စင်ကာပူဗဟိုဘဏ်မှ blockchain နည်းပညာသုံး payment plan အကြောင်းအတည်ပြုခဲ့

in esteem •  7 years ago  (edited)

စင်ကာပူဗဟိုဘဏ်၏ငွေကြေးဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း(MAS)၏ မန်နေဂျင်းဒါရိုက်တာ Ravi Menon မှ မတ်လ (၁၅) ရက်နေ့တွင် ပြုလုပ်ခဲ့သော Money 20/20 Asia Conference တွင်တက်ရောက်လာခဲ့သော ဧည့်သည်တော်များအား "Project Ubin"ဟုအမည်ပေးထားသော blockchain နည်းပညာသုံး ငွေကြေးလွှဲပြောင်းလက်ခံမှု အစီအစဉ်တစ်ခုနှင့် မိတ်ဆက်ပေးခဲ့ပါတယ်။ထပ်မံ၍ Ravi Menon မှ crypto tokens များကို ရေရှည်အသုံးပြုရန်အတွက် ခိုင်မာသော အကြောင်းပြချက်တစ်ခုမှာ နယ်နိမိတ်ဖြတ်ကျော်ငွေပေးချေမှုများတွင် အဆင်ပြေချောမွေ့စွာပေးချေနိုင်ရေးသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Menon ၏ပြောကြားချက်များထဲတွင် စင်ကာပူဗဟိုဘဏ်၏ငွေကြေးဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း(MAS) နှင့် ကနေဒါဗဟိုဘဏ်တို့သည် crypto tokens များကိုအသုံးပြု၍ နယ်မြေဖြတ်ကျော် ငွေလွှဲလက်ခံမှုတိုးတက်ဖွံ့ဖြိုးရေးများကို အတူတကွပူးပေါင်းလုပ်ဆောင်သွားရန်သဘောတူညီပြီးကြောင်းပြောကြားသွားခဲ့သည်။
sg.jpg
Blockchain နည်းပညာအားအသုံးပြု၍ ငွေလွှဲပြောင်းခြင်းသည် စင်ကာပူနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများကိုလဲ အတော်အတန်စိတ်ဝင်စားမှုများရယူနိုင်ခဲ့ပါသည်။
ဂျပန် နှင့် တောင်ကိုးရီးယားနိုင်ငံတို့မှလည်း အလားတူ လုပ်ငန်းအစီအမံများဆောင်ရွက်လျက်ရှိကြောင်း သတင်းများထွက်ရှိနေပြီး တောင်ကိုးရီးယား၏ အဓိက exchange တစ်ခုဖြစ်သော bithumb မှ ဘဏ်လုပ်ငန်းများနှင့်ယှဉ်၍ crypto industry projects များပြုလုပ်သွားမည်ဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
cryptocurrency market တစ်ကြိမ်ပြန်လည်ဦးမော့ လာမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
#sayrchan(MSO-48)
Img Ref:www.google.com

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!