သင်ခန်းစာ

in esteem •  7 years ago 

Crd##
လင်မယားစုံတွဲတစ်တွဲဟာ နှစ်ထပ်အိမ်လေးတစ်လုံးမှာ မှီတင်းနေထိုင်ကြပါတယ်။

မနက်တိုင်းမှာ မယားဖြစ်တဲ့သူဟာ အိမ်အပေါ်ထပ်ပြတင်းပေါက်ကနေ ဘေးအိမ်ကိုချောင်းချောင်းကြည့်ပြီး သူမြင်တွေ့သမျှတွေကို သူ့ရဲ့ခင်ပွန်းဆီကို ဖောက်သည်ချ ပြောပြလေ့ရှိတယ်။
...................
“ဘေးအိမ်ကဟာတွေက အဝတ်အစားလည်း ကောင်းကောင်းမလျှော်တတ်ကြဘူးသိလား။ အဝတ်အစားတွေ ညစ်ပတ်နေတာပဲ။ ဘာဆပ်ပြာမှုန့်များသုံးကြလည်းမသိဘူး ”

ယောင်္ကျားဖြစ်သူပြန်ပြောတာက
“သူများကိစ္စသွားအာချောင်မနေစမ်းပါနဲ့။ ကိုယ့်အဝတ်အစားတွေသာကိုယ်ပြောင်အောင်လျှော်စမ်းပါ ”

ဒါပေမယ့် မိန်းမလုပ်တဲ့သူက ပြတင်းပေါက်ကနေ နေ့တိုင်းဘေးအိမ်ကိုသွားသွားချောင်းကြည့်နေတတ်မြဲပဲတဲ့... ပြီးရင်သူ့ယောက်ျားကိုလာလာပြောပြပြန်တယ်။

“သူတို့ အဝတ်အစား လျှော်တာကလည်း ညစ်ပတ်နေတာပဲ” တဲ့ .......

ဒီလိုနဲ့ တစ်နေ့မနက်မှာ ယောက်ျားကအိမ်အောက်ထပ်မှာ ကော်ဖီတစ်ခွက် နဲ့ သတင်းစာထိုင်ဖတ်နေတုန်း မိန်းမက အိမ်ပေါ်ကနေ အထူးအဆန်းပြေးဆင်းလာပြီး သူယောင်္ကျားဆီ လာတိုင်ပြောတယ်။

“ယောင်္ကျားရေ နားကိုမလည်တော့ဘူး သူတို့ ဘာဆပ်ပြာမှုန့်ပြောင်းသုံးကြလည်းမသိဘူး။ ဒီနေ့ သူတို့ အဝတ်အစားတွေ သစ်လွင်နေတာပဲ။ သူတို့ဘာနဲ့ လျှော်တာလည်းအရမ်းသိချင်တာပဲ”

ဒါနဲ့ယောက်ျားလုပ်သူက ထပြောတာက
“ ငါတော်တော်လေးကိုအမြင်ကတ်လာပြီနော်.....
ဒီနေ့မနက် အစောကြီး ငါထပြီးပြတင်းပေါက်မှန်တွေကို ပြောင်နေအောင်သုတ်ထားလို့ ဟေ့.... အရင်က မှန်တွေက ညစ်ပေနေတာ နင်က အဲ့ကနေသွားသွား ကြည့်မှတော့ အကုန်ညစ်ပေနေတာပဲ မြင်မှာပေါ့ ဟ ” တဲ့ .......

သင်ခန်းစာ

ကျွန်တော်တို့လူသားတွေဟာ သူတစ်ပါးရဲ့အပြစ်ကိုသာ ရှာကြည့်တတ်ပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့မေ့နေတတ်ကြတယ်။
ဒါကြောင့်သူတပါးကို မဝေဖန်ခင် ကိုယ့်စိတ်ကို အရင်ကြည်လင်အောင် သန့်ရှင်းထားဖို့ လိုပါတယ်။ ကိုယ့်စိတ်က ကြည်လင်နေရင် မြင်သမျှအရာလှပနေမှာဖြစ်သလို ကိုယ့်စိတ်ကနောက်နေရင်လည်း မြင်ရမှာက ပြဿနာချည်းဖြစ်နေမှာပါ။

စိတ်ကိုကြည်လင်စွာနဲ့ လောကကို အကောင်းမြင်နိုင image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://itpoekarlay.blogspot.com/2017/09/blog-post_18.html

Congratulations! This post has been upvoted from the communal account, @minnowsupport, by poeminoo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.