planting flowers

in esteem •  6 years ago 

မင်း​ကောင်းတိုင်း သူပြန်​​ကောင်းလိမ့်​မယ်​လို့

မျှော်​လင့်​မ​နေပါနဲ့ ။



မင်းဘက်​က ​ပေးစရာမကျန်​​အောင်​ ​ပေးဆပ်​​နေ​ပေမယ့်

သူ့ဘက်​က ပြန်​သိတတ်​လိမ့်​မယ်​လို့

မျှော်​လင့်​မ​နေပါနဲ့ ။



မင်းဘက်​က အ​ကောင်းဆုံး လမ်းပြအကြံဥာဏ်​​ပေးတိုင်း သူ့ဘက်​က လမ်းမှန်​​လျှောက်​သွားလိမ့်​မယ်​လို့

မျှော်​လင့်​မ​နေပါနဲ့ ။
image

မင်းဘက်​က သစ္စာ​စောင့်​သိတိုင်း

သူ့ဘက်​က သစ္စာ​စောင့်​ထိန်းသင့်​တယ်​လို့

မျှော်​လင့်​မ​နေပါနဲ့ ။



ဘယ်​အရာမှာမဆို လုပ်​​ပေးသင့်​လို့ ၊ ​ပေးဆပ်​သင့်​လို့

စောင့်​ထိန်းသင့်​လို့ ​စောင့်​ထိန်းပြီးရင်

ကိုယ့်​လို သူ့ဘက်​က ပြန်​​ရလိမ့်​မယ်​လို့

ဘယ်​​တော့မှ မ​မျှော်​လင့်​လိုက်​ပါနဲ့။

image

လုပ်​​ပေးစရာရှိတာလုပ်​​ပေးပြီးရင်​ ကိုယ့်​စိတ်​ကို

ဖြေသာ​အောင်​ အ​ကောင်းဆုံး ပြင်​ဆင်​ထားတာက

ကိုယ့်​​စေတနာလည်း အ​ရောင်​​တောက်​လာသလို

တဖက်​ကိုလည်း ဖိအား​ပေးမိသလို မဖြစ်​​တော့ဘူး။



တချို့အရာ​တွေက ​မျှော်​လင့်​ချက်​ ထားမိလိုက်​မှ

ပိုဆုံးရှုံးသွားတတ်​သလို ​မျှော်​လင့်​ချက်​ တစုံတရာမရှိမှ

ပြန်​လည်​ အကျိုး​ပေး​နေတာ​တွေလည်း ရှိ​နေတတ်​တယ်​။



ဘာကိုပဲဖြစ်​ဖြစ်​ အ​ကောင်းဆုံး ​ပေးဆပ်​ပြီးရင်

မျှော်​လင့်​မထားတာက ကိုယ့်​နှလုံးသားကို

ဒဏ်​ရာမရ​အောင်​ ကြိုတင်​ကာကွယ်​ထားခြင်း

တစ်​မျိုးပါ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by steemyell from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.