အေး ဘာမှန်းမသိတင်းတယ် ပေးမယိ့ အကောင်တွေ လာပေးတော့

in esteem •  7 years ago 

image
+=+=+=+=+
ကျနော် ----
ပျော်အောင် ---- ကြံဖန်နေတယ်
တိုင်မှာ ---- ကပ်ချိတ်ထားတဲ့
ဘဝရဲ့ ---- နာရီလက်တံတွေကို
ပင့်ကူမျှင်တွေနဲ့ ---- တန်ဆာဆက်ရင်းပေါ့ —။
ဆုရကဗျာတစ်ပုဒ်ရဲ့ ---- လိင်အင်္ဂါနဲ့
ဆက်ဆပ်ပစ္စည်းတွေ ---- ဟာ
ဘယ်အရာကို ---- ညွှန်ပြသလဲ
မိုးနည်း ---- ရေရှားအရပ်က
ထွက်သက်တွေရဲ့ ---- ညီးသံကြားတိုင်း
မျက်နှဖုံး ---- အထပ်ထပ်
ကွန်ဒုံးတွေ ---- တတ်ပြီး
ခေါင်းပေါင်း ---- ပေါင်းကြတယ်
တစ်ချို့ကလဲ ---- ဘီးစပတ်နဲ့ပုဝါခြုံလို့ပေါ့ —။
ဆာလောင်တဲ့ ---- ကလေးရဲ့ငိုသံတွေဟာ
နို့မစို့ရဘဲ ----
ကုလားမခြေထောက်တစ်စုံရဲ့---- အောက်မှာ
သေပျောက် ---- ကျန်ခဲ့ရတယ်
သခင်နုရဲ့ ---- ရက်စက်ပါပေ့ကွယ်ကို
ကျနော် ---- သက်ပုံလိုက်စစ်ကြည့်တဲ့အခါ
ကဗျာတွေ ---- ထွက်ကျလာတယ်
မသိန်းရှင်ဆီ ---- ပို့ပေးရမယ့်ထန်းလျှက်တောင်းကို
နီပြာခဲတံတစ်ချောင်းက ---- နှိုက်မြည်းနေတုန်း
အဘမှိုင်းရဲ့ဆဲသံတွေက ---- ဘဝက်ညံလာတယ်
နားထိုင်းတဲ့လူတွေ ---- ခေါင်းပေါင်း,ပေါင်းထားကြပါ
အနီရောက်လက်မှတ် ---- ကိုင်ဆောင်ထားသူများ
ထမင်းစားရုံသို့ ---- မသိမသာကြွခဲ့ကြပါ
ခေါင်းပေါင်း,ပေါင်းတဲ့လူတိုင်း ---- နားထိုင်းပေးကြပါ
အလှူ့အစ်မက ---- ဘီးစပတ်ကြီးကြီးပတ်ရင်း
နှပန်းဇံသီချင်းနဲ့ ---- ကနေရဲ့ —။
မနေ့ကတွေ ---- အားလုံးကို
ဒီကနေ့မှာ ---- ထုချေပြစ်လိုက်ချင်တယ်
မနက်ဖြန်အတွတ် ---- အသစ်စက်စက်
ခြေလှမ်းတွေအတွတ် ---- ဘဝ,ဝဲကယက်ထဲက
ခွန်အားတွေကို ---- သယ်ပိုးရင်း
ဝေဝါးခြင်းမြူတိမ်ကင်းတဲ့ ---- အချိန်ကို
နေရောင်မမှိန်ခင် ---- ရောက်ဖို့
အိမ်မက်ကောက်ကြောင်းတွေ ---- ရေးချင်နေမိတယ်
ရေဗူးနဲ့ဖိနပ် ---- မပါလဲရတယ်
ဒါနနဲ့သီလ ---- မပါလဲဖြစ်တယ်
ရွာရဲ့ ---- တစ်ဖက်မှာတော့
မီးကင်းသံချောင်းသံတွေ ---- ကြားနေရတယ်
မနက်ဖြန်တွေဟာ ---- ဒီကနေ့မှာပဲ
လှံစွပ် ---- အထိုးခံလိုက်ရတဲ့အတွတ်
သဘက်ခါတွေက ---- မျက်ရည်စက်လတ်နဲ့ပေါ့ —။
အိမ်မက်တွေ ---- သိမ်ငယ်သွားတယ်
ခလေး ----တစ်ယောက်ရဲ့
လိင်အင်္ဂါ ---- အပေါက်ကနေ
လူကြီး ---- တစ်ယောက်က
သက်သေခံပစ္စည်း ---- ဖျောက်ဖို့အတွတ်
ဖုန်စုတ်စက်နဲ့ ---- တေ့စုတ်ဖူးတယ်တဲ့
ထွက်လာတဲ့ ---- ကလီဇာတွေကို
တရားလူကြီး ---- ကိုယ်တိုင်
သူ့ဟာမဟုတ်မှန်း ----သိနေတယ်
ကဲ ---- လူဆိုတာဘယ်ကစလဲ
လူဆိုတာ ---- ဘယ်မှာဆုံးမလဲ
လူဆိုတာ ---- နားထိုင်းခြင်းကစတာ
လူဆိုတာ ----
ကုလားထိုင်တစ်လုံးပေါ် ---- ထိုင်လိုက်ရင်ဆုံးသွားပြီ
ခေါင်းပေါင်းပေါင်းရင် ---- မျက်နှာဖုံးစွပ်ရမယ်
လျှာကို ---- ကွန်ဒုံးစွပ်ရမယ်
ဒါဟာ ---- ရိုးရာအစဉ်အလာမို့
-------- မမေ့ကြပါနဲ့ ——။

           ![image](https://img.esteem.ws/u87kd1uird.jpg)
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!