ဟာသ

in esteem •  7 years ago 

image
ဘယ်​လို​ပြောရမလဲ​လူနာအိပ်​ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး သူ့နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့လိုက်ရတယ်။မေ့ဆေးပြယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီဝဲယာကို ​ဝေ့ဝိုက်ကြည့်လိုက်ပါတယ်။ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့ သူက မေးလိုက်​တယ်။သူနာပြုဆရာမလေးက အလှဆုံး ပြုံးပြီး “အဆင်ပြေပါတယ်ရှင် အားလုံးချောချောမောမောပါပဲ”
“ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”
“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး၊ အင်​မတန်​​ကောင်းတဲ့ ဆေးရုံပါ”
“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့ အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” လို့ အစချီပြီး သူ့ကို မွေးစကတည်းက လွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။သူ့ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့ သူ့အသက် ၁၀ နှစ်သားလောက်အထိ အာရှသား လင်မယားကို သူ့မိဘလို့ပဲ မှတ်ယူခဲ့ရတဲ့​ကြောင်း။သူ့မိဘ ဆိုသူတွေကလည်း သူတို့ရဲ့ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီး ဘာလို့ မျက်လုံးဒီလောက်ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို့မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ကို သူ့ရဲ့မိရင်းဖရင်းတွေဆီ ပြန်သွားပို့ပေးကြသတဲ့။အတိအကျပြောရရင်တော့ သူ့မိခင်ဆီ ပြန်ပို့ပေးတာပါ။ သူ့အဖေက သူ့အမေကို နှစ်အတော်ကြာကြာကတည်းက ပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့မိန်းမက တရုတ်ရုပ်နဲ့ ကလေးလေး မွေးလာလိ့တဲ့လေ။“ကျွန်တော့်နာမည်ကလည်း မှားပြီး `ရ’ထားတာဗျ”
“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”
“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”
သူ့ရဲ့လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း သူ မကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ခဏခဏ မှားပြီး အပြစ်ပေးတာကို ခံခဲ့ရတယ်။တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက စာရင်းမှားထုတ်လို့ သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို ဆောင်နေရတယ်ဗျ။ ရှေ့လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀၀ ဆောင်ခဲ့ရတယ်”
“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”
“ဘယ်ကလာဗျာ ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင် မရှိဘူး။” မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့မိန်းမက သူ့ကို တခြားတစ်ယောက်နဲ့ မှားပြီး လက်ထပ်ခဲ့တာလို့ ဆိုတယ်​။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”
“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကို တကယ်ချစ်တာမှမဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ချစ်သူဆီပဲ အမြဲတမ်းသွားနေတော့တာပေါ့။လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သူ မယူဖူးတဲ့ အကြွေးတွေအတွက် အတိုးတောင်းတဲ့စာတွေ ခဏခဏ ရဖူးတယ်။ခု​ဆေးရုံမှာ ဆရာဝန်က သူ့ကို အခုလိုပြောတော့ သူ ပျော်တောင် ပျော်သွားခဲ့တယ်ဆိုပဲ“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”
“ဒါလည်း ဆရာဝန်က ကျုပ်​ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်က ဘာမှဖြစ်လောက်တဲ့ရောဂါ မဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။ အခု ခင်ဗျားက ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှ မရှိဘူးဆိုတော့ ကျွန်တော်​က ယုံရခက်ခက်ပေါ့ဗျာ”
ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ တမဟုတ်ချင်း ငြှိုးကျသွားတယ်။
“ရှင်​က အူ .. အူအတက်ပေါက်တာ … ဟုတ်လား"
“ဟုတ်တယ်လေ ... ကျုပ်​က အူအတက်ပေါက်လို့ ဖြတ်ထုတ်​ဖို့အတွက် ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့လဲ"သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက “ဒါဆို ရှင်က ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!