မိုနေး၊ မင်းကြည် နဲ့ အင်ပရက်ရှင်းနစ်ဇင်
Retrospective Min Kyi’s
====================
၁၈၅၇ ခုနှစ်မှာ ကလော့မိုနေးဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ပါရီ (ပဲရစ်) ကိုထွက်လာခဲ့ပြီး၊ လူဗာ အနုပညာပြတိုက်ကြီးကို လေ့လာကြည့်ရှုခဲ့ပါတယ်။ မိုနေးက ပန်းချီအနုပညာကို စိတ်ဆန္ဒပြင်းပြင်းနဲ့ လေ့လာလိုက်စားနေသူ တစ်ယောက်ပါ။ ဒါပေမဲ့ ပါရီကို ရောက်လာတဲ့အခါ သူနဲ့ရွယ်တူပန်းချီသမားတွေက ရှေးဂန္တ၀င်ဆရာကြီးတွေရဲ့ လက်ရာတွေကိုပဲ တုပပြီးရေးနေကြတာကိုတွေ့ရတော့ သူ စိတ်ပျက်သွားတယ်။ မိုနေးက အဲဒီလိုတွေ လိုက်ရေးနေမယ့်အစား၊ အခန်းပြတင်းပေါက်ကနေ အပြင်ကိုငေးရင်း မြင်လိုက်ရတာ တစ်ခုခုကိုပဲဖြစ်ဖြစ်၊ အပြင်မှာလျှောက်သွားရင်း မြင်လိုက်ရတာ တစ်ခုခုကိုဖြစ်ဖြစ်၊ သူ့စိတ်ထဲမှာပေါ်တဲ့အတိုင်း ရေးဆွဲလိုက်ရတာကိုပဲ သဘောကျတယ်။ သဘာဝရဲ့အလင်းရောင်ကို စိတ်ထဲမှာထင်ဟပ်လာတဲ့အတိုင်း သွက်လက်တဲ့ရေးဟန်မျိုးနဲ့ အမိအရဖမ်းယူပြတတ်တာဟာ မိုနေးရဲ့ ရေးဟန်ပါပဲ။ ဒါဟာ နောင်တချိန်မှာ ကျော်ကြားလားမယ့် အင်ပရက်ရှင်းနစ်ဇင် (Impressionism) ဆိုတဲ့ ၀ါဒသစ်တစ်ခုရဲ့ အစပျိုးလာချိန်ပါပဲ။
ကလော့မိုနေးကို ၁၈၄၀ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှာ ပါရီမှာပဲ မွေးခဲ့တယ်။ သူတို့မျိုးရိုးက ကုန်စုံဆိုင်လုပ်ငန်းကို လုပ်ကိုင်ကြတယ်။ သူ့အဖေကလည်း မိုနေးကို ချမ်းသာမယ့် မိသားစုလုပ်ငန်းကိုပဲ လုပ်စေချင်ပေမယ့်၊ မိုနေးက ငယ်ငယ်ကတည်းက ပန်းချီကိုပဲ ၀ါသနာပါတယ်။ ပန်းချီဆရာအဖြစ်နဲ့ပဲ ဘ၀ကိုရပ်တည်ချင်ခဲ့တယ်။ ဒါ့ကြောင့် အဖေဖြစ်သူရဲ့ ငွေကြေးထောက်ပံ့မှုကို မရတော့ပါဘူး။ သူ့ဘာသာသူ ရုန်းကန်လှုပ်ရှားရင်း၊ ပန်းချီပညာကိုပဲ အလေးအနက် လေ့လာလိုက်စားခဲ့တယ်။ သူနဲ့အမြင်ချင်းမတူတဲ့ တခြားခေတ်ပြိုင်ပန်းချီဆရာတွေနဲ့လည်း သိကျွမ်းခင်မင်လာပါတယ်။ အဲဒီပန်းချီဆရာတွေထဲမှာ သြဂတ်ရေနွား၊ ဆစ္စလေ၊ ဂုစတင် နဲ့ မနေး တို့ပါပါတယ်။
