Good environment

in esteem •  7 years ago  (edited)

လူဆိုတာ ပတ်ဝန်ကျင်နဲ့နေကြတာပါ။ ကိုယ့်ရဲ့အပြုအမူအပြောအဆိုဟာ ပတ်ဝန်ကျင်နဲ့ဆိုင်ပါတယ်။ လက်ရှိ တွေ့မြင်နေရတဲ့လူငယ်လေးတွေ သိပ်အတုယူ အားကျလွယ်တယ်။ ကိုယ်အတုယူအားကျနေတာအရာဟာ အကောင်းလား အဆိုးလားဆိုတာ သူတို့မဝေခွဲတက်ပါဘူး။ သူတို့ပတ်ဝန်ကျင်မှာရှိတဲ့အရာတွေအပေါ်မှာဘဲ စိတ်ဝင်စား အားကျတက်ပါတယ်။ ဥပမာ ကျောင်းတက်နေတဲ့ ကျောင်းသားအချို့ သူတို့ပတ်ဝန်ကျင်မှာ စာတော်နေတဲ့သူနဲ့ နီးစပ်နေတဲ့အခါ သူတို့စိတ်ဟာ စာတော်ဖို့ စာကြိုးစားနေဖို့ စိတ်အားထက်သန်နေမယ်။ သူတို့ပတ်ဝန်ကျင်က သူတွေဟာ ရည်းစားထား ရှုပ်ပွေးနေမယ်ဆိုရင် သူတို့စိတ်ဟာ ရည်းစားထားဖို့ ရှုပ်ပွေးနေဖို့ အားသာပါတယ်။ သူတို့လေးတွေ ရွေးချယ်ထားတာဟာ ကောင်းတာလား ဆိုးတာလားဆိုတာ ခွဲခြားပေးသင့်တဲ့အခါ ခွဲခြားပေးရပေးရပ့ါမယ၊် သူတို့ကိုယ်တိုင်လည်း စဉ်းစားတွေးခေါ်တက်အောင် ပြောဆိုသင့်ပါတယ်။သူတို့ရဲ့ ဘဝသမိုင်းလေးတွေကို ဘယ်လိုလှပအောင်ရေးရမလဲဆိုတာက သူတို့ပတ်ဝန်ကျင်မှာ ရှိတဲ့သူတွေအပေါ် မူတည်ပါတယ်။ သူတို့လေးတွေကလည်း ပတ်ဝန်ကျင်ရဲ့ သင်ပြပြောပြတဲ့အပေါ် လိုက်နာစွမ်းရှိရပါမယ်။ ထို့ကြောင့် သူတို့လေးတွေအတွက် ပတ်ဝန်ကျင်က သိပ်ကိုအရေးကြီးပါတယ်။
image

Credit Photo Facebook

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!