အိမ်ထောင်ဦးစီးကောင်းဆိုတာ.......
ငါ က အိမ်ထောင်ဦးစီးပဲ ငါခိုင်းတာလုပ်
ငါ စီမံတာ နာခံ ဆိုတဲ့ လူမျိုးမဟုတ်ဘဲ
ကိုယ့်ဆန္ဒထက် မိသားစုအရေးကို အလေးထား
ဆောင်ရွက်သူပါ။
တစ်ခါတလေ ကိုယ်ဖြစ်ချင်တာနဲ့ မိသားစုရဲ့
စိတ်သဘောထားနဲ့ယှဉ်ရင် ကိုယ်ဖြစ်ချင်တာကို
ဘေးဖယ်ပြီး မိသားစုသဘောထားကို
အကောင်းဆုံး ပုံဖော်တတ်သူပါ။
ကိုယ့်ရင်ထဲက အနာကို ဖုံးဖိထားတတ်၍
မိသားစုရဲ့ ပျော်ရွှင်မှုကို ကိုယ့်ဒဏ်ရာတွေနဲ့
ကာကွယ်စောင့်ရှောက်ပေးပြီး
သားမယားတွေ ပျော်နေရင် ကိုယ်ပါ ရင်ထဲကအနာကို
မေ့ပြီး ပီတိဖြစ်နေတဲ့သူမျိုးပါ။
အလုပ်ကပြန်လာရင် ကိုယ်စားဖို့ဆိုတာ
ဘယ်ဆီနေမှန်းမသိဘဲ မိသားစုစားဖို့အတွက်
ရတာလေးနဲ့ လှပအောင်ဝယ်လာပြီး
မိသားစုနဲ့အတူ လက်ရည်တပြင်တည်း
ပျော်ပျော်ပါးပါး စားသောက်တတ်သူမျိုးပါ။
အသုံးအဆောင်ပစ္စည်းကအစ မိသားစုကို
ဦးစားပေးပြီး သားသမီးတွေနှင့် မယား လှပနေရင်
ကိုယ်စုတ်ပြတ်နေရင်တောင်မှ
ငါ တာဝန်ကျေတယ်ဆိုပြီး ဂုဏ်ယူနေတတ်သူမျိုးပါ။
အရေးကိစ္စ ၊ မိသားစုအပေါ် ကျရောက်လာတဲ့
ပြဿ နာများကြုံလာရင် ခေါင်းရှောင်သွားတဲ့သူမဟုတ်ဘဲ
ခေါင်းခံတတ်ပြီး နှစ်ဖက်က အသိုင်းအဝိုင်းများနှင့်
ကိုယ့်မိဘဆွေမျိုးများအပေါ်ကိုလည်း
တတ်နိုင်သလောက် ကူညီဖေးမတတ်သူပါ။
သားသမီးများ ၊ အိမ်ထောင်ရှင်မ နှင့်မိတ်ဆွေများအပေါ်တွင်
မှားနေရင် ပညာသားပါပါ လမ်းကြောင်းမှန်ကို
အနာခံလမ်းပြပေးတတ်ပြီး ကိုယ့်အမှားကိုလည်းတာဝန်ယူတတ်ကာ ရိုးသားမှုဂုဏ်ကို
မိသားစု မျက်နှာမငယ်ရအောင် ဆင်မြန်းထားတတ်သူပါ။
အိမ်ထောင်ဦးစီးကောင်းဆိုတာ
မိသားစုကို ချမ်းသာကြွယ်ဝအောင် ထားနိုင်တဲ့သူကို
ဆိုလိုတာ မဟုတ်ပါဘူး
မိသားစု အပေါ် နွေးထွေးလုံခြုံမှု ၊ တာဝန်ယူတတ်မှု ၊
အနစ်နာခံမှု ၊ ဆုံးမပဲ့ပြင်တတ်မှု ၊ စိတ်သဘောထား
ပြည့်ဝပြီး မိသားစုရဲ့ စံပြပုဂ္ဂိုလ်ဖြစ်အောင်
ပေးဆပ်သူကို ရည်ရွယ်ခြင်းဖြစ်ပါတယ်။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!