ပန်းချီသမိုင်းမှာ ပထမဆုံးပြုလုပ်ခဲ့တဲ့ အင်ပရက်ရှင်းနစ်ပန်းချီပြပွဲကို ၁၈၇၄ ခုနှစ်၊ ဧပြီလမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို မိုနေးတို့အဖွဲ့ကပဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အင်ပရက်ရှင်းနစ် (Impressionist) ဆိုတဲ့ အခေါ်အဝေါ်ကိုတော့ သူတို့ပြပွဲကို ဝေဖန်ခဲ့တဲ့ ပန်းချီဝေဖန်ရေးဆရာတစ်ယောက်က သုံးစွဲခဲ့တာပါ။ မိုနေးတို့အဖွဲ့ရဲ့ ရေးဟန်တွေအပေါ် နှိမ်ချင်တဲ့သဘောနဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ မိုနေးတို့က ဒီအခေါ်အဝေါ်ဟာ သူတို့ဝါဒနဲ့ သင့်တော်နေတဲ့အတွက် ဆက်ပြီးအသုံးပြုခဲ့ပါတယ်။ တကယ်တော့ အဲဒီဝေဖန်ရေးဆရာဟာ မိုနေးရဲ့ ပန်းချီကားတစ်ခုဖြစ်တဲ့ Impression, Sunrise (1872) ကနေ ဒီအခေါ်အဝေါ်ကို တီထွင်သုံးဆွဲခဲ့တာပါ။
မိုနေးဟာ အင်ပရက်ရှင်းနစ်ဝါဒကို ဆုပ်ကိုင်ရင်း၊ ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ သူကသူ့ယုံကြည်ချက်အတိုင်း မဆုတ်မနစ်ကြိုးစားရင်း၊ နာမည်ကျော်ပန်းချီကားတွေကို လှိုင်လှိုင်ကြီး ရေးထုတ်နိုင်လာခဲ့တယ်။ သူ့အယူအဆဘောင်အတွင်းမှာ ရေးဟန်တွေနဲ့ နည်းစနစ်အမျိုးမျိုးကိုလည်း တဖြည်းဖြည်းနဲ့ စမ်းသပ်ပြောင်းလဲခဲ့တယ်။ နောက်ဆုံးတော့ ခေတ်သစ်ဂန္တ၀င် ပန်းချီဆရာကြီးတွေထဲမှာ သူလည်း တစ်ယောက်အပါအ၀င် ဖြစ်လာခဲ့တဲ့အထိပါပဲ။ အင်ပရက်ရှင်းနစ်ဇင် ပန်းချီဝါဒသစ်လှုပ်ရှားမှုမှာ အဓိကကျခဲ့သူကို ပြပါဆိုရင်တော့ ကလော့မိုနေးဆိုတဲ့ ပန်းချီဆရာတစ်ယောက်ပဲဖြစ်ပါတယ်။
ဒီလိုပဲ အာရှမှာ အထူးခြားဆုံး အင်ပရက်ရှင်းနစ် ပန်းချီအနုပညာလက်ရာရှင်တစ်ယောက် … ယနေ့ခေတ်ရဲ့ တိမ်မြုပ်နေတဲ့ ရတနာတစ်ပါး … သူ့ဘ၀တစ်သက်တာလုံးကို ဝေးလံခေါင်သီတဲ့လှတဲ့ ဒေသတစ်ခုက ရွာလေးတစ်ရွာမှာပဲ နေထိုင်သွားခဲ့သူ … သူ့လက်ရာမှာ ဂန္တ၀င် ပြင်သစ်အနုပညာရှင် မိုနေးရဲ့ ဟန်ပန်အငွေ့အသက်တွေ အများကြီးတွေ့ရနိုင်သူကတော့ မြန်မာပြည်က (ပန်းချီဆရာ) မင်းကြည် ပါ။ သူရှင်သန်ခဲ့စဉ်တုံးက သူနေတဲ့ ရွာကလေးမှာ စာကြည့်တိုက်မရှိ၊ စာအုပ်ဆိုင်မရှိ၊ ဘယ်လိုနည်းနဲ့များ သူ့လက်ရာတွေမှာ မိုနေးဟန်တွေ လွှမ်းနေရသလဲဆိုတာ မသိနိုင်တော့။
