကြီးရှိသလို...အောင်မြင်တဲ့လူလဲ တော်တော်လေးကိုအောင်မြင်သွားကြပါတယ် ။ တစ်နေ့ဝင်ငွေပုံမှန်အေအေဆေဆေးရပါတယ်။မိတ်ဆွေတို့က Forex Trader တစ်ယောက်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် " Trading အပေါ်မှာထားတဲ့ စိတ် " ကို အရင်ပြင်ရပါမယ်။
ပထမဆုံးတစ်ချက်က စိတ်အခြေအနေ ကြံ့ခိုင်မှု မရှိတဲ့အချိန်မှာ Trading လုံးဝမလုပ်ပါနဲ့။ ဥပမာ ~ မိသားစု၊ အိမ်ထောင်ရေး၊ အချစ်ရေး၊ အလုပ်အကိုင် စတဲ့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတစ်ခုခုကြောင့် စိတ်ညစ်နေရင်၊ စိတ်တိုနေရင် လုံးဝ(လုံးဝ) trade မလုပ်ပါနဲ့။ ကျန်းမာရေးမကောင်းတဲ့အချိန်၊ Alcohol သောက်ထားချိန်မှာ trade မလုပ်ပါနဲ့။
credit photo- google photo
Forex Trading မှာ အိပ်ယာထချိန်ဟာလည်း အရေုးကြီးပါတယ်။ US Market ဟာ မြန်မာစံတော်ချိန် နံနက် ၄နာရီခွဲမှာ ပိတ်သွားပါတယ်။ မြန်မာပြည်က trader တစ်ယောက်ဟာ နံနက် ၆နာရီခွဲ-၇နာရီခွဲ ဝန်းကျင်လောက်တော့ အိပ်ယာထသင့်ပါတယ်။ ဖြစ်နိုင်ရင် meditation လုပ်သင့်ပါတယ်။
ပြီးတာနဲ့ Chart Analysis ကို တစ်နာရီလောက်တော့ အချိန်ပေးပြီး Daily Basis မှာ လုပ်သင့်ပါတယ်။
Trading မှာက အရမ်းရှင်းပါတယ်။ လုံလောက်တဲ့အချိန် မပေးထားရင် " emotion " က တက်လာမှာပါပဲ။ emotion တက်လာရင် အရှုံးကလည်း အလိုလိုပါလာမှာပါပဲ။
credit photo- google photo
Trade တစ်ကြောင်းကို ဘယ်တော့မှ စိတ်ဆန္ဒဇော emotion နဲ့ ဘယ်တော့မှ အလောတကြီး မ trade ပါနဲ့
Market က ဘာပြောသလဲသိနိုင်လောက်အောင် လိုသလောက်တော့ Chart ကို လေ့လာပါ
ကိုယ် အရမ်းကြိုက်တဲ့ trade တစ်ခု က ရွေ့နေပြီဆိုရင် နောက်ကနေ လိုက် buy တာ၊ လိုက် sell တာမျိုး မလုပ်ပါနဲ့။ Emotion-based trading ဟာ အရှုံးကိုပဲ ပေးပါလိမ့်မယ်။
ဥပမာပေးရရင် - ရထားစီးမယ်ဆို ဘူတာကို အချိန်မှီလာပြီး
ရထားပေါ်မှာ အခန့်သား ထိုင်လိုက်သွားတာကောင်းပါတယ်။ ရထားက အရှိန်နဲ့ ထွက်နေမှ ပြေးတက်ရင် အန္တရာယ်ကြီးပါတယ်။
Forex Market ဆိုတာဟာ အမြဲတမ်းရှိနေတဲ့ ဈေးကွက်ကြီးပါ။ အခွင့်အရေးကောင်းဆိုတာ တစ်ကြိမ်လွတ်သွားလည်း နောင် အကြိမ်ပေါင်းများစွာ လာနေဦးမှာပါပဲ။ဒကြောင့်အောင်မြင်တဲ့ trader တစ်ယောက်ဖြစ်ဖို့အတွက် ဒါတွေပြုပြင်သင့်ကြောင်းပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျ...
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!