လောကမှာ ဒီလို ဥပမာတွေ များလှပါတယ်။ အိမ်နီးနားချင်းတွေ ချစ်သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ စတဲ့ အတူတူလက်တွဲပြီး ရေရှည် ဆက်ဆံရေးတည်ဆောက်ကျရမည့်သူတွေဟာ မသမာသူတွေရဲ့ ကြားစကားကြောင့် သွေးကွဲကျရပါတယ်။ လွယ်လွယ်နဲ့ ခင်မင်မှုတွေ အဆုံးသတ်ကျရတယ်။ ဒီ အန္တရာယ်ကို အသိတရားလက်ကိုင်ထားပြီး သတိနဲ့ဖြေရှင်းကျရပါမယ်။ ကိုယ့်အကြောင်းကို စကားသယ်လာသူကို သတိထားရပါမယ်။ ဒီစကားကို သူဘယ်လိုပုံစံနဲ့ သယ်လာတာလည်း။ တဖက်လူက ဒီစကားကို တကယ်ကော ပြောရဲ့လား။ ပြောတယ်ထားအုံး ကိုယ့်မကောင်းကြောင်းတွေ တဖက်လူဆီက ထွက်လာဖို့အတွက် ငါ့ အကြောင်းတွေကိုကော သူဘာတွေ ပြောခဲ့လည်း။
အတင်းပြောတယ်ဆိုရာမှာ လူတစ်ယောက်ရဲ့ အတင်းကို နှစ်ယောက် ပြောပြီဆိုတာနဲ့ စိတ်တူ ကိုယ်တူပြောကျမှ စကားဆိုတာ ထွက်လာတာပါ။ ဟိုဘက်က တစ်ယောက်ထဲပြောတဲ့စကားကို ဘာမှ ပြန်မပြောဘဲ နားထောင်ပြီး ကိုယ့်ဆီ လာပြောပြတယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ။ နောက်တစ်ချက်က အရမ်းရင်းနှီးတဲ့သူ ကိုယ့်အကျိုးကို လိုလားတဲ့ သူမဟုတ်ရင် ဒီလူကို သတိထားသင့်ပါတယ်။ နင့် အကြောင်းကို သူက ဒီလိုပြောတာ သိလားဆိုတာမှာ တဖက်လူက ပြောစကားအပြင် သူက ပြောချင်တဲ့ ကိုယ့်မကောင်းကြောင်းလည်းပါနိုင်သလို သူက တဖက်လူနဲ့ အပြန်အလှန်ပြောခဲ့တဲ့ သူပြောစကားတွေကို ဆင်ဆာဖြတ်ပြီးမှ သင့်နားကို အရောက်ပို့တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို အနေအထားဘဲ ဖြစ်ဖြစ် ဒီလို စကားသယ်ဆောင်သူကို လူအတော်များများက ကိုယ့်ကို ခင်လို့ ပြန်ပြောပြတယ်လို့ မြင်တက်ကျပါတယ်။ တကယ်က တကယ့်ကို သတိထားသင့်တဲ့ သူပါ။
စကားအရောင်းအဝယ် လုပ်တက်သူတွေဟာ များသောအားဖြင့် စိတ်ဓာတ် သေးသိမ်သူတွေ ဖြစ်တက်ပါတယ်။ သေးသိမ်တဲ့ စိတ်ဓာတ်ရှိလို့လည်း ယုံကြည်လို့ ပြောဆိုကျတဲ့ စကားတွေကို စည်းမထားဘဲ တဖက်ကို ပြန်ဖောက်သည်ချကျခြင်း ဖြစ်ပါတယ်။ ဥပမာ ခိုင်းနှိုင်းလေ့ရှိပါတယ်။ မယားငယ်ထားတဲ့ ယေက်ျားနဲ့ စကားအရောင်းအဝယ်လုပ်တဲ့ မိန်းမဟာ စိတ်ဓာတ်အဆင့်တူပါသတဲ့။ ဒါကြောင့် မိမိတို့ ပတ်ဝန်းကျင်မှာ ကြုံကျရတဲ့ ကြားလူရဲ့စကားတွေကို အသိတရားနဲ့ သတိလေးထားပြီး လွတ်အောင်ရုန်းထွက်နိုင်ကျပါစေလို့ မေတ္တာထား အကြံပြု ရေးသားအပ်ပါသည်။
@suhlaing
msc 175
Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thamks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သွေးထိုးတဲ့ကြားစကား သိပ်ကြောက်စရာကောင်းတာ
ဒါကြောင့် အမေကပြောတာ သူများ အကုသိုလ်ဖြစ်စေမယ့်စကား မပြောနဲ့တဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းမှန်တဲ့ ဆုံးမစကားပါဘဲ ဘထွေးရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူတို့တွေ တိုးတိုး တိုးတိုး နဲ့ ဘာတွေပြောနေကြလဲ သိလား ငါလည်းမသိဘူး တိုးတိုးပြောတာကိုး ☺ ဘေးပြောတာကို မယုံနဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
၃ယောက်ပေါင်းရင်ကို တိုးတိုးပြောလို့ရပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်မလည်း သူများမကောင်းကြောင်းပြောတဲ့သူကို သိပ်သဘောမကျဘူး။
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ့လိုလူက ကိုယ့်အကြောင်းလည်း သူများကို ပြောနိုင်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စကားအရောင်းအ၀ယ်သယ်ယူပို့ဆောင်နေသူတွေကသူတို့မှာအားလပ်ချိန်တော်တော်များတယ်ထင်တယ်...😁ကြားတဲ့စကားတိုင်းသတိထားချင့်ချိန်ပြီးမှယုံသင့်ပါတယ်....
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချငိ့ချိန်သင့်လှပါတယ် ညီမရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit