တိုက်ဆိုင်မှုရှိခဲ့လျင်

in esteem •  7 years ago 

တစ်ခါတလေမှ
ကိုယ့်ရဲ့အလေးနက်စကားတစ်ခွန်းကို
မထီမြဲ့မြင်ပြုခံခဲ့ရတာတွေရှိမယ်

image
Google

တစ်ခါတလေမှာ..
ကိုယ့်ရဲ့စကားတစ်ခွန်းမဆံုးခင်
နားမထောင်ဘဲ တစ်ဖက်ကိုအာရံုစိုက်သွားတာမျိုး

တစ်ခါတလေမှာ..
ကိုယ့်ကိုရှောင်ဖယ်ထားကြတာမျိုး

တစ်ခါတလေမှာ..
ကိုယ့်ကို ဟန်ဆောင်ပြီး ပက်သက်နေကြတယ်လို့
ခံစားမိတဲ့အခါမျိုးမှာပေါ့….

ဒီလိုမျိုးလေးတွေ မကြာခဏ ကြံုခဲ့ရတိုင်းလည်း
တစ်ခါတလေ အလိုလိုနေရင်း အထီးကျန်မိသလိုလို၊ ကိုယ့်ကိုကိုယ် ၀မ်းနည်းနေမိသလိုလိုနဲ့
သိပ် ခံစားရခက်ပါတယ်။

တကယ်တမ်းကိုယ့်ကိုကိုယ်
ပြန်လည်ဆန်းစစ်ကြည့်မိတဲ့အခါ
ကိုယ့်ကို ဂရုမစိုက်တဲ့သူတွေကိုမှ
ကိုယ်က ဂရုစိုက်နေမိတာ က
အဓိက ပြဿနာဖြစ်နေတာပါ

ကျွန်တော်တို့ရဲ့နောက်ကွယ်မှာ….
မိဘတွေရှိမယ်၊ ညီအကိုမောင်နှမတွေရှိမယ်
သူတို့နဲ့စကား စ,မြည်ပြောနိုင်တယ်

ကျွန်တော်တို့ရဲ့ ဘေးပတ်၀န်းကျင်တွေမှာ…
မိတ်ဆွေအပေါင်းသင်း၊
သူငယ်ချင်းတွေရှိသေးတယ်

အေ၀းက အချစ်ဆံုးသူငယ်ချင်းဆီကို
သတိရကြောင်း မကြာမကြာဖုန်းဆက်လို့ရတယ်
Messageလေး ပို့ကြည့်မယ်..
သတိရတဲ့အကြောင်းပေါ့

ကိုယ့်အနားမှာ ဂရုတစိုက်နဲ့.. အမြဲနေပေးတဲ့သူတွေရှိမယ်
ကိုယ့်ကိုချစ်တဲ့သူဘဲဖြစ်ဖြစ်၊
ကိုယ့်ကို သံယောဇဥ်တွယ်နေတဲ့သူဘဲဖြစ်ဖြစ်…

တကယ်တော့…
အထီးကျန်နေမိတယ်လို့ ထင်စေမိတာဟာ
ကိုယ့်ကို ဂရုမစိုက်တဲ့သူတွေအတွက်
အလေးထား၊ အချိန်တွေပေးမိလို့ပါ
တစ်နည်းပြောရရင် ရင်ထဲထည့်ထားမိလို့ပါ

ကျွန်တော့ဘက်မှာ အမြဲရှိနေပေးတဲ့သူတွေကို
ပြန်ပြီး ဂရုစိုက်… နွေးထွေးကြင်နာမိတဲ့အခါ၊
စကား စ,မြည်ပြော၊ ရယ်မောမိကြတဲ့အခါ…..

ကျွန်တော်ဘာလို့ အထီးကျန်နေအံုးမှာလဲ

တခါတ​လေ မှာ
ကိုယ်​ကသူတို့အ​ကြောင်​းစိတ်​ဝင်​တစားမစပ်​စု​ပေမဲ့
ကိုယ်​့ကိုစိတ်​ဝင်​တစားနဲ့လိုက်​စပ်​စု​နေတဲ့သူ​တွေ
ရှိတယ်​။
ကိုယ်​လုပ်​သမျှထိုင်​ကြည်​့ပြီး​ဘေးထိုင်​ဘု​ပြော​နေ
တတ်​တဲ့သူ​တွေအတွက်​က်​ိုယ်​့ရဲ့တန်​ဖိုးရှိတဲ့အချိန်​
​တွေကိုအဆံုးရှုံးမခံပါနဲ့။

image
Google

ကိုယ်​့ကိုမုန်​းတဲ့လူ​တွေ​ကြောင်​့
စိတ်​ရှုပ်​မခံပါနဲ့။

ကိုယ်​​အောင်​မြင်​မှာကိုမနာလိုဖြစ်​​နေတဲ့သူ​တွေ​
​ကြောင်​့ကိုယ်​့​ခြေလှမ်​း​တွေကို​နောက်​မတွန်​့ပါနဲ့။

ဘဝဆိုတာအတိုက်​အခိုက်​​တွေများ​လေ​လေ
​အောင်​မြင်​မှုပန်​းတိုင်​​ရောက်​ဖို့နီးကပ်​လာ​လေ​လေပါ။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Congratulations! This post has been upvoted from the communal account, @minnowsupport, by zarchi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.