သူ့လက်ရာတွေမှာ ဂန္တ၀င် ပြင်သစ်ပန်းချီဆရာ မိုနေးရဲ့ အင်ပရက်ရှင်းနစ် အယူအဆတွေ လွှမ်းနေတာကတော့ အငြင်းပွားစရာမရှိ၊ အပူပိုင်းဒေသ ရှုခင်းမြင်ကွင်းတွေ … စိမ်းစိမ်းစိုစိုတွေကို တိမ်တွေကြားက အလင်းများ ဖြာကျဟန်နဲ့ ဟပ်ပြီး ဆွဲတဲ့ဟန်၊ သဘာဝအလှကို စုတ်ချက်တွေနဲ့ တောက်ပစေတဲ့ အရည်အသွေးဟာ (ဆရာ) မင်းကြည်ရဲ့ ပန်းချီကားတွေပေါ်က အနှစ်သာရပေါ့။ လယ်လုပ်ငန်း၊ ရွာဈေးတန်း၊ အိမ်မှုကိစ္စဗာဟီရ … ဒါတွေကို သူ့ရဲ့ နူးညံ့တဲ့ Impressionist ဟန် စုတ်ချက်တွေနဲ့ ထိတွေ့ပုံဖော်ခဲ့တာဟာ အာရှအဖို့တော့ မြင်ရလွန်းလို့ ရိုးနေတဲ့ ပုံရိပ်တွေကိုပဲ တမျိုးတဖုံ အသက်ဝင် စိတ်ကူးယဉ်ချင့်စဖွယ် အသွင်ဆောင်စေခဲ့ပါတယ်။ ဒါသည်ပင်လျင် သူ့အနုပညာ … သူ့အားထုတ်မှုတွေရဲ့ စွမ်းအား …။
(ဆရာ) မင်းကြည်ဟာ သူ့ရဲ့ ပန်းချီကားတွေကနေပြီး၊ မျိုးဆက်သစ်တွေအတွက် အဖိုးတန်တဲ့ လမ်းစဉ်တစ်ခုကို ချခဲ့ပြီလေ။ သူ့ဘ၀ကို ပန်းချီမှာပဲ မြှပ်နှံခဲ့တဲ့ သူ့အဖို့ ဘ၀ကို ရုန်းကန်ခဲ့ရတယ်၊ ပန်းချီကို တစ်သက်တာပတ်လုံး စွဲစွဲမက်မက် ဆွဲခဲ့တယ်၊ သူ့အရည်အသွေးနဲ့ အနုပညာနောက်လိုက်ရင်း သူ့တစ်သက်တာ ဖြစ်တည်ရှင်သန်ခဲ့ခြင်းကို အသိအမှတ်ပြုမှဖြစ်မယ်။ သူဟာ အာရှရဲ့ ပန်းချီအနုပညာသမိုင်းများထဲက နေရာတစ်နေရာတော့ ထိုက်တန်ပါတယ်။
၂၀၀၈ ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပြီဖြစ်တဲ့ (ပန်းချီဆရာကြီး ဦး) မင်းကြည် ကို လွမ်းဆွတ်ဂုဏ်ပြုရင်း … MPAS မှ ပန်းချီချစ်သူများအတွက် အခမဲ့ ကြော်ငြာပေးလိုက်ပါတယ်။
Retrospective Min Kyi’s
(1940 - 2008)
Please follow me&upvote @popolo
Congratulations @popolo! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations! This post has been upvoted from the communal account, @minnowsupport, by popolo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post has received a 0.31 % upvote from @drotto thanks to: @popolo.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit