ပြုံးကြပါဟဲ့တဲ့. 😆😆😆😆😆😆😆😆😆

in esteem •  7 years ago  (edited)

မန်မာပြည်မှာ အရှားဆုံး အရာ ဘာလဲ?



ငွေကြေးလား ?

အလုပ်​အကိုင်​လား ?



တစ်ကယ်တမ်း ရှားနေတာ "အပြုံး"
image

မန်မာ့ရိုးရာ အစဉ်အလာကိုက...

ကိုယ်နဲ့ မသိမရင်းနှီးတဲ့သူဆို မခေါ်မပြော မနှုတ်ဆက် မပြုံးပြတတ်ကြဘူး...



မမြင်ချင်ယောင်ဆောင်ကြတယ်

မသိသလိုနေတတ်ကြတယ်



Social ကောင်းလို့ စကားရော ဖောရော လုပ်တတ်တဲ့သူဆို မျက်မှောင်ကြုတ်ပြီး အထင်သေး သလို ကြည့်ကြသေးတာ



အေး...သိတဲ့သူဆိုရင်တော့လား

အိမ်ကို လာချင်မှန်းမသိ မလာချင်မှန်းမသိ အတင်းတွေဖိတ်



ထမင်းဟင်းတွေ ချက်ပြီး ဧည့်သည်ကြိုက်လား မကြိုက်လားမမေး ထမင်းပန်းကန်ထဲ ဇွတ်တွေ ခပ်ထည့်ပေး



ပြန်ချင်နေပြီလား မမေး...

လက်ဖက်သုပ်တွေချကျွေး

ထန်းလျက်​ခဲတွေ ထိုးကျွေး



ဇွတ်ဒေ... ရေကုန်ရေခမ်း လောကွတ်တွေ လုပ်ကြတာ



အားနားပါးနာ နဲ့ အောင့်အီးပြီး စားခဲ့ရသေးတာ..



တစ်ကယ်တမ်း... လူတစ်ယောက်နဲ့တစ်ယောက် လူမှုဆက်ဆံရေး အဆင်ပြေအောင် First Impression လို့ခေါ်တဲ့ IP ဟာ အပြုံးပဲ...



ကိုယ်တွေ မျိုးဆက်တွေ နဲ့ ကိုယ့်ထက်ကြီးတဲ့ မျိုးဆက်တွေမှာ အပြုံးအရယ် သိပ်ရှားတယ်...



ဇစ်မြစ်ကို သေချာ

ပြန်စမ်းစစ်ကြည့်လိုက်တော့...
image
မူလတန်းကစပြီး တက္ကသိုလ်​ အထိ တက်လာခဲ့ရတဲ့ ဆရာ ၊ ဆရာမတွေကြောင့်လို့ ပြောလို့ရသလို မိဘတွေနဲ့လည်း ဆိုင်တယ်...



ကိုယ်တွေခေတ် ပညာရေးက ဆရာနဲ့ ကျောင်းသားကို ချစ်ကြောက်ရိုသေရမယ် (တစ်ကယ်တမ်း ကတော့ နာမည်​လှလှ တပ်ထားတာ... ကြောက် နေရမယ်) ဆိုတဲ့ အကြောက်တရားနဲ့ ကျောင်းတွေမှာ အုပ်ချုပ်ခဲ့တာ..



ကျူရှင်ယူထားတဲ့ ကျောင်းသားဆိုရင်သာ ပြုံးပြခေါင်းညိမ့်လုပ်မယ်



ဆရာမ အချင်းချင်းသာ လက်ဖက်သုပ်

စားရင်း ရယ်မောချင်

ရယ်မောနေမယ်...



ကျောင်းသားလေးတွေ ဘေးနားကဖြတ်ပြေးတာ မြင်တာနဲ့ လက်ထဲကကြိမ်လုံးကို တဗြန်းဗြန်းရိုက်ပြီး ရုပ်တည်ကြီးတွေနဲ့ ဟိန်းဟောက်ပြီး (သြဇာသီးတွေ ရောင်းတော့တာပါပဲ)



ဘယ်မလဲ...

ဆရာ ၊ ဆရာမတွေဆီက အပြုံးအရယ်...



လူကြီးမိဘတွေကလည်း အိမ်ရောက်ရင် ဆုံးမသေးတာ...



ကိုယ်တွေက ငယ်ငယ်ကတည်းက ဟာသဥာဏ်လေး ရှိနေတော့ အမြဲအပြောင်အချော် တွေးတယ် ပြောတယ်...ရုပ်ကလည်း အမြဲတန်း သွားတက်ပေါ်အောင် တဖြဲဖြဲ ရယ်နေတတ်တော့...



မျက်နှာပုတ်လို့ လင်မရတဲ့ အမေ့ညီမ အဒေါ်အပျိုကြီးတွေက



"မိန်းကလေးက မိန်းကလေးလိုနေစမ်း

မျက်နှာကိုက အိ​နြေ္ဒကို မရဘူး"

ဆိုပြီး အဆူခံခဲ့ရတာမျိုး



ယောကျာ်းလေး သူငယ်ချင်းတွေ အိမ်လာလည်ရင်း စာတွေကျက်ကြ ၊ မုန့်တွေလုပ်စားရင်တောင်  အိမ်သပ်သပ်ခွဲနေတဲ့ ဆီကို တကူးတက လာပြီး ...



"ညည်းက မိန်းကလေး...

ကာလသားတွေ အိမ်ခေါ်စရာလား" ဆိုပြီး အမေ့ဘက်က အဖွားက ဆယ်ကျော်သက်အရွယ်မှာ ပါးချခဲ့တာမျိုး...



အဲ့လို အသိုင်းအဝိုင်းထဲမှာ ကြီးပြင်းလာခဲ့ရတော့ မျက်နှာထားက အော်တို တင်းပြီး စူပုတ်သွားတော့...



နိုင်​ငံခြားလည်းထွက်ရော...

လန်ဒန်မှာ အလုပ်လည်းရှာရော...



ကိုယ့်မျက်ခွက်က အရယ်အပြုံးမရှိဘဲ အင်တာဗျူးတွေ သွားဖြေတော့ IP မလာလို့ ဘယ်အလုပ်ရှင်ကမှ မခန့်ဘူးလေ..



ထမင်းငတ်ခါနီး အဖြစ်မျိုးနဲ့ ကြုံတော့မှ ကိုယ့်ရုပ်ကိုမှန်ထဲ ပြန်ကြည့်ပြီး အရယ်အပြုံးကို ထိုင်ပြီး ကျင့်ယူခဲ့ပြီးမှ အလုပ်သွားပြန်

ရှာခဲ့ရတယ်...



ငွေမကုန်ဘဲ လူချစ်လူခင် ပေါများစေတာ အပြုံးပါ..



ပြုံးကြပါ...ပြုံးကြပါဟဲ့

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!