မနက် ၉ နာရီ အမေ ရုတ်တရက်ဖုန်းထိုးလာတယ်
သား****ဟဲလို အမေ
အမေ*****အေ သားရေ အမေဒီနေ့ ဖုန်းအစောကြိးဆက်လာတာ အရေးတကြီးကိစ္စ ရှိလို့ပါ မင်းညီမလေး တက္ကသိုလ်တက်နေတာ အခု ကျောင်းဖွင့်ရက်နီးလာပြီ အဲ့တာ ပိုက်ဆံထည့်ပေးဖို့ပြောမလို့ပါ
သား****အရင်လကုန်တုန်းက ထည့်ပေးလိုက်တဲ့ ငွေ နှစ်သိန်းကော ကုန်ပြီလား အမေ
အမေ****သားရယ် ရွာမှာက ပြောင်းဈေးက သိပ်မကောင်းဘူးလေ ပြီးတော့ မြေသြဇာ အကြွေးတွေလဲရှိသေးတယ်သားရဲ့ ဘယ်လောက်ပါ့မလဲ
သား****ဟုတ်ပါပြီ အခုကကော ညီမလေးကျောင်းအတွက်နဲ့ အမေတို့သုံးဖို့ ဘယ်လောက်ထည့်ပေးရမှာလဲ
အမေ**** သားထည့်နိုင်သလောက်ထည့်ပေးလိုက်ပါ ဒါနဲ့သား အလုပ်အဆင်ပြေရဲ့လား
သား***** ဟုတ်ပြေပါတယ်အမေ အခုတလော အလုပ်များတယ် ပြီးတော့ ဝင်ငွေက အရင်အလုပ်ထက်သာတယ် အမေ တရက်ကို မြန်မာငွေ သုံးသောင်းလောက်ရတယ် ရွာမှာဆို မရဘူးလေ အမေ
အမေဝမ်းသားလိုက်တာ သားရယ် ဘာအလုပ်များလဲ သားရဲ့
သား****ထွေထွေထူးထူး မဟုတ်ပါဘူးအမေရယ် မှန်တွေ လိုက်ပြီး ဆေးကြောရတယ် သိပ်လဲမပင်ပန်းပါဘူးအမေ
အမေ ဟုတ်ပါပြီ သားရယ် ဘာအလုပ်ပဲဖြစ်ဖြစ်ပါ ကြိုးစားပင်လုပ်နော်သား ရွာမှာလို ထန်းတက်၊လယ်စိုက်တာထက်တော့ သာမှာပါ
သား**** ဟုတ်ကဲ့အမေ အဲ့ဒါဆိုလဲ သားအလုပ်ဝင်ရတော့မယ်အမေ သားပိုက်ဆံလွဲပြီးတာနဲ့ ဖုန်ူပြန်ဆက်လာခဲ့နော်အမေ ညီမလေးကိုလဲ သတိရတယ်ပြောပေးပါဦး စာကိုလဲကြိုးစားပါလို့ အစ်ကို့လို သူများနိုင်ငံမှာ မရှာစားရအောင် ပညာတက်တစ်ယောက်ဖြစ်ယောက် လေ့လာပါလို့ မှာပေးပါဦးအမေ
အမေ****ဒါပဲနော်သားရေ အမေလဲ ဖုန်းပိုက်ဆံကုန်တော့မယ် နောက်မှဆက်ပြောရအောင်ကွယ်...
သား***** ဟုတ်ကဲ့အမေ..နေကောင်းအောင်နေနော်...... ( ၄၉ ထပ်ပေါ်ကနေ အောက်ခြေအထပ်ထိ ကြိုးတစ်ချောင်းတည်းနဲ့ ဆင်းပြီး မှန်သန့်ရှင်းရေလုပ်နေတဲ့ မြန်မာနိုင်ငံသားတို့ရဲ့ အန္တရာယ်ကြီးမားလှတဲ့ ဘဝကံ##ကြမ္မာကို ခံစားရေးသားဖော်ပြခြင်းပါ)
Credit#
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.ustream.tv/HowTo
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit