မှတ်​စုမှတ်​ရာအဖြာ၂

in esteem •  6 years ago  (edited)

အဲဒီအားကစားကွင်းထဲက ဖွင့်ပွဲအခမ်းအနားကျင်းပမယ့် Luzhniki အားကစားကွင်းအကြောင်းကို ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ နောက်အားကစားကွင်းတစ်ခုဖြစ်တဲ့ Otkritie Arena အားကစားကွင်းအကြောင်း တင်ပြပေးပါမယ်။ Otkritie Arena အားကစားကွင်းဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာတည်ရှိတဲ့အားကစားကွင်းတစ်ခုဖြစ်ပါတယ်။ ဒီအားကစားကွင်းကို အမေရိကန်ဒေါ်လာ သန်း ၄၃၀ လောက်အသုံးပြုတည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလကမှ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုရှားဘောလုံးကလပ်အသ

image
င်းတစ်သင်းဖြစ်တဲ့ စပါးတပ်မော်စကိုအသင်းက သူတို့ရဲ့ အိမ်ကွင်းအဖြစ် အသုံးပြုနေသလို ရုရှားအမျိုးသားဘောလုံးအသင်းရဲ့ ပွဲစဉ်တွေကိုလည်း လက်ခံကျင်းပလေ့ရှိပါတယ်။ ၂၀၁၇ ဖီဖာကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲကျင်းပစဉ်မှာတော့ ဒီအားကစားကွင်းရဲ့ အမည်က စပါးတပ်အားကစားကွင်းဖြစ်ခဲ့ပါတယ်။ အားကစားကွင်းရဲ့ အကျယ်က 105*68 မီတာရှိပြီး မြက်ခင်းမျက်နှာပြင်ဖြစ်ပါတယ်။ ပွဲကြည့်ပရိသတ် ၄၅၀၀၀ ကျော်ဆံ့ပါတယ်။ ဒီအားကစားကွင်းမှာ ပထမဆုံးဂိုးသွင်းဖူးသူကတော့ ရုရှားဘောလုံးသမား Dmitry Kombarov ဖြစ်ပါတယ်။ စပါးတပ်မော်စကိုအသင်းနဲ့ ရပ်စတားဘဲလ်ဂရိတ်အသင်းတို့ ယှဉ်ပြိုင်

image
ကစားတဲ့ပွဲစဉ်မှာ စပါးတပ်အသင်းအတွက် ဖရီးကစ်ကနေ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ ပွဲစဉ်ပေါင်း ၄ ပွဲ လက်ခံကျင်းပခဲ့သလို လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပွဲစဉ်ပေါင်း ၅ ပွဲကို လက်ခံကျင်းပမှာဖြစ်ပါတယ်။ Otkritie Arena အားကစားကွင်းအတွက် ကမ္ဘာ့ဖလားတာထွက်ပွဲစဉ်ကတော့ အာဂျင်တီးနားနဲ့ အိုင်စလအသင်းတို့ရဲ့ ပွဲစဉ်ပဲဖြစ်ပါတယ်။ ဒီပွဲစဉ်ကို ဇွန်လ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
image

Crd by @soeaung

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

nice ice.

Dear friend, you do not appear to be following @artzone. Follow @artzone to get a valuable upvote on your quality post!

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

World of Photography
>Visit the website<

You have earned 5.05 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.01
Server time: 15:35:32
Account Level: 0
Total XP: 5.05/100.00
Total Photos: 1
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank