လောကမှာ တန်ဖိုး( ၂)မျိုးရှိပါတယ်
၁)ပကာသနတန်ဖိုး
ပကာသနတန်ဖိုးဆိုတာ
စည်းစိမ်ဥစ္စာ ပြည့်စုံခြင်း ၊ အတန်းပညာတတ်ခြင်း
ရုပ်ရည်လှပခြင်း ၊ ရာထူးမြင့်မားခြင်း ၊
အသိုင်းအဝိုင်းကြီးခြင်း ၊ အခြွေအရံပေါများခြင်း
စသည်တို့ဖြစ်ပါတယ်။
၂)ဘဝတန်ဖိုး
ဘဝတန်ဖိုးဆိုတာ
စိတ်ဓာတ်ကောင်းခြင်း ၊ ကတိတည်ခြင်း ၊
အသိပညာပြည့်စုံခြင်း ၊ ရိုးသားခြင်း ၊
ကူညီတတ်ခြင်း ၊ ကိုယ်ချင်းစာစိတ်မြင့်မားခြင်း ၊
အမြင်ကျယ်ခြင်း ၊ အတ္တနည်းပြီး အများအကျိုး
ဆောင်ရွက်တတ်ခြင်း စသည်တို့ဖြစ်ပါတယ်။
လူတစ်ချို့မှာ ဘဝတန်ဖိုးရော ပကာသနတန်ဖိုးရော
ရှိနေတတ်ပေမယ့် လူတစ်ချို့ကတော့
ပကာသနတန်ဖိုးကိုမှ တန်ဖိုးကြီးတယ်လို့
ယူဆနေတတ်ကြတယ်။
လူတစ်ချို့ကတော့ ဘဝတန်ဖိုးတွေကိုပဲ မြင့်မားအောင်
ကြိုးစားကြပေမယ့် လူတစ်ချို့ကတော့
ပကာသနတန်ဖိုးကိုသာ မြင့်သထက်မြင့်အောင်
ကြိုးစားနေတတ်ကြတယ်။
လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုပဲ ပေတံတွေ
ကွဲပြားနေတတ်ပြီး အမြင်တွေလည်း ဆန့်ကျင်ဘက်
ဖြစ်နေသလိုပဲ တန်ဖိုးသတ်မှတ်မှုတွေကလည်း
ကွဲပြားနေတတ်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ
ပကာသနတန်ဖိုးဆိုတာ အချိန်အကြာကြီး
တန်ဖိုးတက်နေမှာ မဟုတ်သလို
အချိန်ကြာလာလေ တန်ဖိုးကျဆင်းလာလေဖြစ်တတ်ပါတယ်။
လူတစ်ယောက်က အမြဲချမ်းသာကြွယ်ဝနေမှာမဟုတ်သလို အမြဲတမ်းလှပနေဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး
ဖြစ်ပြီးရင် ပျက်တတ်တဲ့ လောကနိယာမအရ
ပကာသနတန်ဖိုးတွေက အချိန်နဲ့ဆိုင်ပြီး
ဘဝတန်ဖိုးကသာ အချိန်ကြာလေ တန်ဖိုးတက်လေပါပဲ။
ဘဝတန်ဖိုးကို မြင့်မားအောင် အမြဲကြိုးစားနေသူ
တစ်ယောက်က ယခုအချိန်မှာတန်ဖိုးတက်တာ မတက်တာ
အသာထား သေချာတာကတော့ သေသွားရင်တောင်
မေ့နိုင်တော့မှာမဟုတ်သလို နောင်သံသရာအထိပါ
သူ့သမိုင်းက လှပနေမယ်ဆိုတာ မငြင်းနိုင်တဲ့
အမှန်တရားတစ်ခုလို့ အခိုင်အမာပြောလိုက်ပါရစေ။