အရင်းနှီးဆုံးသူတွေဆိုပြီး ကိုယ့်အကြောင်းသူ့ကို အကုန်ဖွင့်မပြောနဲ့ အရင်းနှီးဆုံးဆိုသူတွေက တချိန်ကျရင်အမုန်းဆုံးရန်သူတွေဖြစ်သွားနိင်တယ်။အမုန်းဆုံးရန်သူဆိုပြီးတော့လည်း တဖက်သားဘဝသွားနင်းမချေနဲ့ အမုန်းဆုံးရန်သူတွေက တချိန်ကျတော့ အနီးဆုံးသူတွေ ဖြစ်သွားတဲ့အခါ နောင်တတွေရနေလိမ့်မယ်။လူတွေရဲ့သဘောသဘာဝအကြောင်းကို သိအောင်ကြိုးစားဖို့ထက် ကိုယ့်အနားမှာရှိတဲ့သူတွေရဲ့ အကြောင်းကိုသာသိအောင် ကြိုးစားပါ။တကယ်တော့ မိတ်ဆွေအပေါင်းသင်း လက်တွဲဖော်ဆိုတာ ဓါးသွားထက်က ပျားရည်စက်လိုပါပဲ ချိုမြိန်ခြင်းတွေရနိင်သလို ရှတတ ဒဏ်ရာတွေ လည်းပေးနိင်ပါတယ်။စီးပွားရေးမှာအောင်မြင်ချင်ရင် စီးပွားရေးမှာ အဓိကလုပ်ငန်းကြီးသုံးခုဖြစ်တဲ့ ကုန်ထုတ်လုပ်ငန်း၊ဝန်ဆောင်မူလုပ်ငန်း၊ကုန်သွယ်ရောင်းဝယ်မူလုပ်ငန်း စတာတွေမှာ...
တန်ဖိုးမြင့်ထုတ်ကုန်များကိုထုတ်လုပ်ခြင်းနှင့်ကုန်ပစ္စည်းများကိုစံချိန်မှီအောင်အရည်သွေးပြည့်မှီအောင် စွမ်းဆောင်နိုင်ရမယ်။အကုန်အကျများနှင့်ပျက်စီးဆုံးရှုံးမူအနည်းဆုံးဖြစ်အောင်စီမံခန့်ခွဲမူပြုနိုင်ရမယ်။Need&Want ကိုသိပြီးဝယ်လိုအားဖြစ်ပေါ်အောင်ဘယ်လိုဖန်တီးရမယ်ဆိုတာသိရမယ်။Supply&Demandကို လေ့လာပြီး ဝယ်လိုအားရှိနေတဲ့နေရာမှာ ဘယ်လိုဈေးကွက်ထိုးဖောက်ရမယ်ဆိုတာသိရမယ်။ကုန်ကျစရိတ်နဲ့ အကျိုးများသောOnlinဈေးကွက်ကိုအထိရောက်ဆုံးအသုံးချတတ်ရမယ်။ငွေကြောင်းအရင်းအနှီးနဲ့ ငွေကြေးစီးဆင်းမူမြန်ဆန်စေကောင်းမွန်ဖို့အတွက် SMEများဖွံ့ ဖြိုးမူအထောက့်ပံ့ ဖြစ်စေသော ငွေချေးငှါးခြင်းစနစ်များ နှင့် onlineဘဏ်စနစ်များကိုလဲအကျိုးရှိစွာအသုံးချတတ်ရမှာဖြစ်သလို့ စနစ်ကျခိုင်မာပြီး အချင်းခြင်းCheck & Balance ရှိပြီးတဲ့ အကျိုးတူပူပေါင်းလုပ်ကိုင်နိုင်စွမ်းတို့ကိုလည်းရှိရမည်မဟုတ်ပါလား။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!